Posted: November 17, 2016
တူရကီ အခြေစိုက် Karpower ကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အား ၄၈၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနိုင်သော ရေပေါ်ဓာတ်အားပေး သင်္ဘော တစ်စီး တူရကီမှ ရန်ကုန်သို့ ယခုနှစ် ဧပြီလအတွင်း ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်္ဘောသည် သီလဝါ ဆိပ်ကမ်းတွင် ဆိုက်ကပ်၍ ရန်ကုန်မြို့အတွက် တစ်နေ့လျှင် ၃၀၀ မဂ္ဂါဝပ်နှုန်းဖြင့် ၅ နှစ်ကြာ ဓာတ်အား ပေးသွားမည် ဖြစ် သည်။ ရေပေါ်ဓာတ်အားပေး သင်္ဘောအနေဖြင့် ၂၀၁၇၊ ဧပြီလအစောပိုင်း တွင် လျှပ်စစ်ဓာတ်အား ထုတ်ပေးနိုင်မည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ဓာတ်အားခ ၁ မဂ္ဂါဝပ်လျှင် အမေရိကန်ဒေါ်လာ ၁၁၂.၂၄ ကျသင့်မည် ဖြစ်ကြောင်းလည်း သိရသည်။
စွမ်းအင်လိုအပ်ချက်အတွက် တင်ဒါ ခေါ်ရာတွင် ကုမ္ပဏီ ၆ ခု လျှောက် ထားခဲ့ပြီး အစိုးရက နှစ်ခုသာ ရွေးချယ်ခဲ့ခြင်း ဖြစ်ပြီး တူရကီ အခြေစိုက် Karpower ကုမ္ပဏီ က တင်ဒါအောင်မြင်ခဲ့ခြင်းလည်း ဖြစ်သည်။ ရန်ကုန်မြို့၏ ဓာတ်အားသုံးစွဲမှုသည် မြန်မာတစ်နိုင်ငံလုံး၏ ထက်ဝက်မျှရှိပြီး တစ်နေ့လျှင် ၁၂၀၀ မဂ္ဂါဝပ်နီးပါး ရှိသည်။
The Ladies News
No comments:
Post a Comment