တစ်ပြည်လုံး၌ အန္တရာယ်ရှိသော ပညာရေးအ ဆောက်အအုံခြောက်ထောင်ခန့် ရှိကြောင်း ပညာရေးဒုဝန်ကြီးဦး ၀င်းမော်ထွန်းက နိုဝင်ဘာ ၁၆ ရက်တွင် ကျင်းပသောအမျိုးသား လွှတ်တော်အစည်းအဝေး၌ ပြောကြားသည်။
ပညာရေးဝန်ကြီးဦးဆောင် ပြီး ညွှန်ကြားရေးမှူးချုပ်များကို အပတ်စဉ်တစ်ပြည်လုံးတွင်လက် လှမ်းမီရာတိုင်းဒေသကြီးနှင့် ပြည် နယ်များရှိ အန္တရာယ်ရှိအဆောက် အအုံ၊ ဥပဓိရုပ်မကောင်းသည့် ပညာရေးအဆောက်အအုံနှင့် ပြု ပြင်ရန်လိုအပ်သည့်အဆောက်အ အုံများကို ကွင်းဆင်းကြည့်ရှုပြီး ဖြစ်ကြောင်း ဒုဝန်ကြီးက ပြော သည်။
‘‘ကျွန်တော်တို့ ပညာရေးဝန် ကြီးဌာနအနေနဲ့ လွှတ်တော်ကို မိဘလို သဘောထားပြီးအလွတ် သဘောတင်ပြရရင် ကွင်းဆင်း ကြည့်ရှုပြီးအန္တရာယ်ရှိ ပညာရေး အဆောက်အအုံအဖြစ်ပြင်ဆင် ဖို့ လိုအပ်တဲ့အဆောက်အအုံ ဟာ ခြောက်ထောင်လောက်ရှိပါ ကြောင်း တင်ပြအပ်တယ်’’ဟု ၎င်းကပြောသည်။
ယခုတင်ပြသည့် ဆောင် ရွက်ချက်များအားလုံးသည် လာ မည့် ၂၀၁၇-၁၈ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်လျာထားဆောင်ရွက်ရမည့်ကိစ္စများဖြစ်ကြောင်း ဒုဝန်ကြီးက ဆိုသည်။
‘‘ဒီဘတ်ဂျက်လျာထား ဆောင်ရွက်မှုကိုလည်း ဥက္ကဋ္ဌကြီး နဲ့ ကိုယ်စားလှယ်များက၀ိုင်းဝန်း စောင့်ရှောက်ပေးပါရန်မေတ္တာ ရပ်ခံပါတယ်။ ဒီလျာထားချက် တွေအားလုံးသည် အမျိုးသား လွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်ထောင်စုလွှတ်တော်များက ကျွန်တော်တို့ကို တာဝန်ပေးမှ၊ ခိုင်းမှဖြည့်ဆည်းဆောင်ရွက်နိုင် မှာဖြစ်ပါတယ်’’ဟု ၎င်းကပြော ကြားသည်။
No comments:
Post a Comment