Thursday, November 17, 2016

ဘင်္ဂါလီ အကြမ်းဖက်သမားတွေလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတ်မှတ်ခေါ်ဝေါ်ပြီ

မောင်တောနယ်မြေမှာ ဖြစ်ပွားနေတဲ့အကြမ်းဖက်လှုပ်ရှားမှုတွေကို ပြုလုပ်နေသူတွေဟာ ဘင်္ဂါလီအကြမ်းဖက်သမားတွေလို့ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနက သတ်မှတ်ခေါ်ဝေါ် ပြောဆိုလိုက်ပါတယ်။

နိုဝင်ဘာလ ၁၆ ရက်နေ့ ဒီနေ့မှာ ထုတ်ပြန်တဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီရဲ့ သတင်းထုတ်ပြန်ချက်မှာ အဲဒီလိုခေါ်ဝေါ်သတ်မှတ်လိုက်တာဖြစ်ပါတယ်။

ဘင်္ဂါလီအကြမ်းဖက်သမားတွေအနေနဲ့ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့တွေအပေါ် အထင်အမြင်လွဲမှားစေဖို့ လုပ်ဆောင်တာဖြစ်ပြီး ကျေးရွာတွေကို မီးရှို့ဖျက်ဆီးပြီး နိုင်ငံတကာက အထောက်အပံ့တွေ ရရှိအောင် လုပ်ကြံဖန်တီးနေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒီလိုလုပ်ကြံဖန်တီးမှုတွေကို မီဒီယာအချို့နဲ့ ချိတ်ဆက်ပြီး လိမ်လည်သတင်းဖြန့်ချိနေတာဖြစ်ကြောင့် သက်ဆိုင်ရာက နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုတွေကို အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်သွားမယ်လို့ ပြောဆိုထားပါတယ်။

No comments: