Thursday, November 17, 2016

ထွေအုပ်ကတော်များအား ပေးထားသည့် မိခင်နှင့်ကလေးစောင့်ရှောက်ေ၇းအသင်း ရာထူးများကို ပြင်ပပုဂ္ဂိုလ်များ ခန့်အပ်နိုင်ရေး ပြင်ဆင်မည်ဟု ၀န်ကြီးပြော

 အထွေထွေအုပ် ချုပ်ရေးမှူးများ၏ ကတော်များအား ပေးထားသည့်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၏ ကြီးကြပ်ရေးဥက္ကဋ္ဌနေရာတွင် အစိုးရနှင့် မပတ်သက်သည့်စေတနာ့ဝန်ထမ်းများကို ခန့်အပ်နိုင်ရန်လုပ်ထုံးလုပ်နည်းများ  ပြင်ဆင်မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

ကျန်းမာရေးနှင့် အားကစား ၀န်ကြီးဒေါက်တာမြင့်ထွေးက နို ၀င်ဘာ ၁၆ရက်တွင် ကျင်းပသော အမျိုးသားလွှတ်တော်၌ ပြော ကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း၏သက် ဆိုင်ရာဥက္ကဋ္ဌအဆင့်ဆင့်နေရာ များနှင့် ဗဟိုကောင်စီဝင်နေရာ များကိုအစိုးရနှင့် မပတ်သက်သည့်ပရဟိတစေတနာ့ဝန်ထမ်း  နှင့်စိတ်ဝင်စားသော အငြိမ်းစား ၀န်ထမ်းများအား ခန့်အပ်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

အထူးသဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် လူမှုဝန်ထမ်းအ ငြိမ်းစားများကို ဦးစားပေးမည်ဖြစ် ကြောင်း ၀န်ကြီးကပြောသည်။

‘‘ဥပဒေအရ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လုပ်ပိုင် ခွင့် တာဝန်အတွင်းမှာအထူးသ ဖြင့် ဗဟိုကောင်စီဝင်များကို ပြောင်းလဲဖွဲ့စည်းရန် စီစဉ်လျက် ရှိရာ မကြာခင်ပြီးစီးပါတော့မယ်’’ ဟု ၀န်ကြီးကပြောသည်။

ပြည်သူလူထုကို ကိုယ်စားပြု  သောပြည်သူများက ဆောင်ရွက် နိုင်ရန် မြန်မာနိုင်ငံမိခင်နှင့် က လေးစောင့်ရှောက်ရေးအသင်း ဥပဒေနှင့်လုပ်ထုံးလုပ်နည်းများကို ရှေ့နေချုပ်ရုံး၏ အကြံပြုချက်များရယူပြီး သုံးသပ်ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း ၀န်ကြီးက ပြောသည်။

  ‘‘မကြာခင်အစိုးရအဖွဲ့နဲ့ လွှတ်တော်ကို တင်ပြမှာဖြစ်ပါ တယ်’’ဟု ၎င်းကပြောသည်။

၁၉၉၀ပြည့်နှစ်က ပြဋ္ဌာန်းခဲ့ သော မိခင်နှင့်ကလေးစောင့် ရှောက်ရေးဥပဒေအရ အသင်းဥက္ကဋ္ဌအဖြစ် အထွေထွေအုပ်ချုပ် ရေးမှူးများ၏ ဇနီးများက တာဝန် ယူရခြင်းဖြစ်သည်။

7 day

No comments: