၁၈..၁၁..၁၆
-
မန္တလေးတိုင်းဒေသကြီး အပါအဝင် နိုင်ငံတစ်ဝန်း လျှပ်စစ် မီးခက်ခဲ
သော ကျေးရွာများတွင် ဆိုလာဓာတ်အားပေးစနစ်ဖြင့် အိမ်သုံးနှင့် လုပ်
ငန်းသုံး လျှပ်စစ် မီးများ ဖြန့်ဖြူးမည်ဟု မန္တလေးအ ခြေစိုက် ပါဝါမန်း
လျှပ်စစ်ဓာတ် အား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီမှ သတင်းရရှိသည်။
-
‘‘ကျွန်တော်တို့ ဖြန့်ဖြူးပေး မယ့် ဓာတ်အားပေးစနစ်က အိမ် တစ်အိမ် ဆိုလာပြားတစ်ခုနှုန်းနဲ့ ဖြန့်ပေးထားတဲ့ ပုံစံမျိုးမဟုတ်ပါ ဘူး။ မီးမရတဲ့ ကျေးရွာတွေက သူ တို့ဆီမှာ လျှပ်စစ်မီးဖြန့်ပေးဖို့ လာ ဆက်သွယ်ရင် ဓာတ်အားလိုင်းအ ရှည်ကြီး သွယ်တန်းနေစရာမလို ဘဲ ဆိုလာစနစ်နဲ့ ဓာတ်အားပေး တဲ့ စက်ရုံတစ်ခုကို သူတို့ရွာမှာပဲ ဆောက်ပြီး လျှပ်စစ်
ဓာတ်အား ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်’’ ဟု ပါဝါမန်း လျှပ်စစ်
ဓာတ်အား ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ တာဝန်ခံ အင်ဂျင်နီယာ ဦးတင်ချစ်က ရှင်းပြသည်။ ကျေးရွာများသို့ ဖြန့်ဖြူးပေးမည့် ဆိုလာ
လျှပ်စစ်ဓာတ်အားပေးစနစ်သည် အစိုးရက ဖြန့်ဖြူးပေးနေသည့် လျှပ်စစ်ဓာတ်အား စနစ်များအတိုင်း အိမ်သုံးအနေ ဖြင့် တီဗီ၊ အဲကွန်း၊ ရေခဲသေတ္တာ များအထိ အသုံးပြုနိုင်မည်ဖြစ် သကဲ့သို့ လုပ်ငန်းသုံး မော်တာများ လည်ပတ်နိုင်သည်အထိ ဓာတ် အားဖြန့်ဖြူးပေးနိုင်မည်ဟု ဆို သည်။
-
‘‘အစိုးရကပေးတဲ့ လျှပ်စစ် မီးတွေအတိုင်း ဆန်စက်တွေအ ထိလည်ပတ်
လို့ရအောင် လုပ် ပေးသွားမယ်။ အသုံးပြုခနှုန်းထား ကတော့ ကျေးရွာ
အနီးအဝေး၊ အိမ်ခြေအနည်းအများအပေါ် မူ တည်ပြီး စက်ရုံ
တည်ဆောက်မှု ကုန်ကျစရိတ်မတူတဲ့အတွက် ရွာ တစ်ရွာနဲ့တစ်ရွာ အသုံးပြုခမတူပါဘူး။ အကြမ်းအားဖြင့်တော့ လက်ရှိ အစိုးရကောက်ခံ
နေတဲ့ နှုန်းထားထက် နည်းတဲ့ဈေးနဲ့ ဖြန့်ဖြူးပေးမှာပါ’’ဟု ဦးတင်ချစ်က ပြောသည်။ လက်ရှိတွင် ကနဦးစီမံချက်အနေဖြင့် စဥ့်ကိုင်မြို့နယ်ရှိ ကျေးရွာတစ်ခုတွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ရန် စတင်
လုပ်ဆောင်နေပြီဖြစ် ကြောင်း သိရသည်။
==============
7Day News Journal
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, November 18, 2016
နိုင်ငံတစ်ဝန်းရှိ လျှပ်စစ်မီးခက်ခဲသော ကျေးရွာများတွင်ဆိုလာ ဓာတ်အားပေးစနစ်ဖြင့် လျှပ်စစ်ဖြန့်ဖြူးမည် =========================
Subscribe to:
Post Comments (Atom)
No comments:
Post a Comment