Friday, November 18, 2016

NLD ခေါင်းဆောင်များအနေဖြင့် အတွေ့အကြံနည်းပါးမှုကြောင့် အမှားအယွင်းများ ရှိနိုင်ဟု ဆို


၁၈..၁၁..၁၆
-
NLD ခေါင်းဆောင်များက ယင်းတို့အနေဖြင့် အမှားအယွင်းရှိပါက သဘောထားနိမ့်ကျမှုကြောင့် မဟုတ်ဘဲ အတွေ့အကြုံနည်းပါးမှုကြောင့်သာ ဖြစ်သည်ဟု ပြောကြားကြောင်း စင်ကာပူသတင်းဌာန Today နှင့် Channel News Asia တို့က ဖော်ပြထားသည်။
-
ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက “အတွေ့
အကြုံနည်းပါးမှု။ ဒီမိုကရေစီအတွက် ဥပဒေပိုင်း အားနည်းမှု၊ အထူးသဖြင့် အခြေခံဥပဒေဆိုင်ရာ အားနည်းမှုတွေကြောင့် အခု အခြေနေက လုံလောက်
တဲ့ ကောင်းမွန်မှု မရှိသေးပါဘူး” ဟု ပြောသည်။
-
“လူတွေက ကျွန်တော်တို့ကို အရာအားလုံး မြန်မြန်ဆန်ဆန် လုပ်စေချင်
ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မလုပ်နိုင်ပါဘူး။ ကျွန်တော်တို့က အမျိုးသားရင်ကြားစေ့ရေးကို ဦးစားပေးအဖြစ် ရွေးချယ်ထားပြီး စစ်တပ်နဲ့ အခြားဗျူရိုကရက်တွေ ကျွန်တော်တို့နဲ့ လက်တွဲလာဖို့ ကြိုးစားနေပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆိုသည်။
-
အစိုးရအပေါ် လွတ်လပ်စွာဝေဖန်နိုင်ခွင့်နှင့် ပတ်သတ်၍ မေးမြန်းရာတွင် ဦးဉာဏ်ဝင်းက “ကျွန်တော်တို့နိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို ကန့်သတ်တဲ့ ဥပဒေ အများအပြားရှိခဲ့ပြီး ကျွန်တော်တို့ အဲဒီဥပဒေတွေကို သိသိသာသာ လျှော့ချခဲ့ပါတယ်။ အခုဆိုရင် ဆန္ဒဖော်ထုတ်ဖို့ ခွင့်ပြုချက်
ယူစရာ မလိုတော့တဲ့အတွက် ဥပဒေက အတော်လေး လှုပ်သာရှားသာ ဖြစ်လာပါပြီ” ဟုဖြေကြားသည်။
-
အသက် ၆၈ နှစ်ရှိ အငြိမ်းစား သင်္ဘောသားဟောင်း ဦးသိန်းမောင်က အစိုးရသစ်သည် ခြစားမှုမရှိဘဲ ပိုမိုထိရောက်မှုရှိလာသည်ဟုဆိုသည်။ ယင်းက “အခုအစိုးရက အလွန်ကောင်းပါတယ်” ဟုပြောသည်။ထို့အပြင် တန်ဖိုးနည်းအိမ်ယာ စီမံကိန်းများ၊ စက်ရုံသစ်များမှ အလုပ်အကိုင်အခွင့်
အလမ်းများကြောင့် လူနေမှုအခြေအနေ ပိုမိုကောင်းမွန်လာသည်ဟု ဦးသိန်းမောင်ကဆိုသည်။
-
အသက် ၃၆ နှစ်ရှိ ယာဉ်မောင်း ဦးနေကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်၏ ဆောင်ရွက်မှုများကို နားလည်သော်လည်း NLD အနေဖြင့် ထောက်ခံမှု အများအပြားရရှိရန် လိုအပ်နေသည်ဟု ဆိုသည်။ယင်းက “အထူးသဖြင့် မူဝါဒ ချမှတ်တဲ့ အပိုင်းပါ။ NLD အစိုးရရဲ့ အားနည်းချက်က ကွဲပြားတဲ့ ပြဿနာ
တွေအတွက် ပြည့်စုံတဲ့မူဝါဒ မရှိဘူးလို့ ထင်ပါတယ်”ဟု ပြောကြားသည်။
-
အသက် ၄၉ နှစ်ရှိ လမ်းဘေးဈေးသည် ဒေါ်ခင်ခင်မော်က အစိုးရသစ်
လက်ထက်တွင် လွတ်လပ်မှု ပိုရှိလာသည်ဟု ခံစားရပြီး အာဏာပိုင်များ
နှင့်ဆက်ဆံရာတွင် စိုးရိမ်ကြောက်လန့်ရမှု မရှိတော့ဟု ဆိုသည်။ ယခုအခါ ဝန်ထမ်းများကို လာဘ်ပေးရန်မလိုတော့ဟု ဒေါ်ခင်ခင်မော်က ဆိုပြီး နောက်ထပ်ပြောင်းလဲမှုများအတွက် အချိန်ယူရမည်ကို နားလည်သည်ဟု ပြောကြားသည်။
-
ယင်းက ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အစိုးရသည် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးကာ ဝင်ငွေတိုးတက်စေမည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။ ထို့အပြင် သူ၏နေ့စဉ်ဝင်ငွေမှာ ၁၀၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိသာ ရှိသော်လည်း ရွေးကောက်ပွဲပြီးကတည်းက လုပ်ငန်းပိုမို
ကောင်းမွန်လာသည်ဟု ဆိုသည်။
=============
The Ladies News

No comments: