Wednesday, November 16, 2016

မော်လမြိုင်မြို့ရဲ့ တော်တော်ဆိုးရွားတဲ့ ဥပဒေမဲ့ ဖြစ်စဉ်ပါ --------------------


16.11.2016 ; နံနက် 2:00 AM အချိန်ခန့် မော်လမြိုင်မြို့ မရမ်းကုန်းရပ်ကွက် ကမ်းနားလမ်းနှင့် သူဇာလမ်းထောင့်
အိမ်အမှတ် (၁) နေအိမ်ရှေ့ ကမ်းနားလမ်းဘက်တွင်
ရပ်ထားသော ကားနှစ်စီးအား မည်သည့်ရန်ငြိုးရန်စမှ
မရှိပဲ မူးရူးရမ်းကားသည့် လူငယ်တစ်ဦးမှ ဆိုင်ကယ်ဖြင့်
ရောက်လာပြီး အသလွတ် ရိုက်ခွဲသွားသည့် ဖြစ်စဉ်ဖြစ်ပွား ခဲ့ပါတယ်။

ရိုက်ခွဲသွားသည့်ကားက သာမန်အံစာတုံးကား တစ်စီး အပြင် မော်လမြိုင်မြို့ရဲ့ အရေးပေါ် လူမှု့ကယ်ဆယ်ရေး အတွက် အထောက်အကူ ပြုနေတဲ့ အေးမြကြည်လင် အရေးပေါ် လူနာတင်ကား ပါ ပါဝင်နေလို့ပါပဲ။ တော်တော် မိုက်ရိုင်းပါတယ်။ ကားနှစ်စီး လုံးရဲ့ မှန်တွေကိုရော ကားတွေကိုပါ အရက်ကြောင် ကြောင်ပြီး ရိုက်ခွဲသွားတာပါ။ ဒါအပြင် ကျိုက်သုတ်ဘုရား ပွဲခင်းထဲမှာလည်း သောင်းကျန်းခဲ့တယ်လို့ သိရပါတယ်။ သူများ ဆိုင်ကယ်ကိုလည်း ရိုက်ခွဲခဲ့တယ်လို့ သိရပါတယ်။

ပထမ ကားတွေကို ရိုက်ခွဲနေတယ်။ အိမ်ရှင်က အသံကြားလို့ အပေါ်ထပ်က အော်တော့ ထွက်ပြေး သွားပါတယ်။ အိမ်က သုံးထပ်ဆိုတော့ တော်ရုံဆင်းဖို့ အဆင်မပြေဘူး။ အောက်ဆင်းဖို့ ပြင်ဆင်နေတဲ့ အချိန် မှာ ခဏက ထွက်သွားတဲ့ ရမ်းကား ဆိုင်ကယ်သမားက မန္တလေးအသားကင် (၂) (ယခု BBQ) ဆိုင်ရှေ့ အရောက်မှာ ပြန်လှည့်လာပြီး ကားတွေကို လာပြန်ထုပါတယ်။ ပြီးတော့ ဆိုင်ကယ် မောင်းပြေးသွားပါတယ်။

အိမ်ရှင်က ဆင်းလာပြီး ဖုန်းတွေဆက်၊ ရင်းနှီးမှု့ အတိုင်းအတာအရ ကျွန်တော်ဆီအပါအဝင် မော်လမြိုင်လူမှု့ကယ်ဆယ်ရေး  Rescue အဖွဲ့ရုံးသို့ လည်း ဖုန်းဆက် လာပါသဖြင့် ကျွန်တော်နဲ့ Rescue အဖွဲ့သားတွေ အခင်းဖြစ် နေရာကို ထွက်ခွာခဲ့ပါတယ်။ အိမ်ရှင်ကတော့ ကားတစ်စီးနဲ့ ထုသွားတဲ့ ဆိုင်ကယ်ကို လိုက်ရှာနေပါတယ်။

ကျွန်တော်တို့လည်း ရောက်ရောက်ခြင်း ဥပဒေမဲ့ ရမ်းကား ဖြစ်စဉ်အား သုံးသပ်ပြီး အိမ်ရှင်နှင့် အတူ ဖုန်းအဆက်အသွယ် ပြုလုပ်ကာ တာဝန်ရှိ မြို့မရဲစခန်း  နှင့် ဒုစခန်းမှုး ကျိုက်သုတ်ဘုရား ပွဲခင်းထဲ လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် မရမ်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုး မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် အပိုင်နယ်ထိန်းနှင့် တပ်ဖွဲ့ဝင်များထံ ဆက်သွယ်ပြီး အခင်းဖြစ် နေရာ၌  စောင့်ဆိုင်းနေစဉ် ရမ်းကား ထုခွဲသွားသူ ဆိုင်ကယ်သမားမှ ကမ်းနားလမ်း အခင်းဖြစ်နေရာ အိမ်ရှေ့သို့ ဆိုင်ကယ်ဖြင့် ပြန်လည် ရောက်ရှိလာပြီး (သုံးသပ်ချက်အရ ထပ်မံလာထုခွဲ ရမ်းကားရန်ဟု ယူဆရ) အိမ်ရှိ မိသားစုဝင်များမှ ၄င်းဆိုင်ကယ် သမားပဲဟု အော်ပြောစဉ် ဆိုင်ကယ်မှာ မောင်းပြေးသွားပါသည်။

ကျွန်တော် Zin Moe အပါအဝင် မော်လမြိုင် Rescue အဖွဲ့သားများမှ သိသိချင်း ဆိုင်ကယ်/ကားတို့ဖြင့် မောင်းလိုက်ရာ အဆိုပါ ဆိုင်ကယ်သမားမှာ မော်လမြိုင် တိုးချဲ့ကမ်းနားလမ်း ငွေမိုးဟော်တယ် ဆောက်လုပ်ရေး ဝင်းအတွင်း မောင်းဝင်သွားသည်ကို တွေ့ရှိရသဖြင့် ဆိုင်ကယ် အသာလေးရပ် ကားအသာလေးရပ်ပြီး ပြစ်မှု့ ကျုးလွန်သူအား လက်ရဝင်ရောက် လုံးထွေး ဖမ်းဆီး ရမိခဲ့ပါသည်။

အချိန်နှင့် တပြေးညီပင် မြို့မရဲစခန်း ဒုစခန်းမှုးနှင့် နယ်ထိန်းခေါင်းဆောင် နယ်ထိန်းတပ်ဖွဲ့ဝင်များ ရောက်ရှိ လာပြီး တရားခံအား စခန်းသို့ ခေါ်ယူ ထိန်းသိမ်း နိုင်ခဲ့ပါတယ်။ လောလောဆယ် တရားခံအား ဘာမှ မေးလို့မရသေးသဖြင့် နောက်ဆက်တွဲ အဖြစ် စောင့်မျှော်ရန်သာ။

အိမ်ရှင်မှ ကနဦးတိုင်ချက် ဖွင့်လှစ်ထားပြီးဖြစ်ပါကြောင်း။

Zin Moe (ဟန်ကို)

No comments: