#AlsoInNews
သေကြောင်းကြံရန် အထပ် ၂၀မှခုန်ချလာသူကြောင့် ကိုရီးယားတွင် လမ်းသွားလမ်းလာတစ်ဦးသေဆုံး
------------------------------------------------
မိမိကိုယ်ကိုယ်သေကြောင်းကြံစည်တာ အများအတွက်လည်း မကောင်းဘူးဆိုတာကို ယခုသတင်းက သက်သေပြနေပါတယ်။ ကိုယ့်လမ်းကိုယ် သွားနေရာက လူပေါ်ကို လူကြီးပြုတ်ကျလာပြီး ထိခိုက်သေဆုံးရတဲ့အဖြစ်ဟာ စိတ်မကောင်းဖြစ်စရာလည်း ကောင်းသလို စိတ်တိုစရာလည်း ဖြစ်နေပါတယ်။
ဖြစ်စဉ်က ဒီလိုပါ။ ကိုရီးယားကျောင်းသားတစ်ဦးဟာ အထပ် ၂၀ က တိုက်ခန်းကနေ ခုန်ချလိုက်ရာမှာ ကိုယ်ဝန်ဆောင်ဇနီးသည်၊ သားတစ်ယောက်နဲ့အတူ လမ်းသွားနေတဲ့ အမျိုးသားတစ်ဦးပေါ်ကျပြီး ထိုအမျိုးသား ကွယ်လွန်သွားခဲ့ရပါတယ်။
တောင်ကိုရီးယားနိုင်ငံ တောင်ပိုင်းမြို့ ဂွမ်ဂျူးမှာ အဆိုပါ ဖြစ်စဉ် ဖြစ်ပွါးခဲ့တာပါ။ အသက် ၃၈ နှစ်အရွယ် အစိုးရဝန်ထမ်းအမျိုးသားဟာ အလုပ်ကပြန်လာစဉ် ၂၅ နှစ်အရွယ် ကျောင်းသားတစ်ယောက် လူပေါ်ပြုတ်ကျလာရင်း သေဆုံးရတာပါ။
သူလမ်းသွားနေစဉ်မှာ ကိုယ်ဝန် ၈လလွယ်ထားတဲ့ အမျိုးသမီးနဲ့ ငါးနှစ်သား ကလေးတစ်ယောက်လည်း ဘေးမှာပါဝင်ပါတယ်။ ထိုလူနှစ်ယောက်လုံးကို အနီးအနားဆေးရုံကို ပို့ခဲ့ပေမဲ့ နှစ်ဦးလုံး အသက်မရှင်ခဲ့ပါဘူး။ သေသွားတဲ့ ကျောင်းသားကို လူသတ်မှုနဲ့ပါ ရဲစခန်းက စွဲချက်တင်ထားပါတယ်။
သေကြောင်းကြံစည်ခြင်းဟာ လူငယ်ဘ၀ ဖိအားတွေများတဲ့ တောင်ကိုရီးယား နဲ့ ဂျပန်တို့မှာ မကြာခဏကြားရတဲ့ သတင်းတွေ ဖြစ်ပါတယ်။
Ref: UPI
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, June 2, 2016
သေကြောင်းကြံရန် အထပ် ၂၀မှခုန်ချလာသူကြောင့် ကိုရီးယားတွင် လမ်းသွားလမ်းလာတစ်ဦးသေဆုံး
ဒါက ဒီလိုရှိတယ်..
ဒါက ဒီလိုရှိတယ်..
-----------------------
၂ လ- ၂လထဲနဲ့ ပြောင်းလဲအောင် လုပ်ပြရအောင် အမေက တန်ခိုးရှင် မဟုတ်ဘူး
( အရင်ကတော့ သူတို့ပဲ ကွမ်ရင်မယ်တော် ပြောလိုပြော၊ နတ်ဘုရားမ ပြောလိုပြော၊ စကြာဝဠာ မိခင်ပြောလိုပြော)
၃ လ- ရက် တစ်ရာ စီမံကိန်းဆိုတာ အခြေတည်တာပဲ ရှိတာကွ၊ ရက် တစ်ရာနဲ့ သိကြားမင်းတောင် မလုပ်နိုင်ဘူးကွ :3
တစ်နှစ်- မင့်အဘ တွေ နှစ် ၂၀ လောက် ဖျက်ဆီးလာတာကို အမေ က တစ်နှစ်နဲ့ ပြန်ပြင်လို့ ရမလားကွ
၃ နှစ် - ဒီလိုနိုင်ငံက ဒီလို လူမျိုးတွေ ရဲ့ စောက်ချိုး တွေနဲ့ ဒီမို ကရေစီ ဆိုတာကြီးကို မုဆိုးမအိုကြီးက ဖော်ဆောင်ပေးနေရတာ ၃ နှစ်ဆိုတဲ့ အချိန်ဆိုတာ အရမ်းနည်းလွန်းတယ်ကွ
၎ နှစ် - ဖိအားအမျိုးမျိုးကြားက လုပ်နေရတာ၊ ကိုယ့်ပြည်သူက စောက်ကျင့်ကောင်းတာမဟုတ်ဘူး၊ မင့်တို့ အဘတွေကလည်း လုပ်ချင်တိုင်းလုပ်သွားတာ၊ ပြည်သူတွေ စိတ်ဓာတ်မကောင်းသမျှတော့ ဘယ်သူ လာအုပ်ချုပ် အုပ်ချုပ် ဘာမှမတိုးတက်ဘူးကွ၊ အမေ့ကိုလည်း သနားကြအုံး
၅ နှစ် - မင့်တို့ အဘတွေ လိုက်ညစ်နေလို့ ခရီးမပေါက်တာကွ၊ ဇရှိရင် နောက်ထပ် ၅ နှစ် သက်တန်းအတွက် မဲထည့်လိုက်လေ အမေဘယ်လို လုပ်ပြမလဲ စောင့်သာကြည့်လိုက်...
နေအုံး.....မီးပြတ်သွားလို့ နောက်မှ ဆက်ရေးမယ် ဒါဗြဲ...
ထူးဝေ
ဖောက်လွဲဖောက်ပြန် ဂျာနယ်လစ်များကို သတ်ဖြတ်ခြင်းမှာ တရားသည်ဟု ဖိလစ်ပိုင်သမ္မတဆို ------- ------- -------
ဖောက်လွဲဖောက်ပြန် ဂျာနယ်လစ်များကို သတ်ဖြတ်ခြင်းမှာ တရားသည်ဟု ဖိလစ်ပိုင်သမ္မတဆို
------- ------- -------
ပြီးခဲ့သည့် အင်္ဂါနေ့က ကျင်းပသည့် ကက်ဘိနက်ဝန်ကြီးအဖွဲ့သစ်နှင့် မိတ်ဆက် သတင်းစာရှင်းလင်းပွဲတွင် သမ္မတဒူတာတေးက ဖိလစ်ပိုင်နိုင်ငံတွင် သတင်းယူယင်း အသတ်ခံရသူ ဂျာနယ်လစ်များမှာ ကလိန်ကကျစ်များ ဖြစ်ကြကြောင်း ပြောသည်။
“ခင်ဗျားက ကလိန်ကောင်ဖြစ်နေရင် ဂျာနယ်လစ် ဖြစ်နေပေမယ့်လည်း အသတ်မခံရဘူးလို့တော့ မထင်နဲ့။ မဟုတ်တာ တစ်ခုခုလုပ်ထားရင် လွတ်လပ်စွာ ပြောဆိုခွင့်ဆိုတာကြီးက ခင်ဗျားကို မကယ်နိုင်ဘူးဗျ” ဟု သမ္မတကဆိုသည်။
ပြီးခဲ့သည့် သောကြာက မှုခင်းသတင်းထောက်တစ်ဦး ပစ်သတ်ခံရအပြီး သတင်းလွတ်လပ်ခွင့်နှင့် ပတ်သက်၍ မည်သို့ကာကွယ်မည်ကို သိလိုကြောင်း မေးခွန်းကို ယင်းက အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ဖိလစ်ပိုင်အမျိုးသား ဂျာနယ်လစ်သမဂ္ဂက သမ္မတ၏ အပြောကို မဆိုင်းမတွတုံ့ပြန်ခဲ့သည်။ “ သတင်းထောက်တွေ အသတ်ခံရတာ ဘယ်နည်းနဲ့မှ တရားမျှတတယ် မခေါ်နိုင်ဘူး” ဟု သမဂ္ဂက သတင်းထုတ်ပြန်သည်။
ဖိလစ်ပိုင်မှာ ကမ္ဘာ့နိုင်ငံများအနက် ဂျာနယ်လစ်များအတွက် အသက်အန္တရာယ်အရှိဆုးံ နိုင်ငံဖြစ်ပြီး ၁၉၉၂ မှ ယခုအချိန်အထိ သတင်းထောက် ၇၇ ဦင်္းနှင့် ၁၉၈၈ မှ လက်ရှိအချိန်အထိ ယင်းတို့၏ လုပ်ဖော်ကိုင်ဖက် ၁၇၆ ဦး အသတ်ခံခဲ့ရကြောင်း သတင်းလွတ်လပ်ခွင့်အဖွဲ့က ဆိုသည်။
သမ္မတဒူတာတေး၏ သတင်းသမားများအပေါ် ဝေဖန်ချက်မှာ ယင်း၏အဂတိလိုက်စားမှုနှင့် ရာဇ၀တ်ကောင်များကို နှိမ်နင်းရေးလှုပ်ရှားမှုများ နောက်ပိုင်း နောက်ဆုးံထွက်ပေါ်လာမှု ဖြစ်သည်။ ယင်းက မကောင်းမှုများအတွက် သူ့ကိုယ်သူ အာဏာရှင်ဟု ကြွေးကြော်ခဲ့ပြီး အဂတိလိုက်စားမှုများကို မနှိမ်နင်းနိုင်ပါက ၆ လအတွင်း ရာထူးမှဆင်းပေးမည်ဟုလည်း ကြေညာထားသည်။
ရွှန်းတင့်
ref: cnn
The Ladies News
Wednesday, June 1, 2016
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်အေးနေပြီး အိမ်ငှားခ ဈေးနှုန်းများ မြင့်တက် ----- -----
မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအ၀ယ်အေးနေပြီး အိမ်ငှားခ ဈေးနှုန်းများ မြင့်တက်
----- ----- -----
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း အရောင်း အ၀ယ်အေးနေပြီး အိမ်ငှားခ ဈေးနှုန်းများသည် ၂၀၁၅ ခုနှစ်ထက် ကျပ်
နှစ်သိန်း နီးပါး မြင့်တက်လာကြောင်း မန္တလေးအိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရှိရသည်။
“အရောင်းအဝယ်ထက် အငှားလုပ်ငန်းကပိုပြီး အဆင်ပြေတယ်။ အငှားက လည်း နေရာနဲ့ အိမ်ကောင်းရင် ကောင်းသလို ဈေးနှုန်းတက် တာမျိုးရှိတယ်။ အဓိကကတော့ ကုန်ဈေးနှုန်း တက်တော့ အိမ်ခြံမြေ အငှားဈေး တွေပါ လိုက် တက်နေတာပဲ။ပိုင်ရှင်တွေကသူတို့ကြိုက်တဲ့ဈေးရမှငှားတယ်။မရရင်မငှား ပေးဘူး" ဟု မန္တလေးမြို့ရှိ အကျိုးတော်ဆောင် ဦးတင်လှိုင်က ပြောသည်။
မန္တလေးမြို့ရှိ အိမ်ဌားဈေးကွက်တွင် ၂၀၁၅ ခုနှစ်က သွပ်မိုး ထရံကာ အိမ် တစ်အိမ်ကို တစ်လငှားရမ်းခ ကျပ်ခုနစ်သောင်းသာ ရှိခဲ့သော်လည်း ၂၀၁၆ ခုနှစ်အတွင်း ကျပ်တစ်သိန်းဝန်းကျင်၊ ၂၀၁၅ ခုနှစ်တွင် လုံးချင်း RC တစ်လ ငှားရမ်းခမှာ ကျပ်သုံးသိန်းသာ ရှိခဲ့သော်လည်း လက်ရှိ ငါးသိန်းခန့် ဈေးပေါက်နေကြောင်း သိရသည်။
"ကျွန်တော်တို့ မန္တလေးမှာ အရောင်းအဝယ်က မတရားကိုအေးတယ်။ ပြီးခဲ့တဲ့နှစ်မတိုင်ခင် အရောင်းအဝယ်က မဖြစ်ဘူး။ အစိုးရအသစ်ကလည်း အပြောင်းအလဲရှိလာတော့ မြေကွက်ဝယ်မယ့်သူတွေကလည်း မဝယ်ရဲကြ သလို ရောင်းတဲ့သူကလည်းမရောင်းရဲဘူး”ဟုမန္တလေးမြို့မှဝါရင့် မြေ
အကျိုးဆောင် ဦးမြင့်ဆွေက ပြောသည်။
လက်ရှိ မန္တလေးမြို့ရှိ ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန် မြို့နယ်များ
တွင် အိမ်ခြံမြေ အငှား လုပ်ငန်းများ အများဆုံး အလုပ်ဖြစ်ကြောင်း အိမ်ခြံမြေ ဈေးကွက်မှ သိရသည်။
MMK
The Ladies News
ဟာရီကိန်းမုန်တိုင်းရာသီအတွက် ကြိုတင်ပြင်ဆင်ရန် အိုဘားမား သတိပေး
ဟာရီကိန်းမုန်တိုင်းရာသီအတွက် ကြိုတင်ပြင်ဆင်ရန် အိုဘားမား သတိပေး
Wednesday, June 1, 2016
အမေရိကန်နိုင်ငံမှာ ဟာရီကိန်းမုန်တိုင်း ရာသီမရောက်ခင် ကြိုတင် ပြင်ဆင်ကြဖို့ သမ္မတ ဘားရတ် အိုဘားမားက ပြည်သူတွေကို မေ ၃၁ ရက်နေ့က သတိပေးလိုက်ပါတယ်။
ဟာရီကိန်းမုန်တိုင်းတွေနဲ့ တခြား သဘာဝကပ်ဘေးတွေရဲ့ ခြိမ်းခြောက်မှုကို အရေးတယူ လုပ်ကြဖို့နဲ့ အဆင်သင့်ယူနိုင်တဲ့ အရေးပေါ် အသုံးအဆောင် ပစ္စည်းကိရိယာတွေ ပြင်ဆင်ထားဖို့၊ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး လမ်းကြောင်းတွေကို ဒေသခံ အာဏာပိုင်တွေက ဂရုစိုက်ကြဖို့လည်း အိုဘားမားက သတိပေးပါတယ်။
ကပ်ဘေးအတွက် ကြိုတင်ပြင်ဆင်ဖို့က နိုင်ငံသားတိုင်းရဲ့ တာဝန်ဖြစ်တယ်၊ ဒေသခံ အာဏာပိုင်တွေက ဘေးကင်းရာ ရွှေ့ပြောင်းခိုင်းရင် လုပ်ကို လုပ်ရမှာဖြစ်ပြီး မစောင့်နဲ့လို့ အိုဘားမားက ပြောပါတယ်။
လာမယ့် ဟာရီကိန်း မုန်တိုင်းရာသီအတွက် ပြည်ထောင်စု အရေးပေါ် စီမံခန့်ခွဲရေး အေဂျင်စီမှာ ကျင်းပတဲ့ လုပ်ငန်းစဉ် ညွှန်ကြားရေး အစည်းအဝေးမှာ ခုလို ပြောလိုက်တာပါ။
ဇွန် ၁ ရက်နေ့မှာ တရားဝင်စတင်တဲ့ ၂၀၁၆ ဟာရီကိန်းရာသီအတွက် အမျိုးသား သမုဒ္ဒရာနဲ့ လေထုဆိုင်ရာ စီမံအုပ်ချုပ်ရေးရုံးက အရင်အပတ်မှာ ဟောကိန်းထုတ်ခဲ့တာပါ။
လတ်တလော ဆယ်စုနှစ်တွေအတွင်း စုဆောင်းရရှိတဲ့ အချက်အလက်တွေနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်မှာ ဟာရီကိန်းမုန်တိုင်းဟာ ခါတိုင်းထက် နည်းနည်းပိုတဲ့ လှုပ်ရှားမှုတွေ ရှိလိမ့်မယ်လို့ ခန့်မှန်း ဟောကိန်းထုတ်ထားပါတယ်။
DVB
၃၂၉ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ
၃၂၉ ကြိမ်မြောက် အောင်ဘာလေ သိန်းဆုဖွင့်ပွဲ
သိန်း ၁၅၀၀ ဆု
ဓ ၇၀၂၈၅၂
============
သိန်း ၁၀၀၀ ဆု
ဆ ၉၄၃၆၅၁
ဠ ၈၃၄၇၈၂
============
သိန်း ၅၀၀ ဆု
မ ၉၀၈၀၇၈
ရ ၈၉၃၁၁၄
ကံထူး ကံကောင်း နိုင်ကြပါစေ
လှိုင်မြို့နယ် (၇) ရပ်ကွက် သံလမ်းတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦး ဓာတ်လိုက်သေဆုံး
လှိုင်မြို့နယ် (၇) ရပ်ကွက် သံလမ်းတွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ် တစ်ဦး ဓာတ်လိုက်သေဆုံး
Wednesday, June 1,2016
ရန်ကုန်တိုင်းဒေကြီး လှိုင်မြို့နယ် (၇) ရပ်ကွက်၊ သံလမ်းလမ်းမပေါ်တွင် မေ ၃၁ ရက် ည ၇ နာရီခွဲခန့်တွင် အသက် ၁၀ နှစ်အရွယ် ကလေးငယ်တစ်ဦး ဓာတ်လိုက် သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသည့် ကလေးငယ်သည် ဓာတ်တိုင်အောက် လမ်းပေါ်မှ လမ်း ဖြတ် လျှောက်စဉ် မြောင်းထဲသို့ ခြေချော်ကျရာမှ အပေါ်သို့ ပြန်လည် တက်ရောက်ရန် အတွက် ဓာတ်တိုင်ကို ကိုင်လိုက်စဉ် ဓာတ်လိုက်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မျက်မြင်တွေ့ခဲ့သူများ၏ ပြောကြားချက်အရ သိရသည်။
“ကလေးက ကျွန်တော်နဲ့ မြေးတော်ပါတယ်။ ကလေးက မြောင်းထဲကို ခြေတစ်ဖက် ချော်ကျသွားတယ်။ ချော်ကျတဲ့အချိန်မှာ အပေါ်ကို ပြန်တက်ဖို့ ဓာတ်တိုင်ကို ကိုင်လိုက်တဲ့အချိန်မှာ ဓာတ်လိုက်ပြီး မြောင်းထဲကို ပြန်လိမ့်သွားတယ်။ ကလေးက ၁၀ နှစ်ပဲ ရှိသေးတယ်။ လေးတန်းတက်တော့မှာ။ လျှပ်စစ်ဌာနက ဓာတ်လိုက်တယ် မပြောဘူး။ ကလေးကို ရေနစ်သေတယ်လို့ပြောချင်နေတယ်။ သူက ဓာတ်တိုင်ကို ကိုင်တော့ ဓာတ်မလိုက်ဘူးတဲ့။ မြောင်းက နက်တယ် ဘာတွေပြောပြီး ရေနစ်သေတယ်လို့ ပြောတယ်။ ရေက ဘယ်လောက်မှ မရှိဘူး။ ကလေးလက်မှာ ဓာတ်လိုက်လို့ဖြစ်တဲ့ အမာရွတ်တွေ ဖြစ်သွားတယ်” ဟု သေဆုံးသူကလေး၏ အဘိုးတော်စပ်သူ ဦးကျော်မင်းက ပြောကြားသည်။
“ကလေးကို တွေ့တဲ့အချိန်မှာ လူတွေက အုံနေတယ်။ ဦးကလည်း ကြက်ခြေနီ လုပ်ခဲ့ဖူးတော့ ကလေးက မျက်ဖြူလန်နေပြီ။ နှလုံးစမ်းကြည့်တော့ နှလုံးက မခုန်တော့ဘူး။ ကလေးကို မြောင်းထဲက ဆယ်ပြီးတဲ့အချိန်မှာ နှလုံးခုန်အောင် လုပ်ပေးတာ မရတော့တဲ့အတွက် ဆေးခန်းခေါ်သွားတယ်။ ဆေးခန်းရောက်တော့လည်း ဆရာဝန်က နှလုံးရပ်သွားပြီလို့ ပြောတယ်” ဟု ဓာတ်လိုက်မှု ဖြစ်ပွားပြီးနောက် ကလေးငယ်အား ဆေးခန်းသို့ ပို့ဆောင်ပေးခဲ့သည့် ဦးရဲလွင်က ဆိုသည်။
ဓာတ်လိုက်မှု ဖြစ်ပွားခဲ့သည့် နေရာအနီးရှိ ဓာတ်တိုင်များ၌ သွယ်တန်းထားသည့် လျှပ်စစ်ကြိုးများသည် ရှုပ်ထွေးနေပြီး မကြာခဏ လျှပ်စစ်ရှော့ ထဖြစ်ကြောင်းလည်း အခင်းဖြစ်ပွားခဲ့သည့် အနီးအနားတွင် နေထိုင်သူများက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လှိုင်မြို့မရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၁၁/၂၀၁၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
“ကလေးကို ဆေးရုံပို့လို့ ဆေးစစ်ချက် ထွက်တဲ့အခါ ကလေးရဲ့ ၀ဲခြေညှိုးကြားမှာ အပူလောင်ထားတယ်။ ယာလက်ဝါးမှာ အပူလောင်ထားတဲ့ ဒဏ်ရာတွေ့ရတယ်။ ၀ဲလက်ပြင် ပွန်းထားတဲ့ ဒဏ်ရာ တွေ့ရတယ်။ ဖြစ်စဉ် ဖြစ်ပွားတဲ့အချိန်က ၇ နာရီခွဲလောက်မှာ ဖြစ်သွားတာ။ ကလေးက ပလက်ဖောင်းပေါ် လမ်းလျှောက်ရင်း မြောင်းထဲပြုတ်ကျလို့ ဓာတ်တိုင်ကို ကိုင်လိုက်တဲ့အချိန်မှာ ဓာတ်လိုက်သွားတာ ဖြစ်တယ်” ဟု လှိုင်မြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကလေးငယ် ဓာတ်လိုက်သေဆုံးမှုနှင့် ပတ်သက်ပြီး အခင်းဖြစ်ပွားသည့် နေရာတွင် ရောက်ရှိနေသော လှိုင်မြို့နယ် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းသော်လည်း အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး ဖြေကြားလိုခြင်း မရှိကြောင်း ပြောကြားခဲ့သည်။
ယခုနှစ် မေလအတွင်း ဓာတ်လိုက်မှုဖြစ်စဉ်ကြောင့် မန္တလေးတိုင်းဒေသကြီးတွင် ကလေးငယ် လေးဦး၊ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ်တွင် အသက် ၁၆ နှစ်အရွယ် အမျိုးသား တစ်ဦး၊ မှော်ဘီမြို့နယ်တွင် အသက် ၃၄ နှစ်အရွယ် အမျိုးသား တစ်ဦးနှင့် ကျောက်ဖြူမြို့နယ်တွင် ကလေးငယ် တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်နှင့် ၂၀၁၅ ခုနှစ် အတွင်း ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ လျှပ်စစ်ဓာတ်ကြိုး ပြတ်ကျမှုများနှင့် လျှပ်စစ်စီးဝင်နေသည့် ရေအိုင်တွင် လမ်းလျှောက်မိခဲ့မှုများကြောင့် လူ ၁၃ ဦးထက်မနည်း ဓာတ်လိုက်သေဆုံးခဲ့ကြောင်း သိရသည်။
ယခုနှစ် မိုးရာသီကာလတွင် လျှပ်စစ်အန္တရာယ်ကြောင့် ဓာတ်လိုက်သေဆုံးမှုများ ထပ်မံမဖြစ်ပေါ်စေရန် ဟောင်းနွမ်းနေသည့် ဓာတ်ကြိုးများ၊ ဓာတ်တိုင်များကို အသစ်ပြန်လည် လဲလှယ်ပြင်ဆင် နေကြောင်း ရန်ကုန်မြို့လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ ဒုအင်ဂျင်နီယာချုပ်က ပြောကြားထားသည်။
Eleven Media Group
အခင်းဖြစ်ပွားခဲ့သည့် နေရာနှင့် အသက်သေဆုံးသွားသော ကလေးငယ် ကိုင်ခဲ့သည့် ဓာတ်တိုင်အား မေ ၃၁ ရက် ည ၁၀ နာရီခွဲက တွေ့ရစဉ်
မကြာခဏ မီးပြတ်နေခြင်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေး
မကြာခဏ မီးပြတ်နေခြင်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သတိပေး
-------------------------------
နေပြည်တော်၊ မေ ၃၁
မြန်မာနိုင်ငံအတွင်းရှိ မြို့ကြီး အများစုတွင် လျှပ်စစ်မီးများ မကြာခဏ ပြတ်တောက်နေမှုများကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေနှင့် အမြန်ဆုံးဆောင်ရွက်ရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က သတိပေး ပြောကြားခဲ့သည်။
“ဂျာနယ်တွေမှာပါတဲ့ ကာတွန်းတွေမှာ ဖော်ပြနေတာတွေ တွေ့နေရပါတယ်။ အဲ့ဒီမှာ ဘာရေးထားလဲဆိုတော့ အရင်က မီးခဏခဏ ပြတ်တယ်။ အခု မီးခဏခဏ မလာဘူးလို့ ရေးထားတယ်။ ဒါတွေကို လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာနက သတိချပ်သင့်ပါတယ်။ လွှတ်တော်ကလည်း သတိပေးပါတယ်”ဟု ၎င်းကဆိုသည်။
စွမ်းအင်ဝန်ကြီးသည် ယနေ့ ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကျောက်တံတား မဲဆန္ဒနယ်မှ ဦးနေမျိုးထက်၏ ကျောက်တံတား မြို့နယ်အတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရန် မည်ကဲ့သို့ ဆောင်ရွက် ထားရှိ၍ ပြတ်တောက်ပါက အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးနိုင်ရေးနှင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲ ပြောင်းထားခြင်း ရှိ မရှိ မေးမြန်းမှုကို လာရောက် ဖြေကြားပြီးနောက် ဦးဝင်းမြင့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
လျှပ်စစ်မီး ပြတ်တောက်မှုများကို အမြန်ဆုံး ဆောင်ရွက်စေလိုကြောင်းလည်း လွှတ်တော် ဥက္ကဋ္ဌက ဆိုသည်။
လက်ရှိအချိန်တွင် လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာနအနေဖြင့် လျှပ်စစ်မီးများ ပုံမှန်ရရှိရေးကို အဓိကထား ဆောင်ရွက်နေပြီး လျှပ်စစ်အန္တရာယ်မှ ကင်းဝေးရေးအတွက် ဟောင်းနွမ်းနေသည့် ဓါတ်ကြိုးများ ပြုပြင်ခြင်း၊ ဓါတ်တိုင်များ အစားထိုးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဝန်ကြီးက ပြန်လည် ပြောကြားခဲ့သည်။
ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်တွင် ကျောက်တောင်ပြိုကျ၍ ၂ ဦးသေဆုံး"
"ကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်တွင်
ကျောက်တောင်ပြိုကျ၍ ၂ ဦးသေဆုံး"
မန္တလေး။ပုသိမ်ကြီးမြို့နယ် ကျောက်တော ကျေးရွာရှိကျောက်ထုတ်လုပ်ရေးလုပ်ငန်းခွင်မှ အမြင့်ပေ ၁၀၀-ခန့်ကျောက်တောင်မှာ မေ၃၁- ရက်၊နံနက် ၁၁-နာရီခွဲခန့်ကပြိုကျရာလူနှစ် ဦးသေဆုံးခဲ့ကြောင်းသိရသည်။
"သူတို့နှစ်ယောက်က ကျောက်ရွှေးနေတုန်း ကျောက်တောင်ကကျောက်စတွေလွင့် ထွက် လာတာ မြင်တော့ထွက်ပြေးပေမယ့် မလွတ် ဘူး။ကျောက်တွေပိနေတော့မနဲဖေါ်ရတယ်။ "ဟု အုန်းချောရဲစခန်းရဲအုပ်တင်ကိုလတ် က ရှင်းပြသည်။
ကျောက်တောင်ပြိုကျချိန်သည်အလုပ်သမားများမှာ ထမင်းစားနားချိန်ဖြစ်ပြီးလုပ်ငန်း ပိုင်ရှင် ဒေါ်ခင်မိုးကြည်နှင့်အလုပ်သမား-ကိုဇေယျာမင်း တို့သေဆုံးခဲ့ရာသေမှုသေခင်း အမှတ်စဉ် ၁၅/၂၀၁၆ ဖြင့်အမှုဖွင့်စစ်ဆေးမှုများလုပ် ဆောင်ခဲ့သည်။
ဆက်လက်ပြာကြားရာ၌ ယခုကဲ့သို့ ကျောက် ထုတ်လုပ်သည့် လုပ်ငန်းများတွင်ပေါဆ မှုများရှိနေသဖြင့်အန္တရာယ်ကင်းရှင်းရေးပညာ ပေးမှုများလုပ်ဆောင် သွားမည် ဟုဆိုသည်။
ခိုင်ဆက်ဝေ