မြန်မာနိုင်ငံသားများ စိတ် ဝင်တစားရှိနေသည့် အမေရိကန်နိုင်ငံ၏သမ္မတရွေးကောက်ပွဲနောက်ဆုံးသတင်းမှာ ဒေါ်နယ်ထရန့်အနိုင်ရရှိသည့် ရလဒ်နှင့်အဆုံးသတ်သွားခဲ့သည်။ ထိုသတင်းကို မြန်မာနိုင်ငံကဲ့သို့ပင် အခြားသော ကမ္ဘာ့နိုင်ငံများစွာကလည်း စိတ်ဝင်တစား စောင့်ကြည့်နားစွင့်နေခဲ့ကြ၏။ စိတ်ဝင်စားရသည့်အကြောင်းများစွာအနက် သေချာသည့်အကြောင်းတစ်ရပ်မှာ ထိုရွေးကောက်ပွဲ၏ ရလဒ်ပေါ် မူတည်၍ ဖြစ်ပေါ်လာမည့် အကျိုး ဆက်များ၊ ထိုအကျိုးဆက်မှတစ် ဆင့် ၎င်းတို့ အကျိုးစီးပွားများအ ပေါ် သက်ရောက်နိုင်ခြေများဖြစ် သည်။ အားလုံးသည် ထိုရွေး ကောက်ပွဲအလွန် ဖြစ်ပေါ်လာ မည့် အမေရိကန်သမ္မတသစ်၏ စီးပွားရေးပေါ်လစီအပြောင်းအ လဲများပေါ်တွင် ပို၍အာရုံကျနေ ကြမည်။ သမ္မတသစ်၏ လှုပ်ရှား မှုများသည် ဆက်စပ်မှုရှိနေသော နိုင်ငံများ၏ စီးပွားရေး၊ ငွေရေး ကြေးရေး၊ ကုန်သွယ်ရေးနှင့် ကဏ္ဍစုံတွင် သက်ရောက်မှုများ ရှိလာလိမ့်မည်။
ရွေးကောက်ပွဲအလွန် သက် ရောက်မှုများက ခပ်ဝေးဝေးမှာပင် ရှိသေး၏။ ထိုရွေးကောက်ပွဲ မတိုင်မီ ကြိုတင်ခန့်မှန်းသုံးသပ် ချက်များနှင့်ပင် စိတ်ဝင်စားဖွယ် ဖြစ်နေသည်။ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်ထွက်ပေါ် လာပြီး အချိန်ခဏတာအတွင်း သတင်းစကားများပေါ်မူတည်၍ လှုပ်ရှားပြောင်းလဲမှု များစွာဖြစ်ခဲ့ ကြသည်။ ရလဒ်က အများထင် မြင်ယူဆထားချက်များ လွဲချော် သွားသည်ကို ပြသည်။ အမေရိ ကန်မဲဆန္ဒရှင်များ၏ ဆန္ဒသဘော ထားများကို အနီးစပ်ဆုံး ထင်ဟပ် စေသည့် အမေရိကန်လူထုစစ် တမ်းများသည်ပင် ကွဲသည်ဟုဆို ရမည်။ လက်ရှိ မြန်မာနိုင်ငံတွင် အစိုးရတာဝန်ယူနေသည့် အင်န် အယ်လ်ဒီအစိုးရအဖွဲ့၊ နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးအရ ပိုမိုသိကျွမ်းရင်းနှီးသော၊ မြန်မာ့ ဒီမိုကရေစီအရေးကို တစိုက်မတ် မတ် ထောက်ခံအားပေးခဲ့သော အိုဘားမားအစိုးရအဖွဲ့မှ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် ရှုံးနိမ့်ခဲ့သဖြင့် မြန်မာနိုင်ငံမှ အမေရိကန်သမ္မတ ရွေးကောက်ပွဲအ ပေါ် စိတ်ဝင်စားမှုရေချိန်သည် လည်း စိတ်လက်မသာမယာဖြင့် ရပ်တန့်သွားခဲ့သည်။ မြန်မာ့အရေးနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော၊ အများစုမထင်မှတ်ထားသော လူရမ်း လူကြမ်းသူဌေးကြီး ဒေါ်နယ် ထရန့် အနိုင်ရခဲ့သည့်အပေါ် ထင်မြင်ယူဆချက်များ၊ ဝေဖန်သုံးသပ်ချက်များကို အလျှံပယ်ကြားနေရ သည်။ သို့သော် မြန်မာနိုင်ငံရှိ လူထုပရိသတ်အများစုမှာ ရလဒ်ကိုအံ့ဩခဲ့ကြသည့်တိုင် ထရန့်၏‘အမေရိကကို ကြီးကျယ်အောင် ပြန်လည် တည်ဆောက်မည်’ (Make America Great Again)ဟူသော ကြွေးကြော်သံဖြင့် အမျိုးသားရေး၊ ပြည်တွင်းအရေး ဦးစားပေးမည့် အစီအစဉ်များနှင့်ပတ် သက်၍ မည်သို့မည်ပုံ အကောင်အထည်ဖော်မည်ကိုမူ စိတ်ဝင်စားစွာ စောင့်ကြည့်နေကြလိမ့်ဦးမည်။
လောလောလတ်လတ် နိုဝင် ဘာ ၈ ရက် အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်သတင်းသည် ကမ္ဘာတစ်ဝန်းရှိ စတော့ဈေးကွက် ရှယ်ယာဈေးနှုန်းများ၊ အခြားသော ဈေးကွက်အမျိုးမျိုး၏ အခြေအနေ များ၊ ဒေါ်လာနှင့် ဆက်စပ်မှုရှိ သော နိုင်ငံများ၏ ပြည်တွင်းသုံး ငွေကြေးဈေးနှုန်းအပေါ် အတက် အကျသက်ရောက်မှုများ ဖြစ်ပေါ်လာခဲ့ရာ နိုင်ငံရေးနှင့် စီးပွားရေး အခြေအနေများမှာ ဆက်စပ်သက် ရောက်မှုရှိနေသည်ကို လက်တွေ့ ကျကျ မြင်တွေ့လိုက်ကြရသည်။ ဒေါ်နယ်ထရန့် ရွေးကောက်ပွဲအ နိုင်ရလဒ်သတင်း ထွက်ပေါ်လာ သည့် အချိန်ခဏအတွင်းမှာပင် ကမ္ဘာ့စီးပွားရေးအခြေအနေ မသေချာ မရေရာမှုများ ရှိလာနိုင်သည် ဟူသော ထင်မြင်ယူဆချက်များ ပေါ်ထွက်လာပြီး တစ်ကမ္ဘာလုံး စိုးရိမ်စိတ်များ ဖြစ်ခဲ့သည်။ ထရန့် ကြောင့် ဤသို့ဖြစ်ရခြင်းလော၊ ဟီ လာရီကလင်တန်သာ အနိုင်ရခဲ့ပါ မူ မည်သို့နည်း စသဖြင့် အတွေး ပွားစရာရှိသည်။ သို့သော် ရွေး ကောက်ပွဲမတိုင်မီ လေး၊ ငါးလ ကတည်းက အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ (ဒီမိုကရက်တစ် (သို့မဟုတ်) ရီပက်ဘလေကန်) မည်သူပင်နိုင်သည်ဖြစ်စေ ရွေး ကောက်ပွဲရလဒ်သည် ဒေါ်လာငွေ ကြေးအပေါ် သက်ရောက်မှုရှိလာ မည်၊ ဒီမိုကရက်တစ်ဘက်မှ အ နိုင်ရခဲ့လျှင် အကြောင်းသိပြီးဖြစ် သည့် ပေါ်လစီ၏ လားရာကို အ လွယ်တကူ အကဲခတ်နိုင်မည်ဖြစ် သော်လည်း ရီပက်ဘလေကန် ဘက်မှ (မထင်မှတ်ထားသည့် ဒေါ်နယ်ထရန့်)သာ အနိုင်ရခဲ့ပါမူ ပေါ်လစီပိုင်းဆိုင်ရာ ပြောင်းလဲမှု များက ပိုမိုများပြားဖွယ်ရှိလာနိုင် ပြီး မှန်းဆရာတွင်လည်း ခက်ခဲ ဖွယ်ဖြစ်လာနိုင်သည်ဟု ခန့်မှန်း ထားကြသည်။
အမေရိကန်သမ္မတ ရွေး ကောက်ပွဲ၏ ဒေါ်လာငွေကြေး တန်ဖိုးအပေါ် အကျိုးသက်ရောက် မှု အလားအလာများနှင့်ပတ်သက် ၍လည်း ခန့်မှန်းချက်များစွာရှိ သည်။ ကလင်တန် အနိုင်ရခဲ့ပါက ဒေါ်လာငွေကြေးတန်ဖိုး အား ကောင်းနိုင်မည်ဟု ခန့်မှန်းထားကြ သော်လည်း ထရန့်အနိုင်ရခဲ့ပါမူ ဈေးကွက်ဆိုင်ရာ မသေချာ မရေ ရာမှုများကြောင့် ဒေါ်လာဈေး ကွက်များထဲတွင် ကာလတိုအ တက်အကျများစွာ မြင်တွေ့လာရ နိုင်ဖွယ်ရှိသည် စသဖြင့်ခန့်မှန်းသုံး သပ်ကြသည်။ အခြားသော ဖွံ့ဖြိုး ပြီးနိုင်ငံများ၏ ငွေကြေးအခြေအ နေများ၊ စီးပွားရေး၊ ငွေရေးကြေး ရေး၊ ကုန်သွယ်ရေး အခြေအနေ များအပေါ် သက်ရောက်နိုင်ခြေ များနှင့်ပတ်သက်၍မူ မရဲတရဲသုံး သပ်ချက်များကို တွေ့ရသည်။ ယခုသက်ရောက်မှုအချို့ကို လက် တွေ့မြင်တွေ့ရပြီ။ ကမ္ဘာ့ရွှေဈေး သည် အလှုပ်အခါများဖြင့် မြင့် တက်ခဲ့၏။ နိုင်ငံတကာမှ ငွေကြေး အချို့၏ တန်ဖိုးများပေါ်တွင်လည်း လှုပ်ခတ်မှုများရှိခဲ့သည်။ တိုကျို တွင် ဂျပန်ယန်းငွေနှင့် ဒေါ်လာ လဲလှယ်ရာ၌ ဒေါ်လာတန်ဖိုးမှာ တစ်ဒေါ်လာလျှင် ၁၀၁ ဒသမ ၄၇ ယန်းသို့ ၃ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ပြီ။ မက္ကဆီကို ပြည် တွင်းသုံးငွေကြေး ပီဆိုနှင့် ဒေါ် လာလဲလှယ်ရာတွင်မူ ဒေါ်လာ တန်ဖိုးမြင့်တက်ခဲ့သဖြင့် ပီဆိုငွေ ကြေးတန်ဖိုးမှာ ၁၉ နှစ်အတွင်း အနိမ့်ဆုံးဖြစ်သွားခဲ့သည်ဟူသော သတင်းများတက်လာသည်။ အ ခြေအနေများစွာသည် ဒေါ်လာငွေ ကြေးပေါ်တွင် ဖြစ်လာနိုင်သည့် အနာဂတ်သက်ရောက် နိုင်ခြေများ ကို ပုံကြမ်းဖော်နေသလိုရှိသည်။ ဒေါ်လာငွေကြေး တန်ဖိုးအပြောင်း အလဲအတွက် အဓိကပလေယာ အမေရိကန်ဗဟိုဘဏ်၏ အတိုးနှုန်းကိုင်တွယ်မှုမှာလည်း မှန်းဆရ ခက်ခဲသည့်အခြေအနေထဲတွင် ပါဝင်လျက်ရှိနေ၏။
ဒေါ်နယ်ထရန့် နှုတ်မှထွက် ခဲ့သော စကားများသည် ကမ္ဘာ့ နိုင်ငံအများစုအတွက် ထိတ်လန့် ဖွယ်ရာများဖြစ်သည်။ အမည်တပ် ရည်ညွှန်းပြောခဲ့သော တရုတ်နိုင်ငံ၊ မြောက်ကိုရီးယားနိုင်ငံများ၊ အ ကြမ်းဖက်အုပ်စုများနှင့်ပတ်သက် နေသည့် နိုင်ငံများပေါ်ထားသည့် သဘောထားများမှာ တင်းမာနေ သည့်အခြေအနေကို ပေါ်လွင် သော်လည်း အမေရိကန်နိုင်ငံအ တွက် ၎င်း၏ စဉ်းစားထားချက်များ မှာ အကောင်းအဆိုးရောပြွမ်းနေ သည်။ အာရှတွင် စစ်ရေးမဟာ မိတ်အားပျော့လာနိုင်မှု၊ နေတိုး တွင် အမေရိကန်၏ အခန်းကဏ္ဍ လျှော့ချလာနိုင်မှုတို့မှာ ကြီးမား သော အကျိုးဆက်များ ရှိလာနိုင် ၏။ ထိုမှတစ်ဆင့် နိုင်ငံတကာ ဈေးကွက်များပေါ်တွင်လည်း ဆင့် ပွားသက်ရောက်မှုများ ဖြစ်ပေါ် လာနိုင်သည်။ ယခင်သမ္မတလက် ထက်များက အခြေအနေများနှင့် မတူသည့် အခြေအနေများက အစီအရီရှိနေသည်။ ကိုယ်ကျိုးစီးပွား ကာကွယ်သည့် ကုန်သွယ်ရေး ပေါ်လစီ အပြောင်းအလဲများ၊ နက်ဖ်တာ (North Athletic Free Trade Area-NAFTA) ခေါ် မြောက်အတ္တလန်တိတ် လွတ်လပ် သော ကုန်သွယ်မှု သဘောတူညီ မှုကို ပြင်ဆင်ခြင်း (သို့မဟုတ်) ရုပ် သိမ်းလာနိုင်မှု၊ တီပီပီ (Trans-Pacific Partnership-TPP)ဟု ခေါ်သည့် ပစိဖိတ်ကုန်သွယ်ဖက် စာချုပ်မှ နုတ်ထွက်နိုင်ခြေများ၊ ပြည်တွင်း ခြိုးခြံချွေတာရေးမူဝါဒ များ ကျင့်သုံးလာနိုင်မှု၊ အမေရိ ကန် မာတီနေရှင်နယ်ကုမ္ပဏီများ နိုင်ငံရပ်ခြားမှ ရရှိလာသော ဝင် ငွေများကို နိုင်ငံတွင်းသို့ ပြန်ယူလာ နိုင်စေရန် အားပေးအားမြှောက်ပြု ခြင်း၊ ဖိအားပေးခြင်းများ၊ ပြည် တွင်း၌ အခွန်များ ဖြတ်တောက်မှု၊ အသုံးစရိတ်လျှော့ချနိုင်ဖွယ် အစီ အစဉ်များသည် အမေရိကန်နှင့် မိတ်ဖက်ဖြစ်နေသည့် နိုင်ငံများ၊ အမေရိကန်အထောက်အပံ့ကို မှီခို နေရသည့်နိုင်ငံများကို ထိခိုက်စရာများ ရှိလာနိုင်သည်ဟု အားလုံးက တွက်ဆနေခဲ့ပြီးဖြစ်သည်။
မသေချာ မရေရာမှုများမှာ ကာလတို၊ ကာလလတ်နှစ်ခုစလုံး တွင် ရှိနိုင်သော်လည်း ထိခိုက်နစ် နာမှုတွင်မူ ဖွံ့ဖြိုးပြီး နိုင်ငံကြီးများ ထက် ဖွံ့ဖြိုးဆဲနိုင်ငံများ ပိုမိုရှိလာ နိုင်သည်။ ထိုနိုင်ငံများ၏ ငွေကြေး များအပေါ်တွင်လည်း ဖိအားများ ရှိလာနိုင်သည်ဟု သုံးသပ်ကြ သည်။ ၁၉၉၀ ပြည့်နှစ်များက စီးပွားရေး ကောင်းခဲ့သော်လည်း ၂၀၀၈ ခုနှစ်နောက်ပိုင်း စီးပွားရေး ဖြစ်ထွန်းတိုးတက်မှု သိသာစွာမရှိ သည့် အမေရိကန် ရီပက်ဘလေ ကန်ပါတီနှင့် ဒီမိုကရက်တစ်ပါတီ ကြီးနှစ်ခုအကြား ထိရောက်သော စီးပွားရေးပြုပြင်ပြောင်းလဲမှုများအလုပ်မဖြစ်ခဲ့သည့် အမေရိကန် တွင် ပြုပြင်ပြောင်းလဲမှုများ သေချာကျနစွာ စတင်တော့မည်လေ လား။ စီးပွားရေးလုပ်ငန်းနယ်ပယ် များနှင့် ရင်းနှီးကျွမ်းဝင်မှုများစွာ မရှိ လှသော အိုဘားမားခေတ်အလွန် တွင် ဒေါ်နယ်ထရန့်နှင့် ရီပက်ဘ လေကန်ပါတီတို့၏ ပြုပြင်ပြောင်း လဲမှုများကို အရိပ်အမြွက်မြင်နေရ ပြီဖြစ်သည်။ ထို့ကြောင့်လည်း နိုင်ငံတကာစီးပွားရေး၊ ကုန်သွယ်ရေး၊ ငွေရေးကြေးရေးကာလတို မတည် ငြိမ်မှုအဆက်မပြတ်မြင်ရတော့ မည်ဟု စိုးရိမ်စိတ်များဖြစ်နေကြ ခြင်းဖြစ်သည်။ အတိုးနှုန်းလားရာ အမြင့်ဘက်သို့ ဦးတည်နိုင်မှု၊ နိုင်ငံ ရပ်ခြားမှ ငွေကြေးများ အမေရိ ကန်နိုင်ငံတွင်းသို့ ပြန်လည်ဝင် ရောက်လာနိုင်မှု၊ ပြည်တွင်း၌ အ ခွန်လျှော့ချဖြတ်တောက်နိုင်မှု၊ ကုန်သွယ်ရေး အဟန့်အတားများ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးအ တွက် ကြွေးကြော်ထားမှုများ စသည့် ဆန္ဒပါစကားသံများနှင့် သဘောတရားအယူအဆများမှာ ရှေ့နောက်အချိတ်အဆက်မရှိ၊ ဟန်ချက်မညီ၊ ဟာမိုနီမကျသော ကြောင့် ဒေါ်လာတန်ဖိုးသည် တက်ခြင်း၊ ကျခြင်း၊ လှုပ်ခါခြင်း များစွာ ဖြစ်ပေါ်လာနိုင်သည်။ ဤအခြေ နေများကြောင့်ပင် နိုင်ငံတကာ ဈေးကွက်များ၌ ဖြစ်ပေါ်လာနိုင် သည့် ဒေါ်လာငွေကြေး၏ လား ရာကို မှန်းဆနိုင်ရန်မှာလည်း လွန် စွာခက်ခဲနေပေလိမ့်မည်။
လတ်တလော ထင်မြင်ချက် များအရ ဒေါ်လာငွေကြေးတန်ဖိုး မြင့်တက်မှုဒဏ်ကို ကာလရှည်ခံ စားနေရသော မြန်မာ့စီးပွားရေးအ ဆောက်အအုံအတွက်လည်း အမေရိကန်သမ္မတသစ် ဒေါ်နယ်ထ ရန့်၏ အောင်မြင်မှုသည် သတိပြုဖွယ်ရာဖြစ်သည်ဟု သုံးသပ်ရမည် ဖြစ်သည်။ အထူးသဖြင့် ဒေါ်လာငွေကြေးနှင့်ပတ်သက်သည့် မြန်မာ့စီးပွားရေးအဆောက်အအုံထဲ၌ အမေရိကန်သမ္မတ ရွေးကောက်ပွဲရလဒ်သတင်း၏ သက်ရောက်မှု ဖြစ် မလာခင်ကတည်းက ကျပ်-ဒေါ်လာလဲနှုန်းသည် မတည်ငြိမ်မှု ဖြစ်ပေါ်ခဲ့သည်မှာ စက်တင်ဘာလ အကုန်ကတည်းက ဖြစ်သည်။ ထို့ နောက် အောက်တိုဘာလတစ် လလုံး အလှုပ်အခါများစွာဖြစ် လျက် တင်းကျမ်းတက်နေခဲ့ပြီး နိုဝင်ဘာလအစ၌ အရှိန်အနည်း ငယ်လျော့သွားခဲ့ခြင်းဖြစ်သည်။ နိုဝင်ဘာ ၈ ရက်နောက်ပိုင်းတွင် ဒေါ်နယ်ထရန့်၏ သတင်းစကား များနှင့်အတူ ရွှေဈေး၊ ဒေါ်လာငွေ ကြေးဈေးနှုန်းတို့မှာ မတည်မငြိမ် ဖြစ်လာခဲ့၏။ ကျပ်-ဒေါ်လာလဲ လှယ်နှုန်းသည် ပြန်လည်မြင့်တက် လာပြီး တစ်ဒေါ်လာ ကျပ် ၁,၃၀၀ နီးပါးသို့ပင် ရောက်ရှိသွားခဲ့တော့ သည်။
ကုန်ထုတ်လုပ်မှု၊ ကုန်သွယ် မှု ကိုယ်ခံအားနည်းလျက်ရှိသော မြန်မာ့စီးပွားရေးအဆောက်အအုံ ထဲရှိ နိုင်ငံခြားငွေကြေးဈေးကွက် ထဲ၌ အမေရိကန်ဒေါ်လာငွေနှင့် ပြည်တွင်းသုံးကျပ်ငွေ လဲလှယ်နှုန်း မှာလည်း ရင့်ကျက်မှုမဲ့စွာဖြင့် မတည်မငြိမ်ဖြစ်လျက်ရှိသည်။ ပညာရှင်များ၊ သုတေသီများ၊ ကျွမ်းကျင်သူများ သုံးသပ်ပြော ကြားသော သီအိုရီသဘောတရား များ၊ အယူအဆများအပြင် အ ကြောင်းမရှိအကြောင်းရှာ၍ ကျပ်-ဒေါ်လာဈေးမြင့်တက်မှုဖြစ်တတ် သည်ကိုလည်း သိနှင့်နေကြပြီဖြစ် သည်။ ပြည်တွင်းအကြောင်း တရား (သို့မဟုတ်) နိုင်ငံတကာ အကြောင်းတရားများသည်လည်း ကျပ်-ဒေါ်လာလဲလှယ်နှုန်း လှုပ်ခါ စေသည်မှာ အစဉ်အလာဖြစ်နေခဲ့ လေပြီ။ ယခု အမေရိကန်သမ္မတ အပြောင်းအလဲနှင့် ဆက်လက်ဖြစ် ပေါ်လာနိုင်သည့် အခြေအနေများ သည်လည်း ပြည်တွင်း၌ ကျပ်- ဒေါ်လာပြောင်းလဲမှုအတွက် လက် ညှိုးထိုးပြစရာ အကြောင်းတစ်ခု ဖြစ်ခဲ့ပြီ။ ကျပ်-ဒေါ်လာလဲလှယ် နှုန်းသည် မြင့်တက်စရာအကြောင်း ရှိလျှင် မြန်မြန်ဆန်ဆန်တက် တတ်သော်လည်း ကျဆင်းစရာ အကြောင်းရှိလာလျှင်မူ ချက်ချင်း ကျဆင်းတတ်ခြင်းမရှိဘဲ အချိန် ကြာမြင့်စွာအီလျက် ဖြည်းဖြည်း နှင့် လေးလေး ကျဆင်းလာတတ် သည်မှာ သဘာဝပင်ဖြစ်နေပြီဖြစ် သည်။ ဤသို့ အစဉ်အလာရှိသော အခြေအနေများအရ ကျပ်-ဒေါ် လာလဲနှုန်းသည် သိသာစွာ လျင် လျင်မြန်မြန် ကျဆင်းနိုင်ဖွယ် မရှိ။
(ပြည်တွင်း၌ တစ်စုံတစ်ခုသော ဈေးကွက်သို့ ဝင်ရောက်ပတ်သက် မှု၊ ထိန်းသိမ်းဖေးမမှု မရှိခဲ့ပါလျှင်) ပြည်တွင်းနှင့် ပြည်ပအကြောင်း များ ပေါင်းစပ်နေပြီဖြစ်သော ကြောင့် မြင့်နိုင်စွမ်းရှိသလောက် ဆက်လက်မြင့်တက်ဖို့သာ ဖြစ် လာနိုင်သည်ဟု ကောက်ချက်ချရ ပေလိမ့်မည်။
No comments:
Post a Comment