ကျေးဇူးပြုပြီး ဓာတ်ပုံလေးကို
ဂရုတစိုက်ကြည့်ပေးလို့ရမလားခင်ဗျာ
မနေ့တနေ့ကမှ ဘားအံမြို့မှာရိုက်ထားတဲ့
ပူပူနွေးနွေး အမှတ်တရဓာတ်ပုံလေးတစ်ပုံပါ
နေရပ်မတူ ..ရပ်တည်မှုမတူ ..လုပ်ရပ်မတူ
ယုံကြည်ချက်မတူခဲ့တာတွေက ဟိုးအဝေးကြီးမှာ
အံ့ဩစရာကောင်းလောက်အောင် ကျန်နေရစ်ပါပြီ
ကြမ်းတစ်ပြေးတည်းပေါ်မှာ
ကျေနပ်ပျော်ရွှင်စွာ အတူထိုင်ပြီးပြုံးနေကြတဲ့
ပါဝင်သူအားလုံးဟာ တစ်ခါက ရန်ဘက်စင်စစ်တွေပါ
ဒီနေ့မှာတော့
တူညီတဲ့အရပ်မျက်နှာဆီကို
လက်တွဲလျောက်လှမ်းနေကြသူတွေဖြစ်နေကြပါပြီ
ဘာရယ်ညာရယ်ပြောချင်တာမဟုတ်ရပါ
ဦးစောကြီးရဲ့ ဓာတ်ပုံလေးကိုမြင်မိတော့
ကျနော့်စိတ်ထဲမှာ ကြည်ညိုလေးစားခြင်းနဲ့အတူ
ကျနော့်ကိုယ်ကျနော် ကျေနပ်မှုတစ်ခုဖြစ်မိလို့ပါခင်ဗျား..)-:)-:)
Credit - ဦး Ngwe Soe
No comments:
Post a Comment