Friday, January 24, 2014

photo. ဇာဂနာ သို့..... ပြန်ကြားစာ !!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!!! အခုတလောလူမှုအင်တာနက်ကွန်ရက်facebookစာမျက်နှာတွေပေါ်မှာလူရွှင်တော်ဇာဂနာရဲ့သံဃာတော်များနဲ့ပြည်သူတို့အားစော်ကားထားသည့်Statueကိုခပ်စပ်စပ်လေးတွေ့နေရပါတယ်။ဘာသာရေးအဆင့်မူကြိုမျှပင်မရှိပဲဗုဒ္ဓဘာသာအမည်ခံယုံသာရှိတဲ့အတ္တကြီးမားငါ့စွဲဝါဒီလစ်ဘရယ်တယောက်ရေးတဲ့စာမို့လို့၎င်းအတွက်စိတ်မကောင်းယုံကလွဲလို့ထူးပြီးမအံ့သြမိပါဘူး။ဒါပေမဲ့ဒကာဇဂနာရေးထားသည့်Statueဟာကိုယ်လိုရာကိုဆွဲယူပြီးတဖက်သန်ဆန်စွာသာသနာတော်နှင့်သံဃာတော်တို့အားအသုံးချရေးသားထားသည့်စာမို့ ယခုလို ပြန်လည်၍စာရေးလိုက်ရခြင်းဖြစ်ပါတယ်။ ဒကာဇာဂနာက၂၀၀၇ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုမှာသံဃာတော်တွေကိုဖမ်းစီးထောင်ချ၊စော်ကားတာဟာNLDပါတီဝင်တွေမဟုတ်ဘူး၊ကြံဖွတ်တွေဖြစ်တယ်၊ဒါ့ကြောင့်သံဃာတော်တွေနဲ့NLD တွေအခုလိုအမျိုးဘာသာသာသနာနဲ့ပတ်သက်၍ထိပ်တိုက်သဘောဖြစ်နေတာတွေဟာသံဃာတော်တွေနဲ့မြန်မာပြည်သူတွေကပဲတဖက်သတ်မှားနေသယောင်ရွှေဝါရောင်ကိုဆွဲယူထည့်ရေးထားတာကိုတွေ့ရပါတယ်။ထို့အပြင်၎င်း Statueတွင်သစ္စာဖောက် ကိုယ်ကျိုးရှာ သံဃာအချို့ ကြောင့်ဘဲဟု မိုက်မဲစွာမှတ်ချက်ပြုထားပါတယ်။ မှန်ပါတယ်၂၀၀၇ရွှေဝါရောင်တုန်းကသံဃာတော်တွေကိုဖမ်းဆီးထောင်ချ၊စော်ကားခဲ့ကြတာဟာစစ်ဘီလူအာဏာရှင်တွေပါ၊သို့သော်သံဃာတော်တွေဟာ၂၀၀၇ ရွှေဝါရောင်သံဃာ့လှုပ်ရှားမှုကြီးကို အသက်တွေ၊ဘ၀တွေပေးဆပ်ပြီး လှုပ်ရှားခဲ့တာဟာ NLD ပါတီအတွက်သီးသန့်မဟုတ်ပါဘူး၊ မြန်မာပြည်ကြီးစစ်ဘီလူအာဏာရူး၊အာဏာရှင်တွေလက်အောက်ကလွတ်မြောက်ပြီး၊အေးအေးချမ်းချမ်း ကြောင့်ကြမှုကင်းပြီးချမ်းအေးသာယာစွာ နေကြဘို့အတွက် စွန့်လွှတ်အနနစ်နာခံပြီး လှုပ်ရှားခဲ့ကြခြင်းသာဖြစ်ပါတယ်။ စစ်အစိုးရ နှင့် ကြံဖွဲ့အပါအ၀င်မည့်သည့်ပါတီကမှ မြန်မာနိုင်ငံနှင့် နိုင်ငံတော်ရဲ့ အာဏာကို မောင်ပိုင်းစီးချင်လို့မရပါဘူး။ ဘယ်ပါတီ၊ဘယ်အဖွဲ့အစီးပဲ အာဏာရရ၊သမ္မတဖြစ်ဖြစ် သံဃာတော်တွေဟာတစ်ပါးတလေမှ အနိမ့်ဆုံး(၁၀)အိမ်ခေါင်တောင်မဖြစ်ပါဘူး၊အမိမြန်မာပြည်သာယာလှပဖို့အတွက်”ရလိုမှုမရှိ၊ပေးဆပ်မှုသက်သက်နဲ့” လှုပ်ရှားခဲ့ကြတာပါ၊ ဒီတော့ ရလိုမှုမပါ စေတနာသီးသန့်နဲ့ လှုပ်ရှားတဲ့ သံဃာတော်တို့၏ ရပ်တည်ချက်ဟာ အာဏာမမက် ကရုဏာသက်သက် မို့အမြဲတမ်းမှန်ကန်သန့်စင်နေပါတယ်။ပါတီအတွက်နိုင်ငံရေးလုပ်နေတဲ့သူတွေအဖို့ကတော့ ငါပါတီအတွက်၊ငါနေရာရဖို့အတွက်၊စတဲ့ကိုယ်ကျိုးကိုဦးစားပေးတဲ့ စိတ်ဓါတ်တွေနဲ့မို့ အမြဲတမ်းမမှန်နိုင်ပါဘူး။ စစ်အာဏာရှင်လက်ထက်မည်သူမှ ရဲရဲမလှုပ်ရှားရဲ့အချိန်မှာ သံဃာတော်တွေဟာ ဒကာကြီးတို့လို ပြည်ပမည်သည့်အဖွဲ့အစည်းကမှ ထောက်ပန့်မှု၊ပေးကမ်းမှုတွေမရှိပဲ အများအတွက်အနစ်နာခံလှုပ်ရှားခဲ့ရတာ ဒကာကြီးတို့ အသိဆုံးဖြစ်မှာပါ။ စစ်အစိုးရလက်ထက်ကဆိုရင် “ပြည့်သူ့ဘုန်းဘုန်း…တို့ဘုန်းဘုန်း” “ဘုန်းဘုန်းကယ်မှ တိုင်းပြည်လှ”ဆိုပြီး ဒကာကြီးတို့ပဲ အားပေါင်အာရင်းသန်သန်နဲ့ အားပေးအားမြောက်ပြုခဲ့ကြတာမဟုတ်ပါလား။ ရွှေဝါရောင်တော်လှန်ရေးကာလတုန်းကလည်းဒကာကြီးတို့အဖွဲ့ဟာ ကြေးသွန်းဘုရားကြီးမှာပဲ ဆွမ်းကပ်ပြီးနေခဲ့ကြပေမဲ့၊ ဦးဇင်းတို့ကတော့ နေပူပူ၊မိုးထူးထူးမှာ အပင်ပန်းခံချီးမြောက်ကြွချီခဲ့ကြတာဟာ သံဃာတော်တွေပါ၊ စစ်အာဏာရှင်စစ်ဘီလူတွေက ဗုံးနဲ့ထု၊သေနပ်နဲ့ပစ်၊သေနပ်ဒင်းနဲ့ထုနေတဲ့အချိန်မှာ ဒကာကြီးတို့သံဃာတော်တွေနဲ့ အတူတကွရှိမနေတာကိုလည်း သားနဲ့သမီး နဲ့ မိသားစုနဲ့မို့ ဦးဇင်းတို့အနေနဲ့ နားလည်ခွင့်ပေးခဲ့သသည့်အပြင် သံဃာတော်တွေဟာ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးနေရတဲ့ကြားက ဒကာကြီးတို့နဲ့ ဒကာကြီးတို့ရဲ့ မိသားစုတွေအတွက် စိုးရိမ်တကြီးရှိခဲ့ကြပါတယ်။ စစ်အစိုးရကော၊ဒကာကြီးတို့အတိုက်အခံတွေကပါ သံဃာတော်တွေကို ခုတုံးလုပ်ပြီး နိုင်ငံရေးအမြတ်ထုတ်နေကြတယ်ဆိုတာကို ဟိုအရင်ကတည်းက သံဃာတော်အဆက်ဆက်ဟာ သိမြင်နားလည်ကြပါတယ်။ ဒါပေမဲ့လည်း ငါတို့တိုင်းပြည်နဲ့ လူမျိုးကောင်းစားဖို့ အသုံးချခံရတာ ခံပျော်ပါတယ်ဆိုတဲ့ စိတ်တစ်ခုတည်းနဲ့ သိသိကြီး အသုံးချခံခဲ့ကြတာပါ။ စစ်အစိုးရလက်ထက်တုန်းက နည်းနည်လေးးအခက်တွေ့အခက်ကြုံတိုင်း “သံဃာနဲ့ပြည်သူ၊နိုင်ငံရေးနဲ့ သံဃာ့အရေးဟာ လုံးဝခွဲခြားလို့ မရပါဘူး” ဆိုပြီး အန္တရာယ်ထူပြောလှတဲ့ စစ်အစိုးရခေတ်နိုင်ငံရေး လမ်းကြောင်းထဲကို သံဃာတော်တွေအား ဦးတည်းပေးခဲ့သော ဒကာကြီးတို့၏ ပါးစပ်တွေဟာ အခုအခါမှ သံဃာတွေနိုင်ငံရေးမလုပ်သင့်ပါဘူးဆိုတဲ့ အပြောတွေဟာ ယုတ္တိမတန် မူမမှန်တာကိုတော့ သိသာလွန်းလှပါတယ်။ ဒီနေရာမှာ ဒကာကြီးကို “အတ္တ(လုပ်စား)နိုင်ငံရေး နဲ့ ပြည်သူ့နိုင်ငံရေး”တနည်း “ပါတီနိုင်ငံရေးနဲ့ အစစ်အမှန်နိုင်ငံရေး” ကိုရှင်းပြချင်ပါတယ်။ ပါတီနိုင်ငံရေးခေါ်အတ္တဗဟိုပြုနိုင်ငံရေးဆိုတာက ငါ့ပါတီ၊ငါ့အသိုင်းအ၀န်း၊ငါ့ဆွေမျိုး၊ငါနဲ့ အဘောထားတိုက်ဆိုင်သူတွေမှ အကောင်း၊အခြားသဘောထားမတိုက်ဆိုင်သူတွေ အားလုံးအမှား၊ငါ့ပါတီ၊ငါ့ဝါဒသာအမှန်၊ငါနဲ့ဝါဒတူတွေသာ အာဏာရစေရေး စတဲ့အတ္တကိုဗဟိုပြုတဲ့ အောက်တန်းကျတဲ့ နိုင်ငံရေးပါ၊ ဒီလိုနိုင်ငံရေးမျိုးကို ဒကာကြီးသိပ်မုန်းတဲ့ စစ်အစိုးရ အာဏာရှင်တွေ အသုံးပြုခဲ့ကြတာပေါ့၊ ဒါပေမဲ့ အခုအချိန်မှာ ဦးဇင်းတို့နဲ့ တိုင်းပြည်တစ်ပြည်လုံးကို သိပ်ချစ်ပါတယ်၊ ပြည်သူတွေနဲ့တစ်ထပ်ထည်းရှိပါတဲ့ဆိုတဲ့ ဒကာကြီးတို့ဟာ စစ်အာဏာရှင်တွေအသုံးပြုတဲ့ ပါတီနိုင်ငံရေးကို မသိမသာကျင့်သုံးနေပြီး အမွေဆိုးဆက်ခံနေပြီးလားလို့တောင် သံသယ၀င်လာမိပါတယ်။ ဘာ့ကြောင့်လဲဆိုတာကိုတော့ ဘက်လိုက်မှုကင်းစွာနဲ့ ပြန်လည်ဝေဘန် ဆန်းစစ်ကြည့်ရင် အမှန်တိုင်းကိုယ့်အမှားကို ကိုယ်တွေ့မြင်ရမှာဖြစ်ပါတယ်။ ပြည်သူ့နိုင်ငံရေးခေါ် အစစ်အမှန်နိုင်ငံရေးဆိုတာကတော့ ငါ့ပါတီ ငါ့ဝါဒကိုအဓိကမထားပဲဘယ်ပုဂ္ဂုလ်၊ဘယ်ပါတီဘယ်သူတွေပဲဖြစ်စေ နိုင်ငံနဲ့လူမျိုးအတွက် အကျိုးရှိမယ်ဆိုရင် ၀မ်းမြောက်ဝမ်းသာဖြစ်ပြီး တာဝန်ကျတဲ့နေရာက တာဝန်ကျေအောင်ဆောင်ရွက်ပေးတဲ့ နိုင်ငံရေးမျိုးဖြစ်ပါတယ်။ ဥပမာအားဖြင့် အမှိုက်သိမ်းတဲ့သူတွေဟာလည်း နိုင်ငံတော်သန့်ရှင်းလှပအောင် တာဝန်ယူဆောင်ရွက်ပေးရသူမို့သူဟာပြည်သူနိုင်ငံရေးသမား(သို့)အစစ်အမှန်နိုင်ငံရေးသမားဖြစ်ပါတယ်။ ထို့အတူပဲကားဆရာတွေ၊ကျောင်းဆရာတွေဟာလည်း နိုင်ငံတော်အတွက်လိုအပ်တဲ့ ကဏ္ဍမှာဖြည့်ဆည်းတာဝန်ယူနေကြသူတွေမို့တကယ့်ပြည့်သူ့နိုင်ငံရေးသမားစစ်စစ်တွေပါ။ဒကာကြီးတို့နိုင်ငံရေးသမားတွေကိုလည်းသံဃာတော်တွေနှင့် ပြည်သူအားလုံးက ပြည့်သူနိုင်ငံရေးသမားတကယ့်နိုင်ငံရေးသမားစစ်စစ်တွေဖြစ်ဖို့ မျှော်လင့်ခဲ့ကြပါတယ်။ မျှော်လင့်ခဲ့ကြလို့လည်း အသက်တွေ၊စည်းစိမ်တွေ ဘ၀တွေရင်းပြီး ဒကာကြီးတို့ကိုဝန်းရံခဲ့ကြတာမဟုတ်ပါလား။ ဒကာကြီးတို့ကိုအာားကိုးတကြီးခေါင်းဆောင်နေရာပေးတာဟာ ပြည်သူတွေကိုယ်စား နိုင်ငံနဲ့လူမျိုးရဲ့ အစီးအပွားကိုပြုလုပ်ပေးဖို့ နေရာပေးခဲ့တာပါ၊ ကျားကြောက်လို့ ရှင်ကြီးကိုး၊ရှင်ကြီးကျားထက်ဆိုးဆိုသလိုဒကာကြီးဆို့ဟာ ပြည်သူတွေပေးတဲ့ခေါင်းဆောင်နေရာကို ငါ့အပိုင်လို သဘောထားကြသည့်အတွက် ပြည်သူတွေနဲ့ အခုလိုထိပ်တိုက်တွေ့နေကြရတာပါ။ သံဃာတော်ပြည်သူနဲ့တို့နဲ့ဒကာကြီးတို့နဲ့အခုလိုထိပ်တိုက်သဘော တွေ့ကြတာဟာ သံဃာနဲ့ပြည်သူက ဒကာကြီးတို့ကို တဖက်သတ်စပြီးထိပ်တိုက်တွေ့တာမဟုတ်ပါဘူး။ အခြေအနေအချိန်အခါအရ မြန်မာပြည်ကိုကာကွယ်ပေးတဲ့သူတွေနည်းပါးနေလို့ သံဃာတော်တွေဟာ ထုံးစံအတိုင်း ပေးဆပ်မှုသက်သက်နဲ့ ပြည်သူတွေဘက်က အကာအကွယ်ပေးခဲ့တာပါ။ ဒါကို အတ္တဗဟိုပြု ပါတီနင်ငံရေးသမား လစ်ဘရယ်တွေဟာ စစ်အစိုးရက သံဃာ့နဲ့ပြည်သူအပေါ်ကျင့်သုံးခဲ့နည်းအတိုင်း အာဏာရှင်ဆန်ဆန် သူခိုးဓါးရိုးကမ်း လူမိုက်အားပေးပြုလုပ်ခဲ့လို့သာ သံဃာပြည်သူတို့နဲ့ဒကာကြီးတို့ထိပ်တိုက်တွေ့ခဲ့ကြခြင်းဖြစ်ပါတယ်။ဒီမိုခရက်တစ်ပါတီ၊NLDP.NDF,စတဲ့ပါတီကြီးတွေနဲ့ ထိပ်တိုက်မတွေ့ပဲ ဒကာကြီးတို့လစ်ဘရယ်အဖွဲ့နဲ့သာ ထိပ်တိုက်တွေ့နေရခြင်းဟာ အများကမှားသလား၊အနည်းကမှားသလားဆိုတာ အဖြေကပေါ်လွှင်ထင်ရှားနေပါတယ်။ ပြည်သူအတွက်နိုင်ငံရေးလုပ်တာမှန်က ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်နဲ့ နိုင်ငံလူမျိုးအတွက်အာဏာအစိုးရကောအတိုက်အခံအားလုံးကပါအပြည့်အ၀အကာအကွယ်ပေးရမှာဖြစ်ပါတယ်။ကိုယ်နိုင်ငံမှာမို့တဖက်သတ်အဂတိလိုက်စားအနိုင်ကျင့်ရမယ်လို့ဆိုလိုတာ မဟုတ်ပါဘူး၊ သူစိမ်တွေမှားရင်သူစိမ်းကိုအပြစ်ပေး၊အပြစ်တင်ပြီး၊ အိမ်ရှင်မှားက အိမ်ရှင်ကို အပြစ်ပေးအပြစ်တင်ကာ မှန်မှန်ကန်ကန်ရပ်တည်ပေးလျှင်ကို အခုလိုဒကာကြီးအနေနဲ့ ပြည်သူတွေနဲ့ထိပ်တိုက်တွေ့စရာအကြောင်းမရှိပါဘူး။ ပြည်တွင်းကော ပြည်ပမှာပါတိုင်းတပါးသားတွေကကိုယ်တိုင်းပြည်ကိုယ်လူမျိုးတို့၏အသက်စည်းစိမ်တွေကိုရန်ရှာနေချိန်မှာ နှာစေးနေပြီး၊ ပြည်သူတွေကပြည်လည်ခုခံကာကွယ်သည့်အချိန်မှာ သူခိုးဓါးရိုးကမ်းခြင်းနဲ့၊ ဘာသာရေးအကြောင်းပြ ဘင်္ဂလီနယ်ချဲ့တို့က ပြည်တွင်းကော ပြည်ပပါနည်းလမ်းပေါင်းစုံးနဲ့အမိတိုင်းပြည်ကိုသိက္ခာကော မြေနေရာပါကျဆုံးအောင်လုပ်နေချိန်မှာ ပြည်သူတွေဘက်က အမှန်အတိုင်းမရပ်တည်ကြပဲ နယ်ချဲ့ဘင်္ဂလီတို့နှင့် တစ်သံတည်း တစ်လေတည်းဖြစ်နေခြင်းဒကာကြီးတို့လစ်ဘရယ်ဒီမိုအုပ်စုပြည်သူနဲ့ဝေခွားသွားရခြင်းအဓိကအကြောင်းအရင်းထဲကတခုပင်ဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့သံဃာတော်တွေ၏သဘောထားရပ်တည်ချက်ကို ပြောပြလိုပါတယ်။ သံဃာတော်တွေဟာ ပါတီမပါ၊အာဏာမမက်၊ဘက်လိုက်မှုအဂတိကင်းတဲ့ ပါရမီမြောက်ပြည်သူ့နိုင်ငံရေးသမားတွေပီပီမည်သည့်အဖွဲ့အစည်း၊မည့်သည့်ပါတီပဲတက်တက် ပြည်သူဘက်မှ တိုင်းပြည်နှင့်လူမျိုးဘက်မှ ထာဝရရလိုမှုမျှော်လင့်ချက်ကင်းစွာ ရပ်တည်ကာကွယ်ပေးနေဦးမှာဖြစ်ပါတယ်။ “ဆားနှင့်ပက်သည့်အခါ အနာရှိသောသူသည်သာစပ်၍ အနာမရှိသောသူကတော့ မည်သည့်ခံစာမှုဝေဒနာမှ ဖြစ်ပေါ်မည်မဟုတ်ချေ” သံဃာပြည်သူတို့နှင့် ထိပ်တိုက်မတွေ့ချင်လျှင်တိုင်းပြည်နှင့်လူမျိုးအတွက်ပါတီ၊အာဏာ၊ရာထူးအစွဲကင်းကင်းနှင့်တိုင်းပြုပြည်ပြုလုပ်ငန်းများကိုဆောင်ရွက်ကြဖို့ပင်ဖြစ်၏။ ဆားစပ်မှာကြောက်လျှင် အနားမရှိအောင် ဂရုပြုနေထိုင်ကြဖို့ပင်ဖြစ်ပါတယ်။ ဒကာကြီးပြောခဲ့သလို ၂၀၀၇ ရွှေဝါရောင်သံဃာလှုပ်မှုမှာ သံဃာတော်ကို ဖမ်းဆီးထောင်ချ၊နှိပ်စက်ခဲ့ကြသူတွေဟာ စစ်အာဏာရှင် အာဏာရူးတွေဖြစ်ပေမဲ့လည်း ကိုယ့်လူမျိုးတွေက ထောင်ချအနိုင်ကျင့်ကြတာမို့ ဦးဇင်းတို့တတွေ ခံနိုင်ပါတယ်ဒကာကြီး၊ကိုယ့်နဲ့လူမျိုးတူတဲ့သူတွေဟာဘယ်လောက်ပင်ရက်စက်ကြမ်းကြုပ်ပါစေ ကိုယ့်လူမျိုးပျောက်ကွယ်သွားအောင်တော့ ပြုလုပ်မှာမဟုတ်ပါဘူး။ဒါပေမဲ့ ကိုယ့်နိုင်ငံကိုယ့်နေရာမှာ အခြားတိုင်းတပါးသားတွေက ဦးသောဘိတ၊မသီတာထွေ စသည်သူတွေကဲ့သို့လည်လှီးမီးရှို့ပြီးရက်ရက်စက်စက်သတ်ဖြစ်တာကိုတော့တွေး၍ ကြောက်မိပါသဖြင့် လုံးဝမခံနိုင်ကြောင်းပါဒကာတော် ဦးဇဂနာရေ………..။ ဒကာတော်နှင့်အပေါင်းအပါတစ်သိုက်၊ အမြင်မှန်ရ၍ကျန်ရှိသည့်ဘ၀အချိန်ပိုင်းမှာ တိုင်းပြည်နဲ့လူမျိုးအကျိုး၊အမှန်တကယ်တကယ်အသုံးချနိုင်ကြသူများဖြစ်နိုင်ကြပါစေဟု ဆုတောင်းပတ္ထနာပြုလျှက်……………………။ ( ပါတီနိုင်ငံရေး အနံ့တောင်မခံတဲ့ ဥပဇင်း) ဓမ္မ၀ီရ အရှင်တေဇနိယ ဗုဒ္ဓဂယာ၊အိန္ဒိယ Website;www.ashintejaniya.com စိုးပြည့်မှူး

No comments: