Monday, January 20, 2014

မွတ်စလင်ကိုမထိခိုက်စေဘဲ ၉၆၉နဲ့ဝီရသူကိုတိုက်ခိုက်ပါဆိုတဲ့ သဘောတရားမျိုးလာမချပြပါနဲ့။ ကျနော်သည်အလွန်လွတ်လပ်သူဖြစ်သည်။ ကိုယ်ပိုင်ယုံကြည်ချက်အရ တစုံတယောက်(သို့မဟုတ်) အဖွဲ့အစည်းတခုကိုထောက်ခံသည်ထားအုံး ထိုတစုံတယောက်နှင့် အဖွဲအစည်းတခုကိုပင် ထောက်စရာကျေးဇူးဘာမှမရှိအောင် နေထိုင်နိုင်ခဲ့သူဖြစ်၏။ ဘုရားမှန်သမျှကိုလည်း ဆဲချင်သူဖြစ်လေရာ ထိုတစုံတယောက်နှင့် အဖွဲအစည်းတခုကိုရော ထောက်စရာဘာရှိမည်နည်း။ သို့သော်လူ့ကျင့်ဝတ်တရားကိုတော့ တတ်နိုင်သမျှစောင့်ထိန်းလိုပါသည်။ မျက်နှာဖေါ်မပြသည်မှာ အလွန်ရိုးရှင်းသောအကြောင်းဖြစ်၏။ စစ်အစိုးရကိုမနိုင်နိုင်တော့ဟု လက်ခံလိုက်သည်မှာ၂၀၀၇ မဖြစ်ခင်ကပင်ဖြစ်၏။ စစ်အစိုးရကိုထောက်ခံသည်မဟုတ် ရသလောက်တော့တိုက်ခိုက်နေခဲ့သည်သာဖြစ်၏။ သူတပါးကိုမထိခိုက်စေဘဲ စိတ်အလိုကိုလိုက်တတ်သူဖြစ်ရာ နှစ်အတော်ကြာကတည်းက ပဲနံပြားစားချင်ရုံမျှဖြင့် မြန်မာပြည်ပြန်လေသည်။ အခုလည်းဆဲချင်ရာ လွတ်လွတ်လပ်လပ်ဆဲပြီး ပဲနံပြားစားချင်လို့ရန်ကုန်ပြန်သည့်အခါ အာရုံမနောက်လိုခြင်းသာဖြစ်လေသည်။ ကျနော့်ကိုလာဆဲဆိုသည်ကို ဘယ်လိုမှဒေါသမထွက် လာပြီးကြောင်လျှင်တော့ အလွန်ရိုင်းမှာဖြစ်သည်။ ကိုယ်နေသည့်နေရာတွင်လည်း ပိုင်ပိုင်နိုင်နိုင်နေထိုင်သူဖြစ်၏ ရခိုင်များကိုလည်းပြောဘူးပါသည်။ အာရုံနောက်အောင်လာလုပ်လျှင် နီးရာရခိုင်ကိုဒုက္ခပေးလိုက်မှာဖြစ်သည်။ ကုလားကလာလုပ်ရင်လည်း ထိုအတိုင်းသာလျှင်ဖြစ်လေသည်။

No comments: