မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Monday, January 27, 2014
မန္တလေးမှာ ဦးဇင်း ဆွမ်းရပ်သည့် အိမ်ငါးအိမ် ရှိတယ် ၊
ခုတစ်အိမ်မှ ခွပ်ဒေါင်းအလံ ဒေါ်စုပုံ မရှိတော့ဘူး ၊
၂၀၁၂ မကုန်ခင်အထိ NLDပဲ ခွပ်ဒေါင်းတံဆိပ်၊
ဒေါ်စုပုံ မမြင်ချင်အဆုးံ ပုံနေတာပဲ၊ ဒီလှိုင်း အမြဲယူတယ် ၊
တစ်အိမ်ဆို ဤအိမ်သည် ဒေါ်အောင်ဆန်းစုကြည်၏
မေတ္တာရိပ်အောက်တွင်တည်ရှိပါသောကြောင့် မည်သည့် ပါတီမှ စည်းရုးံမရနိုင်ပါလို့တောင် ရေးထားပါတယ်။
ခုတစ်အိမ်မှ ခွပ်ဒေါင်းအလံ ဒေါ်စုပုံ မရှိတော့ဘူး ၊
မစိုရိမ်တိုက်သစ်မှာ သံဃာ၂၅၀၀ ရှိတယ်၊
ကြားဖြတ်မတိုင်ခင်အထိ ရခိုင်အရေးအခင်းမတိုင်အထိ
သံဃာတွေလက်ထဲ ဒီလှိုင်းရှိတယ်
NLD သော့ချိတ် ရှိတယ် စာဖြေသွားရင်တောင်
NLD လွယ်အိတ်နဲ့ သွားတယ်။
ကျောင်းနားက NLD တံဆိပ်ရောင်းသည့် ဆိုင်မှာ
ဘယ်တော့မှ ပစ္စည်းမလောက်ဘူး ၊
ခုဒါတွေ မရှိတော့ဘူး မယုံရင် မစိုးရိမ်တိုက်သစ်လာကြည့်ပါ၊
A Shin Visithta
Subscribe to:
Post Comments (Atom)
No comments:
Post a Comment