Monday, January 27, 2014

ကျနော်တို့ ရုရှားမှာ ဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားဖို့ အတွက် သာသနာ စပြုနေကြပါပြီ.. ကျနော့် စီနိယာ အကိုကြီး တစ်ယောက်ဆိုရင် ရုရှားတွေကို ဘာသာရေး ဘက်ပိုင်းကို တော်တော်လေး ထိထိ ရောက်ရောက် သင်ကြား ပြသ ဖြန့်ဝေ ပေးနေပါတယ်... စိတ်ပါဝင်စားတဲ့ ရုရှား အများအပြားလဲ ရှိပါတယ်... သို့ ပေမယ့် ဗုဒ္ဓဘာသာ ဘုန်းကြီး ကျောင်း မရှိ သေးတာ ကြောင့် အားလုံးနဲ့ တိုင်ပင်ပြီး ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်း ကို ရုရှားနိုင်ငံ မော်စကိုမြို့မှာ ထားပြီး သာသနာ ပြုဖို့ အတွက် ရည်ရွယ်ထား ကြပါတယ်... အဲဒီ အစီအစဉ်ကို ရုရှားကို ကြွတော်မူခဲ့တဲ့ ဆရာတော်ဘုရားကြီး အရှင်ဥာဏိဿရ(သီတဂူ) နဲ့ ဆရာတော်ကြီး အရှင်ဆေကိန္ဒ(ဓမ္မဒူတ) တို့မှ မိန့်မှာ ခဲ့ပြီး ဖြစ်မြောက်အောင် လုပ်ကြဖို့ မိန့်တော်မူခဲ့ကြပါတယ်... ဒီအတွက် ကြောင့် ကျနော်တို့ဟာ ဘုန်းတော်ကြီးကျောင်းထားဖို့ လိုအပ်တဲ့ အလှူငွေများကို အလှူခံ လျှက်ရှိပါတယ်... ဘာသာ သာသနာ ထွန်းကား ပြန့်ပွားဖို့ အတွက် တက်နိုင်သလောက် တစ်တပ်တအား ပါဝင်ထည့် ၀င်ကြမယ်လို့လဲ မျှော်လင့်မိပါတယ်... ညီအစ်ကိုမောင်နှမများ သူငယ်ချင်းမိတ်ဆွေများ အားလုံး... ကျနော်တို့ရဲ့ ဘာသာ သာသနာ ထွန်းကား ပြန့်ပွားဖို့ အတွက် စည်းစည်းလုံးလုံးနဲ့ ၀ိုင်းဝန်း လိုက်ကြရအောင်လားဗျာ... (အလှူရှင်များ သိရှိအောင် လက်ဆင့်ကမ်း ဖြန့်ဝေ ပေးခြင်းအား ဖြင့်လည်း ကုသိုလ် ယူနိုင်ပါတယ်) ကုသိုလ်ရေးမို့ အကျိုးမျှော်နိုးဆော်ရင်း... ကျေးဇူး အထူးတင်ရှိလျှက် (သွေးသစ္စာ) မြန်မာဘုန်းတော်ကြီးကျောင်း တည်ထောင်ရန် သတင်းလွှာ နှင့် မော်စကိုမြို့ဓမ္မ၀က်ဆိုဒ်မှာ >> http://dhammamoscow.ru/ <<

No comments: