Monday, January 20, 2014

တိုင်းပြည်အတွက် တပ်မတော်မှာ စစ်သားတစ်ယောက်တိုးလာတိုင်း ၀မ်းနည်း ပူဆွေးသောက ရောက်ရမယ့် မိခင်တစ်ယောက်ပါတိုးလာတယ်...... တပ်မတော်ကို ကဲ့ရဲ့ လှောင်ပြောင် တာတွေ ကို တွေ့ ကြုံရတဲ့အခါ စစ်သားမိခင်ရဲ့  ပူပင်သောက မျက်ရည်တွေကို အားနာမိတယ်။ တပ်မတော်ကို အပြစ်တင်ဝေဖန် ရှုံချ တာတွေကို တွေ့ ကြုံရတဲ့ အခါ စစ်သားမိခင်ရဲ့  ဘေးအန္တာရယ် ကင်းဖို့ ဆုတောင်းနေသံ တွေကို အားနာမိတယ်။ တပ်မတော်ကို မဟုတ်မမှန် သတင်းတွေနဲ့  အပုတ်ချ စော်ကားနေတာတွေ တွေ့ ကြုံရတဲ့အခါ စစ်သားမိခင်ရဲ့  သားဖြစ်သူအတွက်ဂုဏ်ယူ ၀ံ့ကြွားတဲ့  အပြုံ တွေကို အားနာမိတယ်။ တိုင်းပြည်အတွက် တပ်မတော်မှာ သားတွေကို လှူဒါန်းခဲ့တဲ့  မိခင်တွေ..... ငြိမ်းချမ်းရေးအတွက် အသက်စွန့် သွားတဲ့  သားဖြစ်သူကို နှမြောတသ ဖြစ်နေတဲ့မိခင်တွေ............... ဒုက္ခိတ ဖြစ်သွားရှာတဲ့ သားဖြစ်သူ အတွက် ယူကြုံးမရ ဖြစ်နေတဲ့  မိခင်တွေ.... မိဘချင်းကိုယ်ချင်းစာစိတ်နဲ့ ထပ်တူထပ်မျှ ၀မ်းနည်းမပေးနိုင်ရင်နေပါ "သေတာနည်းတောင်နည်းသေးတယ်" ဆိုတဲ့ စကားကတော့ အရမ်းရက်စက်လွန်ပါတယ်ဗျာ............... ဘယ်သူတွေ ဘယ်လို ဘဲ ဝေဖန်ကြပါစေ အမေ သားခံယူချက် မှန်ကန်လို့ လိပ်ပြာလုံတယ်။ Waihin Thu Ye

No comments: