Sunday, January 19, 2014

မင်းတို့ပြည်ပြေးတွေ Asylum လုပ်လို့ပဲဖြစ်ဖြစ်၊ နယ်စပ်ကနေတတိယနိုင်ငံရောက် Refugee ခံထားလိုပဲဖြစ်ဖြစ် အမေရီကန်နိုင်ငံထဲမှာ အခြေချနေထိုင်နေတဲ့သူများ ငါရေးတဲ့ ဒီပို့စ်လေးကိုတွေ့ရင်အဖြေပေး ပေးခဲ့ကြပါ။ မင်းတို့နေထိုင်တဲ့ နိုင်ငံကြီးက ဒီမိုကရေစီစနစ်အရမ်းပြည့်ဝတယ်ဆိုတာကို စာအုပ်တွေထဲမှာဖတ်ဖူးတယ်။ လူ့အခွင့်အရေးတွေလဲ လွှတ်ကောင်းဆိုပဲ။ ပြေီးခဲ့တဲ့ ရွေးကောက်ပွဲ သက်တမ်းနှစ်ခုလောက်ကမှပထမဦးဆုံးသော လူမည်းသမ္မတကို ပြည်သူတွေကရွေးချယ်တင်မြှောက်လိုက်တယ်ဆိုတာသိရတယ်။ အဲ့ဘဲကြီး ငါတို့မြန်မာပြည်ကြီးကို တောင်ဟိုတလောက လာလည်သွားသေးတယ်ကွ။ ငါမေးချင်တာက အဲ့သမ္မတအိုဘားမားရဲ့ အိမ်သူ မီရှဲအိုဘားမားက အင်္ဂလန် သို့မဟုတ် ကင်ညာ နိုင်ငံမှာမွေးခဲ့တဲ့သူဆို မင်းတို့ ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းဖြစ်ဖို့အတွက် အိုဘားမားကို Endorse လုပ်မလား၊ မလုပ်ဘူးလားဆိုတာပါပဲ။ အခြေခံဥပဒေအရတော့ တားမြစ်ခွင့်မရှိဘူးဆိုတာမှန်ပေမယ့် သူတို့ပါတီဝင်တွေက နိုင်ငံခြားသားရဲ့ လင်ယောက်ျားကို သမ္မတလောင်းအဖြစ် ဝင်ရွေးချယ်ပိုင်ခွင့် ပေးမှပေးကြပါ့မလား။ ငါလို တောသားကမ္ဘာ့အရေးနဲ့ မြန်မာ့အရေး ချိန်ထိုးကြည့်ချင်လို့မေးရတာပါကွာ။ အမေရီကန်က ပြည်ပြေးတွေ ဖြေပေးကြကွာ။ ကျေးဇူးအထူးတင်ပါသည်။ နိုင်ငံရေးလေ့လာသူတစ်ဦး ( ပခုက္ကူမြို့ )

No comments: