Sunday, January 19, 2014

ကြည်ဝါထွန်း'' fb'' အကောင့်( သိုး ကလေး )လက်ရှိစကာင်္ပူတွင်အလုပ်လုပ်နေ ယခုတင်ထားသောအမျိုးသမီးသည်ဘာသာခြားတဦးဖြစ်သည်ံအလျောက်ဗုဓ္ဒဘာသာနှင့်ရဟန်းရှင်တွေအားအစဉ်တစိုက်စော်ကားနေသော၊ခွန်ဒီးယန်၊ဇင်မာအေး၊တို့အားမည်သို့ဟန့်တားရမည်ကိုတတ်သိနားလည်ကြကုန်သောမြန်မာပြည်သားအမျိုးကောင်းသားများလမ်းညွှန်ပေးကြပါ။':@[1089535937;10202089498214193;;9:www.facebook.com/kyiwahhtun/posts/10202089498214193]]" ခွန်ဒီးယမ် အကောင့်ကို သတင်းထူးလေး ဘာလေး သိရအောင် ဝင်ဖတ်ကြည့်တာ မျိုးစောင့်ဥပဒေနဲ့ ပတ်သတ်တဲ့ စတေးတပ်စ်တွေမှာ ကြည်ဝါ့နာမည်လေးက ထိပ်ဆုံးက ဦးဆောင်နေပါလား. ဟီးဟီး. အဲ့ဒီ အမျိုးစောင့် ဥပဒေဆိုတာကလဲ နော်. တကယ်ပဲ. ထပ်ပြောရရင်လဲ မကောင်းရှိတော့မယ်. အဲ့ဒီ ဝီရသူဆိုတဲ့ လူက ဆံပင်ပြန်မပေါက်တော့လို့များ တချက်ခုတ်နှစ်ချက်ပြတ် လူကြည်ညိုခံရအောင် သင်္ကန်းရုံထားသလား မှတ်ရတယ်. လုပ်နေသမျှအကုန်လုံးက သံဃာဆိုတဲ့ အမည်နာမ သံဃာတဦး လုပ်ရမဲ့ အလုပ်နဲ့ လားလားမှ မဆိုင်. ရုပ်လက္ခဏာရဲ့ တည်ကြည်မှုကို ကြည့်ပြန်တော့လဲ မျက်လုံးက ကျီးကန်းတောင်းမှောက် သူခိုးမျက်လုံးအတိုင်းပဲ. ပြောတဲ့ စကားတွေနားထောင်ပြန်တော့လဲကျမအရူးထောင်မှာ အလှူသွားလုပ်တုန်းက တွေ့ခဲ့တဲ့ စိတ်ဖောက်ပီး ကိုယ့်သမီးကိုယ် ပြန်သတ် တရွာလုံးကို မီးရှို့သတ်ခဲ့တဲ့ အရူးတယောက်ရဲ့ ပြောစကားကမှ အဓိပ္ပါယ်ပိုရှိသေးတယ်. ပြောလဲမပြောချင်တော့ပါဘူး. ရွံလွန်းလို့. ဘုန်းကြီးတွေ ဖြစ်ကြပီးတော့ ဒကာမတွေ ချက်ကျွေးတဲ့ ဆွမ်းတွေကိုစား ဒကာမတွေရဲ့ စားဝတ်နေရေး ပိုမို အဆင့်အတန်း မြင့်မားအောင် အစိုးရကို မှန်မှန်ကန်ကန် အကြံပေး ဟောပြောညွှန်ပြရမဲ့အစား ဒကာမတွေရဲ့ အပေါက်ကို လိုက်ချယ်လှယ်တဲ့ အလုပ်တွေကို လုပ်ဘို့ကြိုးစားနေကြတယ်ဆိုတော့ဒါဟာ လက်မှတ်ထိုး လက်ထက်ယူစရာမလိုပဲ သင်္ကန်းဝတ်နဲ့ ဒကာမလင် လုပ်ဘို့ ကြိုးစားနေကြတာနဲ့ အတူတူပဲ. ကျမကတော့ ခပ်ပြတ်ပြတ်ပဲ. အဲ့ဒီ ဝီရသူ ဥပဒေ ထွက်လာလို့ကတော့ တခြားဘာသာတခုကို ပြောင်းပီး ခပ်အေးအေးပဲ နေတော့မယ်. မှတ်ပုံတင်ထဲရှိနေတဲ့ ဗုဒ္ဓဘာသာဝင်ဆိုတဲ့ သတ်မှတ်ချက်ကနေ ဝီရသူဘာသာဝင်ဆိုတာ သူ့အလိုလို ပြောင်းသွားမဲ့ အခြေအနေမျိုးတော့ ဒီအတိုင်း ထိုင်ကြည့်နေမှာ မဟုတ်ဘူး. အဲ့ဒီ ဥပဒေသာ အတည်ဖြစ်ခဲ့ရင် ဒါဟာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဟာ ဗုဒ္ဓဘာသာမည်မှာ မဟုတ်တော့ဘူး. အမှန်တရားနဲ့ သွေဖီနေတဲ့ ဝီရသူ ဘာသာပဲ ဖြစ်လာမှာ. ပြောပီးခဲ့သလိုပဲ. ဗုဒ္ဓဘာသာကို အခြေခံပီး အမျိုးဘာသာ စောင့်ရှောက်မယ်ဆိုရအောင် ဘယ်ဗုဒ္ဓဘုရားမှ မြန်မာနိုင်ငံမှာ ပွင့်ခဲ့တာ မရှိဘူး. သူများနိုင်ငံက နိုင်ငံခြားသားချည်းပဲ. နိုင်ငံခြားသားကြီးကို ကိုးကွယ်နေပီးတော့ ကိုယ့်နိုင်ငံသားကိုတော့ နိုင်ငံသားအချင်းချင်းတောင် တခြားဘာသာဝင်နဲ့ လက်မထက်ရ မယူရဆိုတော့ ကိုယ်လုပ်နေတဲ့ အလုပ်က အမောင် တောင်မှန်း မြောက်မှန်းတောင် သိပုံ မပေါ်ဘူး. စိတ်ကုန်တယ်. ဒကာမတွေချက်ကျွေးတဲ့ ဆွမ်းတွေ စားနေတဲ့ ဘုန်းကြီးတွေတဲ့. ဘုရားစူး ယုံတောင် မယုံနိုင်ဘူး. လုပ်ရပ်တွေက စစ်တပ်အုပ်ချုပ်ရေးစနစ်က လုပ်တဲ့ လုပ်ရပ်တွေနဲ့ တထပ်တည်းပဲ.

No comments: