Monday, January 20, 2014

ဟဲဟဲ

အခု ဒီနှစ်ထဲ ၂၀၁၄မှာ ရွေးကောက်ပွဲလုပ်လုပ် နောက်နှစ် ၂၀၁၅မှာပဲလုပ်လုပ် ၂၀၁၆ ဒါမှ မဟုတ်ကြိုက်တဲ့အချိန်ရွေးကောက် ပွဲသာ တရားမျှတလွတ်လပ် အောင်ကျင်းပစမ်းပါ။ အမေစု ဦးဆောင်တဲ့ နိုင်ငံရေးပါတီကပဲ တစ်ပြည်လုံး တောင်ပြို ကမ်းပြို နိုင်မယ်ဆိုတာ အပြတ်ပြောလိုက် မယ်။ “အောင်ဆန်း”ဆိုတာ ကျုပ်တို့ရဲ့လွတ်လပ်ရေးဖခင်။ “အောင်ဆန်းစုကြည်”ဆိုတာ လူထုရဲ့ မျှော်လင့်ခြင်းအရုဏ်ဦး၊ မျှော်လင့်ခြင်းနေရောင်ခြည်ဖြစ် နေတာ နှစ်ပေါင်း ၂၅ နှစ်ကျော်ခဲ့ ပြီ။ ဒေါ်အောင်ဆန်းစုကြည် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆို မယ့်အခမ်းအနားကွှိုဠ က လွှင့် ထုတ်မယ့်မြင်ကွင်းကို ကြည့်ချင်လို့ မသေသေးဘဲ စောင့်နေတဲ့ပြည်သူ တွေသန်းပေါင်းများစွာ စောင့်နေ ဆဲပဲ။ ရှစ်လေးလုံး အရေးတော် ပုံကြီး၊ ၂၀၀၇ ရွှေဝါရောင်နဲ့ ၂၀၀၈ နာဂစ်မှာ ကျဆုံးကွယ် ပျောက်သွားခဲ့ရတဲ့ ၀ိညာဉ်တွေ ဟာ အခုထိ မကျွတ်လွတ်နိုင် သေးဘူး။ အဲဒီဝိညာဉ်တွေကပါ “အမေစု စင်မြင့်ပေါ်တက်လာပြီး လူထုအစိုးရခေါင်းဆောင်အဖြစ် ကျမ်းသစ္စာကျိန်ဆိုမယ့်ရက်ကို စောင့်နေကြတယ်”။ အဲဒီနေ့ပြီးမှ သူတို့ကို အမျှဝေပါတဲ့။ အဲဒီနေ့ပြီးရင် ကျုပ်တို့ကျဆုံး ခဲ့ရတဲ့မဟာသူရဲကောင်းရဟန်းပြည် သူကျောင်းသားအပေါင်းကို ကျုပ် တို့တစ်ပြည်လုံးအမျှဝေတဲ့ပွဲတွေ ပြုလုပ်ကြရလိမ့်ဦးမယ်။ ၁၉၉၀ရွေးကောက်ပွဲလည်း နိုင်တာပဲ။ နိုင်တာမှ ရိုးရိုးနိုင်တာ မဟုတ်ဘူး။တစ်ပြည်လုံး လှည်းနေ လှေအောင်းမြင်းဇောင်းမကျန် အ ပြတ်အသတ်နိုင်ခဲ့တာ။ ရွေးကောက်ပွဲနိုင်လည်း အာဏာမလွှဲခဲ့ဘူး။ ပေကပ်ပြီး အချိန်ဆွဲခဲ့တာ နှစ်ပေါင်း၂၆နှစ် ကျော်ခဲ့ပြီ။ ယနေ့တိုင်ပဲ။ ၂၀၁၂ကြားဖြတ်ရွေးကောက် ပွဲ ၄၃နေရာမှာလည်း ၄၂နေရာ အမေစုတို့နိုင်ခဲ့တာပဲ။ တစ်နေရာ က ၀င်မပြိုင်ခဲ့လို့မရခဲ့တာ။ ရွေး ကောက်ပွဲထပ်လုပ်စမ်းပါနိုင်ဦးမှာ ပဲ။ နိုင်ပြီးသားပါ။ ခက်တာက နိုင်ရင်ကော တကယ် အာဏာလွှဲမှာလား။ အနိုင်ရပါတီရဲ့ နံပါတ်တစ်ခေါင်း ဆောင်အမေစုက သမ္မတလုပ်ခွင့် ရမှာလား။ ဒါက အဓိကပြဿနာ ဖြစ်တယ်။ လုပ်လာနိုင်တာက အမေစု ရဲ့ ပါတီက ရွေးကောက်ပွဲတော့ အများစုနိုင်သွားမှာပါ။လွှတ်တော် ထိုင်ခုံနေရာအများစုလည်း ရသွား မှာပါ။ ဒါပေမဲ့ အမေစုရဲ့ သားနှစ် ယောက်က နိုင်ငံခြားသား ဖြစ်နေ လို့ဆိုတဲ့အကြောင်းပြချက်နဲ့အမေစု သမ္မတတာဝန်ယူခွင့်မပြုတာတို့ အနိုင်ရပါတီရဲ့ အစိုးရ အဖွဲ့ရဲ့ ပြင်ပထိန်းချုပ်ခေါင်းဆောင်ပဲ လုပ်ခွင့်ရှိတာတို့ ဆင်ခြေဆင်လက် တွေထွက်လာနိုင်တာပဲ။ မကြာခင်က ၂၀၁၀ ရွေး ကောက်ပွဲမှာ အများဆုံး ထိုင်ခုံရ ထားတဲ့ှီဏ (ကြံ့ခိုင်ရေးပါတီ) ရဲ့ ဗဟိုကော်မတီအစည်းအဝေး လုပ်တယ်။ အဲဒီဗဟိုကော်မတီ အစည်းအဝေးက ၂၀၀၈ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်သင့်တဲ့ အချက်ပေါင်း ၇၄ ချက်ကို ထုတ်ယူခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ ပုဒ်မ ၅၉(စ)ရဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် အပိုဒ်တချို့ကိုတော့ ပြင်မယ်လို့ ပြောတယ်။ အဲဒါက နဂိုက ၅၉(စ)နဲ့ မှာ သမ္မတတာဝန်ထမ်းဆောင်မည့် သူရဲ့ခင်ပွန်း၊ဇနီး၊ သားသမီး၊ သမက်၊ ချွေးမစသည်တို့ဟာ တစ်ပါး နိုင်ငံခြားတိုင်းပြည်ရဲ့ ကျေးဇူးခံကျေးဇူးစား၊ နိုင်ငံခြားသား မဖြစ်စေရ ဘူးလို့ဆိုထားတဲ့နေရာ မှာယခု ပြင်ဆင်ပေးမယ့်စာသား က သမက်နဲ့ချွေးမအဆင့်ကို ဖြုတ်ချပယ်ဖျက် ပြင်ဆင်ပေးလိုက် တယ်ဆိုတဲ့ဆုံးဖြတ်ချက်ပေါ့ဗျ။ တကယ်တော့ ၂၀၁၂ရွေး ကောက်ပွဲနောက်ပိုင်း၊ ဒုတိယ သမ္မတသီဟသူရဦးတင်အောင် မြင့်ဦးနှုတ်ထွက်သွားလို့ လစ်လပ် သွားတဲ့နေရာမှာ ပထမတုန်းက ဦးမြင့်ဆွေ(ယခုဝန်ကြီးချုပ် ရန် ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့)ကို တပ်မတော်သားတွေက လွှတ်တော်ထဲမှာ တင်သွင်းခဲ့ကြ တယ်။ အဲဒီ ချွေးမနဲ့သားမက် ကိစ္စမှာ ပတ်သက်မှုရှိလို့ဆိုပြီး ဦးမြင့်ဆွေက ဒုတိယသမ္မတ တာဝန်က လွဲချော်ခဲ့ရပြီး ရန်ကုန် တိုင်းဒေသကြီးအစိုးရ အဖွဲ့ရဲ့ဝန် ကြီးချုပ်ဖြစ်လာခဲ့တာပဲ။ အခုလို အာဏာရှီ့ဏ ပါတီက ၂၀၀၈ကို ပြင်မယ်ဆိုရင် တောင် ဒီအတိုင်းဆို အမေစုဟာ သားနှစ်ဦးစလုံး ယူနိုက်တက် ကင်းဒမ်းနိုင်ငံသား တွေဖြစ်နေ တဲ့အတွက် သမ္မတဖြစ်နိုင်ခွင့် မရှိသေးဘူးဖြစ်နေတယ်။ အမေစုရဲ့သားတွေ ဖြစ်တဲ့ မောင်မြင့်ဆန်းအောင် ဗူနထညေိနမ တွေ မောင်ထိန်လင်ုးငာ ရော နှစ်ဦးစလုံ့းု မှာ မွေးပြီ့းု နိုင်ငံသားဖြစ်ခဲ့တာ ဘာဆန်းလဲဗျ။ ရိုးရိုးလေးပဲပေါ့။ ဟိုမှာမွေး၊ ဟိုမှာ ကြီးခဲ့လို့ဟို နိုင်ငံသား ဖြစ်နေတာ။ ဘာအပြစ်ရှိလဲ လို့ဗျာ။ သူတို့နှစ်ယောက် စလုံး ကလည်း အခုအချိန်မှာ ကလေး တွေမှမဟုတ်တော့တာ အသက် ၂၁ နှစ်ကျော်ပြီး အိမ်ထောင် ရက် သားကျပြီး တစ်အိုးတစ်အိမ် ထောင်ဘ၀တွေ သီးခြားထူထောင် ရပ်တည်နေတဲ့သူတွေ ဖြစ်နေကြ ပြီပဲဗျာ။ ၂၀၁၀ မတိုင်မီ အာဏာ ရှင်ကြီးခေတ်က အမေစု ခင်ပွန်း မိုက်ကယ်အဲရစ်ကို ဦးတည်ပြီး ပြဿနာရှာခဲ့တယ်။ ဆီးကျိတ် ကင်ဆာဝေဒနာခံစားနေရပြီး သေဆုံးတော့ မယ်ဆိုတာတောင် သူ့ဇနီးကိုမတွေ့သွားခဲ့ရဘူး။ မြန်မာပြည်ထဲဝင်ရောက်လာပြီး မသေဆုံးမီကလေး လူနာကိုယ် တိုင်က သူ့ဇနီးဆီကိုနောက်ဆုံးအ နေနဲ့ လာနှုတ်ဆက်ချင်ပါတယ် ဆိုတာကိုတောင် ပြည်ဝင်ခွင့်ဗီဇာ ကို မြန်မာအာဏာပိုင်တွေက ခွင့် မပြုခဲ့လို့ ဇနီးသည်ကိုတောင် နှုတ် မဆက်လိုက်ရဘဲ ဒီအတိုင်းဆုံး သွားခဲ့ရတဲ့ဘ၀ဗျာ။ အခု မိုက်ကယ်ဆုံးသွားပြီဆို တော့ မိုက်ကယ်ကို ပြဿနာရှာ ခွင့်မရတော့တဲ့အခါမှ မောင်မြင့် ဆန်းအောင်နဲ့ မောင်ထိန်လင်း တို့နှစ်ဦးဘက်ကို“ဖွတ်မုန်တိုင်း” က ဦးတည်ပြီးတိုက်နေပြီ။ ဒီ “ဖွတ်မုန်တိုင်း” ရဲ့လားရာဦးတည် ချက်ကမ်းခြေကသားနှစ်ယောက် ဖြစ်နေတော့ အမေစု သမ္မတဖြစ် ဖို့ သူရဲ့သားနှစ်ယောက်စလုံး မြန်မာနိုင်ငံသား ပြောင်းလဲခံ ယူချင်ယူ။ မယူရင် သားနှစ် ဦးစလုံးသေဆုံးပေးရမယ့်ကိန်း ဆိုက်နေပြီဗျ။ မိခင်ဖြစ်သူ မြန်မာပြည်ရဲ့ သမ္မတဖြစ်ဖို့ု မှာ မွေ့းု မှာ ကြီးပြင်း လူလား မြောက်ခဲ့ရတဲ့ သားနှစ်ဦး “အင်္ဂလိပ် ရေလက်ကြား”ထဲ ခုန်ချပြီးသေဆုံး သွားပေးရမလိုဖြစ်နေပြီ။ ရယ်ဖို့ကောင်းတယ်ဗျာ။ ကြားရတဲ့ စကားတွေက ရှက်စရာ ကောင်းသလို ခံပြင်းဒေါသထွက် ဖို့လည်း ကောင်းနေတယ်။ ဒီကြားထဲ မောင်မြင့်ဆန်း အောင်နဲ့မောင်ထိန်လင်းတို့က မိခင်အတွက် အနစ်နာခံပြီး သူတို့ အဖိုးဗိုလ်ချုပ်အောင်ဆန်းရဲ့တိုင်း ပြည်မြန်မာပြည်မှာ နိုင်ငံသား လျှောက်ခဲ့ရင်တောင်မှ ဘာဖြစ်လို့ ညာဖြစ်လို့ဆိုပြီး နိုင်ငံသားအဖြစ် လက်မခံခဲ့ရင် ဒါမှမဟုတ် သုံးနှစ် လေးနှစ်စဉ်းစားနေခဲ့ရင် အဲဒီ အမေစုရဲ့သားနှစ်ဦးခမျာ နိုင်ငံမှဲ့အအေနူနျ တွေ ဖြစ်ကုန်ကြရမယ့် ကိန်းတောင်ထပ်ဆိုက်ဦးမှာ။ ဟုတ် တယ် အမေစုရဲ့သားနှစ်ဦးခမျာ သူတို့အမေအတွက် အနစ်နာခံပြီ့းု နိုင်ငံသားစွန့်၊ မြန်မာနိုင်ငံ သားအဖြစ်ခံယူမယ်ဆိုရင်တောင် မြန်မာပြည်ဘက်က နိုင်ငံသား လက်မခံခဲ့ရင် တောင်မရောက် မြောက်မရောက် “မျောက်သစ် ကိုင်းလွတ်”ဘ၀ ရောက်ချင် ရောက်သွားနိုင်တယ်။ စိတ်မချရ ဘူး။ မနေ့တစ်နေ့ကပဲ အာဏာရ ပါတီခေါင်းဆောင်တစ်ဦးရဲ့ “သား သမီးမကောင်း မိဘခေါင်း”ဆိုပြီး မဟာအတွေးအခေါ်သင်ကြား ချက်ကို ပုဂ္ဂလိက နေ့စဉ် သတင်း စာတစ်စောင်မှာ ဖတ်လိုက်ရ တယ်။ တကယ်တော့ အမေစုသား နှစ်ယောက်က အသက် ၂၁ နှစ် ပြည့်ပြီးပြီပဲဗျ။ သူတို့မြန်မာနိုင်ငံ သားဖြစ်ဖြစ်မဖြစ်ဖြစ် ဒေါ် အောင်ဆန်းစုကြည်သမ္မတ ဖြစ် ခွင့်/မဖြစ်ခွင့်နဲဘာဆိုင်လို့လဲ။ အမေစုရဲ့ သားနှစ်ယောက်က အမေစု မြန်မာပြည်မှာ နိုင်ငံရေး လောကထဲစ၀င်တဲ့ ၁၉၈၈ က တည်းကမိခင်ရဲ့ စွန့်ပစ်ထားသလို တောင်ဖြစ်ခဲ့ရတာ။မိခင်မေတ္တာ ပျောက်ဆုံးသွားခဲ့ရပြီး အသက်ရှင် ကြီးပြင်းခဲ့ရတဲ့ ကလေးနှစ်ယောက် ပါ။ သူတို့ ခင်မျာ ဖခင်နဲ့ပဲ နေ ထိုင်ပြီးကြီးပြင်းခဲ့ရတာ။ အမေ လုပ်သူ အမေစုက မြန်မာပြည် က ၅၄ ခြံကြီးထဲမှာ အကျယ်ချုပ်အ ကျဉ်းသား။ မြန်မာပြည်ရဲ့အရေး ကြီးဆုံးအကျဉ်းသားဟာ သူတို့ရဲ့ မိခင်ပဲလေ။ သူတို့ဖာသာကြီးပြင်းလူ လားမြောက်ခဲ့ကြရတာပဲ။ အခု ချိန်မှာ မြန်မာပြည်ကလူတစ်စုရဲ့ ရယ်စရာကောင်းတဲ့သတ်မှတ်ချက် စည်းမျဉ်းတွေကြောင့် သူတို့ခင် မျာ သူတို့ဇနီးမယားသားသမီးတွေ နဲ့ ခွဲခွာပြီး မြန်မာနိုင်ငံသားလာ ပြီးခံယူပေးရမယ့်ကိန်း ဆင်ထား တာတော့ လုံးဝမတရားဘူးဆိုတာ လယ်ပြင်မှာ ဆင်သွားသလို ထင် ရှားနေတာပါပဲ။ “ညောင်ဦးကမ်းပါးပြိုတာနဲ့ စပ္ပါယ်နဂိုရ်က နွားမပေါင်ကျိုး တာ”ဘာဆိုင်လို့လဲဗျ။ တကယ် တော့ ရန်ကုန်တိုင်းဒေသကြီးအစိုး ရ၀န်ကြီးချုပ်ဦးမြင့်ဆွေ၊ ဒုတိယသ မ္မတဖြစ်နိုင်ခွင့်ဆုံးရှုံးခဲ့ရတုန်းက လည်း ကျုပ်သဘောအရဆို ၀န် ကြီးချုပ်ဦးမြင့်ဆွေဟာကြားထဲက ငထွားခါးနာခဲ့ရတာပဲ။ ကျုပ် သဘောနဲ့ဆိုရင်တော့ ဦးမြင့်ဆွေ ရဲ့သားသမီးတွေ၊ ဇနီး၊ခင်ပွန်း၊ သူရဲ့ချွေးမ၊ သမက်တွေ နိုင်ငံခြား သားဖြစ်နေတယ်ဆိုတာနဲ့ တင် ဦးမြင့်ဆွေခမျာဘာမဆိုင်ညာမဆိုင် ဒုတိယသမ္မတ ဖြစ်နိုင်ခွင့်ဆုံးရှုံးခဲ့ ရတာပဲ။ ကျုပ်တော့ အဲဒီထဲက ဒီလိုဥပဒေလုပ်ထားတာ သဘော မကျဘူး။ အသက် ၁၈ နှစ်ပြည့် ပြီးတဲ့သူတိုင်း သားသမီးတိုင်း ကြိုက်နှစ်သက်တဲ့ နိုင်ငံရေးပါတီ ကိုမဲပေးပိုင်ခွင့်ပြု ထားပေးပြီပြီးပဲ ဗျာ။ အသက် ၂၁ နှစ်အထက်ဆို တော့ သူတို့ဟာရင့်ကျက်တဲ့ သူ တွေ ဖြစ်သွားပြီမို့သူတို့ကြိုက်တဲ့ လမ်းရွေးချယ်ပိုင်ခွင့်ရှိသွားပြီပဲ။ ၁၉၇၆ ခုနှစ်၊ ဒီဇင်ဘာလ၊ (၂၄)ရက်နေ့မှာ ပြည်ထောင်စု မြန်မာနိုင်ငံတော် သမ္မတဦးနေ၀င်း (ဗိုလ်ချုပ်ကြီးဟောင်းဦးနေ၀င်း) က အီတလီနိုင်ငံသူ ဒေါ်ရတနာ နတ်မယ် (ၾ်. ဲကညန ၽြသ်န ႀနူူောပ) ကို တရားဝင်ထိမ်းမြား လက်ထပ်ခဲ့တာ အားလုံးမှတ်မိ တော်မူကြမယ်ထင်ပါရဲ့ဗျ။လုပ်သား ပြည်သူနေ့စဉ်သတင်းစာ။ ကြေးမုံ သတင်းစာ၊ မြန်မာ့အလင်းသတင်း စာတွေရဲ့ မျက်နှာဖုံးကြီးမှာ မြန်မာ မင်္ဂလာပွဲဝတ်စုံတွေဝတ်ပြီး နိုင်ငံ တော် သမ္မတကြီးဦးနေ၀င်းနဲ့ အီတလီနိုင်ငံသူဒေါ် ရတနာ နတ်မယ်တို့ ရဲ့အကြောင်းဆက် ပေါင်းဖက်ရွှေလက်တွဲခဲ့ကြတဲ့ဓာတ် ပုံကြီးတွေဖော်ပြခဲ့တာ မြန်မာ သိကမ္ဘာသိပါ။ ကျုပ်ဆိုလိုချင်တာ က (၁၉၇၄)ခုနှစ် ဖွဲ့စည်းပုံအခြေ ခံဥပဒေအရ နိုင်ငံတော်ရဲ့ အမြင့် ဆုံးတာဝန်ထမ်းဆောင်နေတဲ့ သမ္မ တဖြစ်သူ ဦးနေ၀င်းကိုယ်တိုင်က တောင် နိုင်ငံခြားသူ၊ အီတလီနိုင်ငံ သူ ဒေါ်ရတနာနတ်မယ်ကို တရား ၀င် ထိမ်းမြားလက်ထပ်ယူခဲ့တဲ့ ရာဇ၀င်အတိအကျရှိခဲ့တာပဲ။ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေ အတိုင်းသာဆိုရင် အဲ့ဒီတုန်းက ဦးနေ၀င်းဟာ သမ္မတအဖြစ်က နှုတ်ထွက်ပေးခဲ့ရမှာပေါ့ဗျာ။ ဒါဆို ရင် အမေစုကို သားနှစ်ယောက် ကိစ္စနဲ့ မီးခွက်ထွန်းပြီး ပြဿနာ ရှာနေတာ တအားရယ်စရာ ကောင်း တယ်ဆိုတာ ထင်ရှားနေ တာပဲ။ ဒီဆောင်းပါးရေးနေစဉ်မှာပဲ ကျုပ်စိတ်ဝင်စားတဲ့သတင်းတစ် ပုဒ်ဖြစ်တဲ့ ၂၀၁၄ဇန်န၀ါရီ ၁၄ရက် နေ့ထုတ် စံတော်ချိန်နေ့စဉ် သတင်း၊ စာမျက်နှာ ၁၄ မှာပါတဲ့ သတင်း တစ်ပုဒ်ကို ပြည်သူတွေ သိနိုင်ဖို့ တင်ပြလိုက်ချင်တယ်။ သူရဦးအောင်ကိုက သမ္မတ အရည်အချင်း ကိစ္စကို နိုင်ငံတကာ မှအမျိုးသမီး ခေါင်းဆောင်များ နှင့်ခိုင်းနှိုင်းပြီး ရှင်းသွားတာ တော် တော်ကိုကောင်းတဲ့သတင်းတစ် ပုဒ်ဖြစ်တယ်ဗျ။ မီဒီယာများ၏ မေးမြန်းချက်တွေ ကိုအာဏာ ရပါတီဖြစ်တဲ့ပြည်ထောင် စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ သူရ ဦးအောင်ကိုမှ ဇန်န၀ါရီလ ၁၃ ရက်နေ့ကစာဖြင့် ပေးပို့ပြောကြားခဲ့ တာဖြစ်တယ်။ ဒီသတင်းကိုရတဲ့ သတင်းထောက်တွေကတော့ နန္ဒနဲ့ထိုက်သူဇော်တို့ ဖြစ်တယ်။ သူရဦးအောင်ကိုက လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ သမ္မတအရည်အချင်းတွင် စစ်ရေး အမြင်ရှိရမည်ဟု ဖော်ပြထားခဲ့မှုကို ဥပမာပေးရာတွင် (၁) ၁၉၆၉ အာရပ်-အစ္စရေး ခြောက်ရက်ကြာသမိုင်းဝင်စစ်ပွဲ ကြီးကို အစ္စရေးနိုင်ငံဘက်က ဦး ဆောင်၍ အနိုင်တိုက်ခဲ့တဲ့သူဟာ ၀န်ကြီးချုပ်မစ္စဂိုလ်ဒါမီယာ(အမျိုး သမီးဝန်ကြီးချုပ်)ဖြစ်ခဲ့ကြောင်း သူမမှာ စစ်ခေါင်းဆောင်တစ်ဦး မဟုတ်ဘဲ နိုင်ငံရေးသမားတစ်ဦး သာဖြစ်ကြောင်းဖော်ပြခဲ့သည်။ (၂) ၁၉၇၀ပြည့်လွန်ကာလ က အိန္ဒိပါကစ္စတန်စစ်ပွဲကို အိန္ဒိယနိုင်ငံဘက်မှ အနိုင်ရအောင် တိုက်နိုင်ခဲ့ပြီး အရှေ့ပါကစ္စတန်ကို ယနေ့ခေတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အဖြစ် အောင်မြင်စွာတည်ထောင် ပေးခဲ့သူမှာ အိန္ဒိယ၀န်ကြီးချုပ် မစ္စ အင်ဒီရာဂန္ဒီဖြစ်ခဲ့ကြောင်း။ အင်ဒီ ရာဂန္ဒီမှာ စစ်ခေါင်းဆောင် တစ်ဦး မဟုတ်ကြောင်း ထောက်ပြထား သည်။ (၃)၁၉၈၀ပြည့်ကာလဆီက တောင်အမေရိကတိုက်တောင်ဘက် စွန်းတွင် တည်ရှိသောဖောက်က လန်ကျွန်းစစ်ပွဲကို အင်္ဂလန်နိုင်ငံ နှင့် အာဂျင်တီးနားနိုင်ငံတို့ ဖြစ် ပွားခဲ့ရာ တောင်ဘက်မိုင် တစ် သောင်းကျော်ကွာဝေးသော ဖောက်ကလန်ကျွန်းစစ်မြေပြင်ကို အနိုင်ရအောင် ကွပ်ကဲအမိန့်ပေး အနိုင်တိုက်ခဲ့သူမှာ ဗြိတိန် ၀န်ကြီးချုပ်မာဂရက်သက်ချား (အမျိုးသမီးခေါင်းဆောင်) ဖြစ် ကြောင်းဖော်ပြခဲ့သည်။ (၄)ကမ္ဘာတွင် အင်အားအ ကြီးမားဆုံး ကြည်း၊ ရေ၊ လေ တပ်မတော်ကြီးကို ပိုင်ဆိုင်ထား သည့်အမေရိကန်ပြည်ထောင်စု ၏စစ်သေနာပတိချုပ်မှာ စစ် ခေါင်းဆောင်တစ်ဦးမဟုတ် သည့်ဥပဒေပညာရှင် နိုင်ငံရေး သမားတစ်ဦးဖြစ်သည့် မစ္စတာ ဘားရက်အိုဘားမား ဖြစ်ပါ ကြောင်း ဖော်ပြထားမယ်။ သို့ဖြစ်ပါ၍ သမ္မလောင်း အရည်အချင်းသတ်မှတ်ရာတွင် “စစ်ရေးအမြင်”ရှိရမည်ဆိုသည် မှာပြည်စုံမှုမရှိဘဲ “ကာကွယ်ရေး အမြင်”ရှိရမည့်ဟုဆိုမှသာ ပိုမို သင့်လျော်မည်ဟုသူရဦးအောင် ကိုမှယူဆကြောင်း ဖော်ပြထား သည်။ နိုင်ငံတစ်ခုကို ကာကွယ် ရာတွင် စစ်ရေးအမြင်များသည် နည်းမျိုးစုံဖြင့် ကာကွယ်နိုင် ကြောင်း စစ်ရေးအမြင်မှာ “နည်း ဗျူဟာ”ကို ကိုယ်စားပြုပြီး ကာ ကွယ်ရေးအမြင်မှာ “မဟာဗျူ ဟာ” ကို ကိုယ်စားပြုကြောင်း သူရဦးအောင်ကိုမှ သုံးသပ်ထား ကြောင်း ဖော်ပြထားသည်။ သူရဦး အောင်ကိုကဆက်လက်၍ ဒေါ် အောင်ဆန်းစုကြည်သမ္မတ ဖြစ် ရန် အရေးပါသည့် ၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉(စ)နှင့် ပတ်သက်၍ ဖြေကြားတာကတော့ ဗိုလ်ချုပ်အောင်ဆန်းဦးစီးရေးဆွဲခဲ့ တဲ့ ၁၉၄၇ အခြေခံဥပဒေထဲမှာ သမ္မတ၊ ၀န်ကြီးချုပ်များ၏အရည် အချင်း သတ်မှတ်ချက်လုံးဝမပါ ၀င်ခဲ့ကြောင်း ၁၉၇၄ခုနှစ် အခြေခံ ဥပဒေ (မဆလခေတ် အခြေခံ ဥပဒေ)မှာလည်း ၎င်းင်းကိစ္စနှင့်ပတ် သက်၍ ရေးသားပြဌာန်းခဲ့ခြင်းမရှိ ကြောင်း ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာတော့ မိဘအပြင်၊ ကာ ယကံရှင် သမ္မတလောင်း၏ဇနီး၊ ခင်ပွန်း၊ သားသမီး၊ သမက်၊ ချွေးမများအထိ ထည့်သွင်းဆွဲ ဆန့်ထားခြင်းမှာ တရားမျှတမှု ရှိမရှိ ပြည်သူများက ဆုံးဖြတ်ရ မည်ဖြစ်ကြောင်းသူရဦးအောင်ကို မှ ဖော်ပြခဲ့တယ်ဗျ။ သူရဦးအောင်ကိုက ပြည် ထောင်စုလွှတ်တော်အနေဖြင့် ဖွဲ့ စည်းပုံအခြေခံဥပဒေပြင်ဆင်ကြ ရာမှာ ပြည်သူများ၏ဆန္ဒ၊ လို လားချက်များနှင့်အညီ တတ်နိုင် သမျှ ကျယ်ကျယ်ပြန့်ပြန့် သဘော ထားကြီးကြီးနှင့်ပြင်ဆင်လိမ့်မည်ဟု သူ ယုံကြည်ကြကြောင်း ဖြေကြား သွားကြတယ်။ သူရဦးအောင်ကိုဆိုတာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်း ကော်မတီမှ အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်တယ်ဗျ။ ပြည်ထောင် စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုး ရေးပါတီဝင် အများစုပါဝင်တဲ့ ပူးပေါင်း ကော်မ တီထဲမှာ အချို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝမပြင် ချင်ကြောင်း။ အချို့မှာ အကန့် အသတ်ဖြင့် အဆင့်လိုက်ပြင် ချင်ကြောင်း။ အချို့မှာ လူထု ဆန္ဒနှင့်အညီ ကျယ်ကျယ် ပြန့်ပြန့်ဖြစ်ချင်နေကြောင်း။ ကျယ်ကျယ်ပြန့်ပြန့်ပြင်ချင် သည့်ဦးရေမှာ ပိုများကြောင်း သူရဦးအောင်ကိုက ပြော ကြားထားတာဗျ။ ဒီတစ်ခါတော့ ကျုပ်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာ သုံးသပ်ရေးပူးပေါင်း ကော်မတီ ခေါင်းဆောင့ှ်ီဏ ပါတီမှ သူရဦးအောင်ကိုဆိုသူကို တော် တော်စိတ်ဝင်စားသွားတယ်။ မဆိုးဘူးလို့ ပြောရမယ်။ သူရင်ထဲ က အမှန်အတိုင်းပြောတာဆိုရင် တော့ ချီးကျူးရမှာပဲ ဖြစ်တယ်။ ကျုပ်တို့အတွေ့အကြုံတွေက လည်း ဘယ်သူကိုမှမယုံရဲဘူး ဗျ။ ကိုယ်ကလွဲရင် ကိုယ်ဒူး တောင်ကိုယ်မယုံရဲဘူး။ အခုအတိုင်းဆို အာဏာရပါ တှီ့ဏ ထဲမှာလည်း သူရဦး အောင်ကိုတိုလို့ ရေရှည်အမြင် ပြု ပြင်ပေးချင်တဲ့အမြင်၊ ကောင်းတဲ့ အမြင်ရှိတဲ့သူတွေလည်း အများစု ပေါ်ပေါက်နေပြီဆိုတာ သိရတော့ ကျုပ်တော့ စိတ်မချမ်းသာစရာ မကောင်းတာတွေ ကြားနေရတဲ့အ ချိန်ကာလကြီးမှာ သူရဦးအောင်ကို တို့လို လူစားတွေလည်း ရှိပါသေး လာဆိုပြီး နည်းနည်းတော့ ဒီနေ့ စိတ်ချမ်းသာသွားတယ်။ ဒီ သတင်းကို ဖော်ပြပေးတဲ့စံတော် ချိန်သတင်းစာကိုလည်း ကျေးဇူး တင်မိတယ်ဗျ။ ဒီသတင်းမတိုင်မီ က အခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်လို့ တစ်ခုမှ ကောင်းတာ မကြားရသေးဘူး။ ဒါကြောင့် ငါ့ညီပြောင်ဝင်း မောင်ထိန်လင်းရေ မင်းမေမေ အမေစု ငါတို့ရဲ့အမေစုအတွက် ပြည်သူအားလုံးက သမ္မတအဖြစ် မြင်တွေ့ချင်နေတဲ့ဆန္ဒကြီးလက်တွေ့ ဖြစ်လာဖို့ကတော့ မျှော်လင့်ချက် ရောင်ခြည်ဦး စတင်သန်းလာပြီ လို့ ပြောရမှာ ဖြစ်တယ်ကွ။ သူရဦး အောင်ကိုတို့လို အာဏာရှီ့ဏ ထဲမှာအများစုပေါ်ပေါက်ပြီး သူတို့ အုပ်စုအနေနဲ့ှီဏ မှာ အသာ စီးရလာရင်တော့ ငါ့ညီလည့်းု နိုင်ငံသားစွန့်ပြီး မြန်မာနိုင်ငံသား အဖြစ် ပြောင်းလဲပေးစရာမလို တော့ပါဘူးပေါ့ကွာ။ တစ်ခါတုန်း က ငါ့ညီနဲ့ကိုယ်နဲ့ (၅၄) တက္က သိုလ်ရိပ်သာလမ်းခြံကြီးထဲမှာ ငါ့ညီ ထိန်လင်းရော မြင့်ဆန်း အောင်ရောနဲ့ ကိုယ်နဲ့ပါ ထမင်း အတူတူစားခဲ့ဖူးပါတယ်။ မင်း မေမေအမေစုကစည်း ကမ်းထုတ်ထားတဲ့အတိုင်း ငါ့ညီတို့ ညီအစ်ကိုနှစ်ယောက်စလုံး အစ်ကို တို့ ကျောင်းသားတွေနဲ့ အတူတူ ပဲဟင်းနဲ့ဆိတ်ရိုး ဟင်းလောင်း ထားတဲ့ထမင်းပန်းကန်ကြီးထဲကို မင်းတို့ လက်ကြီးတွေနဲ့ နယ်ဖတ် ပြီး ကိုယ်တို့နဲ့အတူတူစားသွားခဲ့ရ တဲ့ ၁၉၈၉က နေ့ရက်တွေကို အစ်ကို အထူးသတိရမိပါတယ်။ ဒီအတိုင်းသာဆို သူရ ဦးအောင်ကိုတို့လို အမြင်ကောင်း တဲ့ လူတွေ့ှီဏ ထဲမှာ အများ အပြားပေါ်ပေါက်လာရင်။ မြန်မာ့ တပ်မတော်ကြီး တပ်/ချုပ်ကြီး ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်သား တွေလည်း ထောက်ခံပေးခဲ့ရင် မင်းမေမေ အမေစု မြန်မာပြည် ရဲ့သမ္မတဖြစ်လာဖို့ ရောင်ခြည် သန်းလာနေ ပြီလို့ဆိုရမှာပဲ။အရှေ့နေ၀န်းကြီး ထွက်ပေါ်လာ သလို အမေစုတစ်ယောက်ထွက် ပေါ်လာတော့ မယ်ထင်တယ်ကွ။ သမ္မတကြီးဦးသိန်းစိန်က တော့ သူရဲ့ဖွဲစည်းပုံအခြေခံဥပ ဒေပြင်ဆင်သင်တဲ့သဘောထား၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ြီူဋ္ဌ ရဲ့အခြေခံဥပဒေပြင်ဆင်ရေးကြိုး ပမ်းမှုတွေကို အသိအမှတ်ပြုတဲ့ ရေဒီယိုမိန့်ခွန်းကို ဇန်န၀ါရီ ၂ ရက်နေ့ ည ၂၀၁၄မှာ ပြောပြခဲ့ပြီး ပြီကွာ။ ဒီအတိုင်းသာဆို ငါ့ညီတို့ ညီအစ်ကိုနှစ်ယောက်လည်း အမေ့ အတွက်ဆိုပြီး မြန်မာနိုင်ငံသား ခံယူရမယ့်ကိန်း။ ဒါမှမဟုတ် သေ ဆုံးပေးရမယ့်ကိန်းမျိုးတွေ မလို အပ်တော့ဘဲ မင်းတို့ရဲ့မေမေ ကျုပ် တို့ရဲ့ အမေစုတစ်ယောက် သမ္မတ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ် ပြိုင်အနိုင်ရပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးအ မျိုးသမီးသမ္မတ တစ်ဦးဖြစ်လာတော့မယ်လို့ မျှော်လင့်ရတယ်ကွ။ ဒါဆိုရင် အရှေ့ဘက်အရပ်က နေ၀န်းကြီးနံနက်ခင်းမိုးသောက် ရောင်ခြည်ကောင်းကင် မှာ ထွက် ပေါ်လာသလိုကျုပ်တို့ မြန်မာ ပြည်သူသန်းခြောက်ဆယ်ရဲ့ မျှော် လင့်နေတဲ့မျှော်လင့်ခြင်းနေ၀န်း ကြီးဆိုတဲ့ အမေစုနေ၀န်း ဟာ နိုင်ငံရေးခေါင်းဆောင်အဖြစ် မြင် တွေ့ ကြရမယ့်ကိန်းတော့ တော် တော်ကြီးကို ရှိလာပြီလို့ မြန်မာ ပြည်သူအပေါင်းစိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ သတင်းကောင်း တွေကြားကြရတော့ဖြစ်ပါ ကြောင်း တင်ပြလိုက်ပါတယ်။ စစ်သူရဲဗလမင်းထင်

No comments: