Monday, January 20, 2014

ရာဇာဓိ ရာဇာ

ဒေါ်အောင်ဆန်းစုကြည် သံဃာ ဂိုဏ်းကွဲအောင်လုပ်နေပြီလား ******************************************** ရာဇာဓိ ရာဇာ- တိပိဋက ဆရာတော်တွေ ဆိုတာ မြန်မာပြည်ရဲ့ ရတနာတွေပါ။ သံဃာထုရဲ့ သာသနာတော်ကြီး ရှေ့ရေးအပေါ် စိုးရိမ်ကြောင့်ကျမှုတွေကို သဘောပေါက်နားလည်လို့ ရှေ့ကနေ ထိန်းမတ်ပေးဖို့ ပါဝင်လာကြတဲ့ သာသန အာဇာနည်တွေပါ။ သံဃာထုက ဘာတွေ စိုးရိမ်နေတယ်ဆိုတာကို သိသိကြီးနဲ့ ဥပါသိကာ မာတုဂါမ တစ်ယောက် အနေနဲ့ ဘာတွေစိုးရိမ်စရာရှိလည်း၊ မရှင်းရင် ကျွန်မဆီလာမေးပါ၊ လာရှင်းပါလို့ စိန်ခေါ်လိုက်တာဟာ ဗုဒ္ဓအဆုံးအမ အောက်မှာ ကြီးပြင်းလာသူ တစ်ဦးအနေနဲ့ တွေ့မိလိုသာ ယုံရတယ်လို့ မှတ်ပါတယ်။ ဖြစ်နိုင်ရင် နာရီလက်တံ ပြောင်းပြန်ပြန်လှည့်ပြီး ပြောပြီးသား စကားတွေ မပြောဖြစ်ပါစေနဲ့၊ ပြုပြီးသား အလုပ်တွေ မပြုမိပါစေနဲ့၊ ကြံစီပြီးသား ဝိတတ်တွေ မဖြစ်မိပါစေနဲ့လို့ ရပ်ပြစ်ရှစ်ပါးဘေးမှ ကင်းဝေးအောင် တားဆီးလိုက်ချင်ပါတယ်။__________________________________________:::::::::Athenian Ahnyarthar::::::::: "ကလိယုဂ်" - "သံဃာ" ဆိုတာ စစ်တပ်လို၊ NLD လို အစုအဖွဲ့ ကိုပြတဲ့နာမ် (Collective Noun)ပဲ။ ဘုန်းကြီး သုံးပါးထက်ပိုရင် သံဃာ လို့ သတ်မှတ်လို့ ရတာပဲ..။ ဘုန်းကြီးတစ်ပါးချင်းစီကို ဥပမာ..ရှင်ဝီရသူ..(individually) ပုတ်ခတ်မိတာနဲ့ အစုအဖွဲ့ သံဃာ (institution) ကိုစော်ကားမိတဲ့ အပြစ်ဟာ ဗုဒ္ဓဘာသာမှာ မိုးနဲ့ မြေလိုကွာခြားတယ်...။ - အမှန်တကယ်တရားထူးတရားမြတ်ကို ရဖို့ ကျိုးစားအားထုတ်တဲ့အခါမှာ ဘယ်လောက်ပဲ သီလဘာဝနာတွေ အားကောင်းစေဦးတော့ "ဘုန်းကြီးတွေ" ဆိုတဲ့ ယေဘုယျခြုံငုံမိတဲ့ စကားနဲ့ သံဃာကို ဝေဖန်ပုတ်ခတ်ခဲ့မိဘူး ရင် တရားမရနိုင်ဘူး။ ဓမ္မအန္တရာယ် ဆိုတာ ဒါပဲ..။ ဒီ အကုသိုလ်နဲ့ သေလွန်ခဲ့ရင်လည်း အပါယ်ပဲ... - ဘာကြောင့်လဲဆိုတော့ သုံးနှုန်းလိုက်တဲ့ "ဘုန်းကြီးတွေ" ဆိုတဲ့ ဝေါဟာရရည်ညွှန်းမှုအောက်မှာ ရှင်သာရိပုတ္တရာ၊ ရှင်မဟာမောဂ္ဂလန်တို့ လို အဂ္ဂသာဝက မဟာသာဝက တွေက စလို့  မင်းကွန်းဆရာတော်ကြီး၊ မဟာစည်ဆရာတော်ကြီးတို့ လို ပုဂ္ဂိုလ်တွေပါ ပါသွားတဲ့အပြင် ပါရာဇိက မကျသေးတဲ့ ပုထုဇဉ်ရဟန်းတွေထိ သိမ်းကျုံး ပုတ်ခတ်မိလို့ ပဲ....။ ဒါကြောင့် "သံဃာက မှိုင်းတိုက်နေတယ်" ဆိုတဲ့ အပြောအဆိုမျိုးဟာ အင်မတန်ကြီးလေးတဲ့ အကုသိုလ်ဝစီကံအမှုပဲ..။ ဒါကြောင့်လည်း ဒုစ္စရိုက် တရားဆယ်ပါးထဲမှာ ၀စီဘေဒ ထိတိုင်းရှလို့ ပြောတာ.....။ - ဒီလိုပဲ....ကုသိုလ်အမှုမှာလည်း တသီးပုဂ္ဂလ (ဥပမာ...ရှင်ဆန္ဒာဓိက) တစ်ပါးတည်း ကိုလှူတာထက် "သံဃဿဒေမ" သံဃာ (organization) ကို ရည်စူးပြီးလှူဒါန်းခြင်းဟာ အကျိုးပေး အမြတ်ဆုံးပဲ....။ ဘာကြောင့်လဲ....။ ပုဂ္ဂုလ်ရေး ကိုးကွယ်မှု (personality cult ) ထက် ကျော်လွန်တဲ့ စိတ်နေစိတ်ထားဖြစ်တဲ့အပြင် ရည်စူးလိုက်တဲ့ သူဟာ လူပုဂ္ဂိုလ်မဟုတ်တော့တဲ့ (Impersonal) အတွက် လှူဒါန်းမှုကိုပြုသူရဲ့ စိတ်သဏ္တန်မှာ ပုဂ္ဂိုလ်စွဲ၊ အတ္တစွဲ ကနေ ခေတ္တခဏ လွန်မြောက်သွားတဲ့အတွက်ကြောင့်ပဲ..။ ဒီလို အစွဲတွေကနေ အပြီးတိုင် လွန်မြောက်ခြင်းကိုပဲ နိဗ္ဗာန်လို့ ဟောတယ်မဟုတ်လား...။ - ဒါကြောင့်ပဲ..ဗုဒ္ဓကိုယ်တိုင်သည်ပင်လျှင် သူ့ ကိုလှူဒါန်းဖို့ ထက် သံဃာကိုပဲ လှူဒါန်းဖို့ တိုက်တွန်းခဲ့တာ...။.နိဗ္ဗာန်ထက်မြင့်မြတ်တဲ့အမှု ဘယ်ရှိတော့မလဲ...။.ပုဂ္ဂိုလ်ရေးထက် အဖွဲ့ အစည်းအကျိုးကို သယ်ပိုးတာ ဘယ်သင်းက ပိုမြင့်မြတ်မလဲ...အရိုးရှင်းဆုံးတွေးကြည့်နိုင်တာပဲလေ....။ တကယ်က "သံဃာ" ဆိုတာ ဗုဒ္ဓနဲ့ ဓမ္မ ဆိုတဲ့ကျန် ရတနာ ၂ ပါးကို ပေါင်းစပ်ထားတဲ့... လှုပ်ရှားသွားလာ အသက်ဝင်နေတဲ့ စံပြမော်ဒယ်တစ်ခု (living example) ပဲ။ ဆိုလိုတာက "သံဃာ" ကိုမြင်နိုင်ရင် ဗုဒ္ဓ ကိုပက်ပင်းဖူးမျှော်ရတာပဲ..။ ဘုရားရှင်ကိုယ်တိုင် ဟောမြွက်နေတဲ့ ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင်ကို နာကြားနေရတာပဲ.. - နောက်တစ်ခုက ဘုန်းကြီးတစ်ပါးနဲ့ တစ်ပါး ကို ရန်တိုက်ပေးတဲ့ကိစ္စ...။ အညီအညွတ်ဖြစ်နေတဲ့ သံဃာ (ဘုန်းကြီးသုံးပါးထက်ပိုလာရင်) ကို သွေးကွဲအောင် (စာနဲ့ ဖြစ်စေ၊ နှုတ်နဲ့ ဖြစ်စေ၊ ပို့ စ်တစ်ခုနဲ့ ဖြစ်စေ လုပ်တာဟာလည်း သံဃာကို သင်းခွဲတဲ့အမှု "သံဃဘေဒက" ပဲ။ မိဘကို သတ်တဲ့အပြစ်နဲ့ တန်းတူ ကြီးလေးတဲ့ အကုသိုလ်ကြီးဖြစ်တဲ့ လူပါရာဇိက ကံဆိုတာ ကို သတိထားကြဖို့ ..။ - နောက် အကျင့်သီလနဲ့ မညီဖူးထင်ရတဲ့ရဟန်းတွေ ကိုဝေဖန်ခြင်းနဲ့ ဆိုင်တဲ့ကိစ္စ....။ သာသနာ နဲ့ ပတ်သက်လို့ ပေးတဲ့ဥပမာက သမုဒ္ဒရာနဲ့ တူတယ်တဲ့...။ မဟာသမုဒ္ဒရာဟာ အသေကောင်ပုတ်တို့ ကို လက်မခံ ပုတ်ထုတ်သကဲ့သို့ အလဇ္ဇီတို့ သည်လည်း သနာတော်မှာ ကြာရှည်မနေနိုင်ပါတဲ့...။ အကျင့်သီလ လွဲမှားတယ်ထင်မိတဲ့ ရဟန်းတွေနဲ့ တွေ့ ခဲ့ရင် သူ့ ရဲ့ ဥပစ္ဆယ်ဆရာတော်ကိုဆုံးမပေးဖို့ လျှောက်ထားရတယ်...မလွှဲမရှောင်သာ ကိုယ်တိုင်တိုက်ရိုက် ပြောဆိုဝေဖန်ဖို့ ဖြစ်လာခဲ့ရင် ကောင်းစေလိုတဲ့စိတ်ထားအစစ်အမှန် (benevolent mind) နဲ့ သာသနာတော်ကောင်းကျိုးအလို့ ငှာ ဆုံးမနိုင်ပါသတဲ့...နိုင်ငံရေးအယူအဆ မှန်းခြင်းမှားခြင်းအတွက် မဟုတ်ဘူးဆိုတာကိုလည်း အထူးသတိချပ်ဦးပေါ့လေ.. - ဗုဒ္ဓဘာသာတစ်ယောက်အဖို့ ရတနာသုံးပါး (အထူးသဖြင့် ရဟန်းသံဃာ တွေ) နဲ့ ပတ်သက်လာရင် ကံသုံးပါးကို ဆင်ခြင်နိုင်ဖို့ က အရေးကြီးလှတယ်..။ ဒီတြရတန အင်္ဂါ မစုံဘဲနဲ့ ဖြင့် ဗုဒ္ဓဘာသာမဖြစ်နိုင်...။ ဒါကြောင့်ပဲ ဗုဒ္ဓဘာသာမြန်မာတွေဟာ သချို င်္းမှာတောင် သရဏဂုံတင်တဲ့ ဓလေ့ကို ကျင့်သုံးကြသေးတာမဟုတ်လား...။ - အထူးသဖြင့် အခုလို လူမှုမီဒီယာတွေကျယ်ပြန့် လာတဲ့ အိုင်တီခေတ်ကြီးမှာ စာတစ်ပုဒ်ဖတ်မိလို့ နှလုံးသွင်းမှားမိရင်၊ စတေးတပ်စ် တစ်ခု၊ ကွန်မင့်တစ်ခု နဲ့ တင်ကြီးလေးတဲ့အပြစ်ကြီးတွေကို ငရဲပန်းရွှေပန်းထင်မိမှားနိုင်တယ်...။ အကုသိုလ်တွေ အရလွယ်တဲ့ ခေတ်လို့ ဆိုရလေမလားပေါ့......____________Athenian Ahnyarthar ဘုန်းကြီးတွေကို နိုင်ငံရေးပြိုင်ဖက်လို့ သဘောထားတာလားမသိဘူး...။ ပြီးတော့ ဟိုက တိပိဋ္ဋကဓရ...ရခိုင် ကလည်းဖြစ်သေး...။ ဒီတုန့် ပြန်မှုမှာ မြင်လိုက်ရတာက " မာန". ရတနာသုံးပါးကို ခေါင်းနဲ့ တိုက်ကြည့်ချင်တာလားမသိ....စစ်အစိုးရလို မြင်နေရင်တော့.ရာဇာဓိ ရာဇာ 17 January တိုက်ချီဒိုလေးက သူ့အလုပ် သူလုပ်နေတဲ့ သံဃာတော် တစ်ပါးပါးကို ကိုက်မိပြီ ဆိုပါတော့ ... ခွေးမှာ အပြစ်ရှိပေမယ့် ခွေးရှင်မှာ တာဝန်ရှိတယ်။ ခွေးကို ခေါ်တော အမဲအူပြုတ် နေ့တိုင်းကျွေး သင်္ကန်းမြင်သမျှ ကိုက်တတ်အောင် လူကွယ်ရာ လေ့ကျင့် ပေးထားပြီးမှ တစ်ခုခု ဖြစ်လာတဲ့ အခါ ဒီခွေးတွေ ပြဿနာ ကိုယ်နဲ့ မဆိုင်ဘူးလို့ ခေါင်းရှောင်လို့ မရဘူး။ ကိုယ့်ကို လက်ညှိုးထိုး မခံချင်ရင် ကိုယ့်ခွေးတွေ ကိုယ်ထိန်းလေ။ မထိန်းနိုင်ရင်တော့ ခွေး ပြဿနာ တက်တိုင်း ကိုယ့် ခေါင်းပေါ် ကျ မှာပဲ။________________________________ရာဇာဓိ ရာဇာ ဗိုလ်ချုပ်ပြောတဲ့ ဒီမိုကရေစီ အမျိုး ဘာသာ သာသနာ ဖျက်ဖို့ မဟုတ်ဘူး ... သူတို့ အလို မလိုက်ရင် ဘုရားရှင်တောင် လူထွက်ခိုင်းမယ့် သတ္တဝါတွေပဲ......။ Angle Black Angle's စိုးပြည့်မှူး

No comments: