Sunday, January 26, 2014

ဒေါက်တာဆိတ်ဘွား  အမျိုးသားရေးအတွက်ပေမို့ ။။။။။။။။။။။။။။။။။။။။။။။။။။။။၊။။။။ . .ကမ္ဘာမကြေ သမိုင်းချီတဲ့ အငြိုးအတေးတွေ ကိုယ်စီနဲ့ဆက်သွားနေလို့ကတော့ ကျုပ်တို့နိုင်ငံ ဒုံရင်းကဒုံရင်းဘဲ နေလိမ့်မယ်။ တယောက်ကိုတယောက်နောက်ကျောမပေးရဲ့တဲ့အခြေအနေနဲ့အတူတကွပေါင်းစည်းဖို့ဆိုတာ သိပ်တော့မလွယ်လှဘူး။ ပြီးခဲ့တာတွေ သင်ပုန်းချေကြပါဆိုပြီးတော့ ကိုယ်ချင်းမစာနာ မပြောချင်ပါဘူး။ ကိုယ်လူမျိုးအချင်းချင်း ပါတီတွေဝါဒီတွေကြောင့် မျက်မုန်းကျိုးနေတာ တွေ့နေမြင်နေရတာဟာ အမျိုးသားရေးရဲ့အရှုံးတစ်ခုပါဘဲ။ ကြားထဲကကုလားက စားစားသွားတာခံနေရတယ်။ အခုလက်ရှိ ပေါ်ထွက်လာတဲ့ အမျိုးသားရေးအင်အားစုတွေကြောင့်သာ ပိုးစိုးပက်စက်မဖြစ်ကြသေးတာပါ။ အဖက်ဖက်က နင်းချေချင်လာတဲ့ အမျိုးသားအရေးကို ထိန်းကြောင်းမောင်းနှင်ပေးမဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်လိုအပ်နေပါပြီ။ အနှစ်နှစ်အလလ မကောင်းစိတ်နဲ့ခွေးကျင့်ခွေးကြံဗျူဟာတွေကို ချေမှုန်းတိုက်ဖျက်ဖို့ အမျိုးသားရေးလုပ်ငန်းတာဝန်များကို အရှိန်ဟုန်ပြင်းပြင်းနဲ့လုပ်ကာမှ တော်ရာကျပေတော့မည်။ လူမျိုးခြားမို့ အသားမည်းလို့ မုန်းတီးတာမဟုတ်ပါဘူး။ မိမိအပေါ်စိတ်ရင်းမမှန်တဲ့ လူတယောက်ကို မဆက်ဆံတာအကောင်းဆုံးပါဘဲ။ မျိုဆို့ထားပြီး ချစ်ပြနေတဲ့လူတွေလည်းမစားသင့်တာ စားထားလို့တနေ့ ပြန်အန်ထွက်ပါလိမ့်မယ်။ အခုလက်ရှိအမှန်တရားဆိုတာ အမျိုးသားရေးသမားတွေမှာဘဲရှိတယ်။ ရပ်တည်ချက်ခိုင်ခိုင်မာမာနဲ့ဆက်သွားနေကြတာဟာ အရှုံးတွေထဲကအမြတ်ဘဲ။ ရလိုမှုတွေ မျှော်ကိုးပြီးလုပ်နေကြတဲ့ အားလုံးသောလူတွေထဲမှာ ကိုယ်ထမင်းကိုယ်စားပြီး ကိုယ်ကျိုးစွန့်လုပ်နေတဲ့လူတွေဆိုတာ အမျိုးသားရေးသမားတွေဘဲရှိကြတယ်။ ဒီမိုကရေစီနဲ့အမျိုးသားရေး အဘယ့်ကြောင့်သဟဇာတ မဖြစ်သနည်း။ ရှင်းရှင်းလေးပါ။ဒီမိုကရေစီရဲ့နောက်မှာအမျိုးဘာသာ ပျက်စီးရာပျက်စီးကြောင်းတွေပါနေလို့ အခုလိုမျိုးတွေ ဖြစ်ကုန်တာ။ ဒေါ်စု တဇွတ်ထိုးဆန်လို့ အခုလို အမျိုးသားရေးနဲ့ထိပ်တိုက်ဆုံမိတာစိတ်မကောင်းစရာပါ။ အခုချိန်မှာအလုပ်သင့်ဆုံးက မိမိလူမျိုးမိမိဘာသာအတွက်မို့စိတ်တွေမလောကြပါနှင့်။ ကျွန်တော်တို့အားလုံးမှားလို့မရတော့တဲ့အချိန်ခါပါ။ အချိန်ကျလာခဲ့ရင်အမျိုးသားရေးအတွက်မို့သွေးအေးမနေကြပါနှင့်။ ပြည်သူတရပ်လုံးတက်ညီလက်ညီပါဝင်ကြပါလို့ တိုက်တွန်းနှိုးဆော်ရင်း ရှေ့လာမဲ့အနာဂတ်တွေမှာ အမျိုးသားရေးစိုးမိုးစေရန် ဆန္ဒပြုလျှက်။ မိုးလုံးဟိန်းချုံန်း- စိုးပြည့်မှူး

No comments: