မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, January 28, 2014
၂ . ၄ . ၁၉၈၈ မှာ ….
မတ်လ က လေဖြတ်သွားတဲ့  ဒေါ်ခင်ကြည်ကို ပြုစုဖို့  …..
ဒေါ်အောင်ဆန်းစုကြည် မြန်မာပြည်ကို ပြန်ရောက်လာပါတယ် …
၁၉၆၀ ခုနှစ်ကတည်းက ....
မြန်မာပြည်က ထွက်သွားတာဖြစ်ပြီး …
၂၇ နှစ် အတွင်း .....
မြန်မာပြည်ကို ၈ ကြိမ် ခေတ္တ ပြန်လာခဲ့ပါတယ် …
၂၇ နှစ်အတွင်း ….
၁၉၈၆ အာဇာနည်နေ့ တစ်ရက်ပဲ …
ဗိုလ်ချုပ်အုတ်ဂူမှာ ကန်တော့ ပန်းခွေချခဲ့ ဖူးပါတယ်…
၂၁.၈.၁၉၈၈ ရက် နေ့ မှာ …
ကြည့်မြင့်တိုင် ဗိုလ်သူရလမ်းက အိမ်တစ်အိမ်မှာ…
ဦးဝင်းတင် ၊ဆရာမောင်သော်က အပါအ၀င် ….
နိုင်ငံရေးသမားကြီးတစ်ချို့ ရဲ့ ဖိတ်ကြားချက်အရ …
အစည်းအဝေး စတင်တက်ရောက်ခဲ့ပါတယ်…
၂၄.၈.၁၉၈၈ ရက် နေ့ မှာ …
ရန်ကုန်ဆေးရုံကြီး သပိတ်စခန်းမှာ …
စ တရားဟောပါတယ်….
၂၆.၈.၁၉၈၈ ရက် နေ့ မှာ …
ရွှေတိဂုံ ဘုရားအနောက်မုခ် မှာ …
တရား ဟောပါတယ်…
၁၃.၉.၁၉၈၈ ရက်နေ့  …
ရန်ကုန် ဆေး-၁ မှာ ..
ဦးနူ ၊ဦးအောင်ကြီး ၊ဦးတင်ဦး …
ဗိုလ်မှူးအောင် တို့ နဲ့ တွေ့ ဆုံပြီး …
ကြားဖြတ်အစိုးရ ဖွဲ့ စည်းရေးဆွေးနွေးပါတယ်…..
အာဏာ ခွဲဝေမှု အဝေ မတည့် လို့  ....
သဘောတူညီမှု မရခဲ့ပါဘူး…
၂၇.၉.၁၉၈၈ ရက် နေ့ မှာ …
အန်အယ်လ်ဒီ ပါတီ မှတ်ပုံတင်ခွင့်ကျပါတယ်….
၂၅.၁၁.၁၉၈၈ ရက် နေ့ မှာ …
အန်အယ်လ်ဒီ ပါတီတွင်း ….
ကွန်မြူနစ်များ ၀န်းရံနေသည့်ကိစ္စ နှင့် ပတ်သက်ပြီး…
ဗဟိုကော်မတီဝင်များအကြား …
အကြီးအကျယ် သဘောထားကွဲလွဲကာ…
ဗဟို ကော်မတီဝင် ၂၈ ဦး အနက် …
၁၃ ဦး နူတ်ထွက်သွားပါတယ်…
၃၀.၁၂.၁၉၈၈ ရက် နေ့ မှာ ဒေါ်ခင်ကြည် ကွယ်လွန်ပါတယ်…
၁၄.၁.၁၉၈၉ ရက် နေ့ ကနေ ....
၂၅.၁.၁၉၈၉ ရက် နေ့ အထိ…
ဧရာဝတီတိုင်း မဲဆွယ် ခရီးစဉ်ထွက်ပါတယ်…
၁၃.၃.၁၉၈၉ ရက် နေ့ မှာ ….
RIT ကျောင်းဝင်းထဲမှာ ကျင်းပတဲ့  ….
ဘုန်းမော် နှစ်ပတ်လည်အခမ်းအနား ကို တက်ရောက်ပါတယ်….
ဦးခင်မောင်မြင့် ၊တော်ဘုရားလေး ၊ ဦးတင်ဦး ၊မင်းကိုနိုင် …
ဒေါ်အောင်ဆန်းစုကြည် နဲ့  မိုးသီးဇွန် တို့ တရားဟောပါတယ်….
၎.၄.၁၉၈၉ ရက် နေ့ မှာ .....
ဓနုဖြူ- ညောင်တုန်း ခရီးစဉ် စည်းရုံးရေးဆင်းပါတယ်…
မယက ဥက္ကဌ ဗိုလ်ကြီး မြင့်ဦး နဲ့ ပြသနာ တက်ပါတယ်…
၂၄.၄.၁၉၈၉ ရက် နေ့ ကနေ ....
၂၆.၅.၁၉၈၉ ရက် နေ့ အထိ …
ကချင်ပြည်နယ် နဲ့ မန္တလေးတိုင်း ကို …
မဲဆွယ် စည်းရုံးရေး ခရီးစဉ် ထွက်ပါတယ်…
၂၁.၆.၁၉၈၉ ရက် နေ့ …
မြေနီကုန်းအရေးအခင်း နှစ်ပတ်လည်မှာ …
ပန်းခွေ လာချပါတယ်….
လုံခြုံရေးအဖွဲ့  နဲ့ ပြသနာတက်ပါတယ်…
ကျောင်းသားတွေ လူအုပ်နဲ့  ဆူပူလာတဲ့ အတွက်…
တပ်က သေနတ် နဲ့ ပစ်ခတ် လူစုခွဲလို့ …
ကြားကနေ …
စမ်းချောင်း တစညပါတီ စည်းရုံးရေးမှုး သေဆုံးသွားပါတယ်…
၂.၇.၁၉၈၉ ရက် နေ့ မှာ..
မြေအောက် အဖွဲ့ အစည်း ၄၈ ခု ရဲ့ အမည်စာရင်းကို ..
န၀တ က ထုတ်ပြန်ပါတယ်..
အဲ အဖွဲ့ တွေ နဲ့ ဆက်သွယ် နေတဲ့ …
နိုင်ငံရေး ပါတီတွေ ရှိကြောင်း နဲ့  …
မဆက်သွယ်ဖို့ သတိပေးခဲ့ပါတယ်…
၁၁.၇.၁၉၈၉ ရက် နေ့ မှာ …
ဗကပ ၄၈၂၈ ကော်မတီက ….
ဦးသက်ခိုင် ၊ဦးတင်အောင်တို့ ခေါင်းဆောင်တဲ့  ..
မြေအောက်ကွန်ယက် တစ်ခုလုံးကို …
ဖမ်းဆီးရမိထားပြီ ဖြစ်ကြောင်း …
န၀တ က သတင်းထုတ်ပြန်ပါတယ်…
၁၃.၇.၁၉၈၉ ရက် နေ့ ကစပြီး ….
ပြည်သူတွေ သူတို့  နဲ့ အတူ…
အာဇာနည်နေ့ ချီတက် အလေးပြုဖို့ ..
အန်အယ်လ်ဒီက စတင် လှုံ့ ဆော်ပါတယ် …
၁၆.၇.၁၉၈၉ မှာ …
ပြည်သူတွေ လူငါးဦး စုပေါင်းပြီး …
အာဇာနည်ကုန်းမှာ ဂါရ၀ပြုနိုင်ကြောင်း …
အုပ်စုဖွဲ့ ဆူပူရင် အရေးယူမည်ဖြစ်ကြောင်း …
န၀တ က ကြေငြာချက် ထုတ်ပါတယ်…
၁၉.၇.၁၉၈၉ ရက်နေ့  မနက်မှာ …
အန်အယ်လ်ဒီ ပါတီက ချီတက်ပွဲမှာ …
သူတို့ မပါတော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်…
မြို့ တွင်းမှာတော့ …
အာဇာနည်ကုန်း ကို ချီတက်လာတဲ့ လူအုပ်ကို ...
တပ် က သေနတ်ပစ်ဖောက် လူစု ခွဲ ခဲ့ပါတယ်…
လူငယ် အများအပြား ဖမ်းဆီး ခံခဲ့ ရပါတယ် ...
၂၀.၇.၁၉၈၉ ရက် နေ့ မှာ …
ဒေါ်အောင်ဆန်းစုကြည်နေအိမ်ကို ..
တပ်မတော် ထောက်လှမ်းရေးက ၀င်ရောက်စီးနင်းပါတယ်…
တောတွင်းက ဆက်သားတစ်ဦးအပြင် …
တောတွင်း လက်နက်ကိုင် အဖွဲ့ အစည်းတွေနဲ့ ..
အဆက်အသွယ်လုပ်ထားတဲ့  …
စာရွက်စာတမ်းတွေ အများအပြားသိမ်းဆည်းမိပါတယ်…
ဒေါ်အောင်ဆန်းစုကြည်ကို ..
နေအိမ် အကျယ်ချုပ် စတင် ချမှတ်ခဲ့ပါတယ်
၂၂.၁၂.၁၉၈၉ ရက် နေ့ မှာ….
ဒေါ်အောင်ဆန်းစုကြည်က …
အန်အယ်လ်ဒီပါတီ ဟာ ....
ရွေးကောက်ပွဲ ၀င်မှာဖြစ်ကြောင်း…
ပြောကြားခဲ့ပါတယ်…
၂၇.၅.၁၉၉၀ ရက် နေ့ မှာ ....
ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး …
၁.၇. ၁၉၉၀ ရက် နေ့ မှာ ....
အန်အယ်လ်ဒီပါတီက ….
၈၇.၇ ရာခိုင်နူန်း အနိုင်ရခဲ့ကြောင်း …
ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ပါတယ်…
၂၈.၇.၁၉၉၀ ရက် နေ့ နဲ့ ၂၉ .၇.၁၉၉၀ ရက် နေ့ မှာ ..
ရွေးကောက်ခံ အန်အယ်လ်ဒီ အမတ်တွေ စုပြီး …
ဂန္ဒီဟောမှာ အစည်းအဝေးလုပ်ပါတယ်…
နူရင်ဘတ်ဆိုတဲ့ အသံ စထွက်လာပါတယ်…
၁၈.၁၂.၁၉၉၀ ရက် နေ့ မှာ …
အန်အယ်လ်ဒီ အမတ်တစ်ချို့ က….
ယိုးဒယားနယ်စပ်မှာ …
NCGUB ( စင်ပြိုင် အစိုးရ )ကို ဖွဲ့ စည်းပါတယ် …
၂၂.၁၂.၁၉၉၀ ရက် နေ့ မှာ …
NCGUB မှာပါတဲ့ NLD အမတ်တွေကို…
ပါတီက ထုတ်ပယ်ကြောင်း ….
အန်အယ်လ်ဒီက ကြေငြာချက် ထုတ်ပါတယ် …
၂၆.၃.၁၉၉၁ ရက် နေ့ မှာ …
အန်အယ်လ်ဒီကို ပြန်လည် ဖွဲ့ စည်းပြီး …
ဦးအောင်ရွှေ ဥက္ကဌ ဖြစ်လာပါတယ်…
၎.၁၀.၁၉၉၁ ရက် နေ့ မှ ...
၁၈.၁၂.၁၉၉၁ ရက် နေ့ အထိ …
ဘိုကလေးမြို့ နယ် ထော်ပိုင်ဒေသမှာ…
ကေအန်ယူ နဲ့ တပ်မတော် ….
အကြီးအကျယ် တိုက်ပွဲဖြစ်ပါတယ်…
တပ်မတော် သမိုင်းမှာ ….
မုန်တိုင်းစစ်ဆင်ရေးလို့ နာမည်ကြီးခဲ့ပြီး …
တပ်ရွေ့ ပြောင်းမှု အားလုံးကို ..
ရဟတ်ယာဉ်များနဲ့ သာ ပြုလုပ်ခဲ့ပါတယ်…
တိုက်ပွဲ ကြီး ငယ် ၄၈ကြီမ် …
ထိတွေမှု ၂ကြိမ်…
ဖော်ထုတ်ရှင်းလင်း ၂၉ ကြိမ် ဖြစ်ပွားခဲ့ပြီး
လက်နက်ကြီးငယ် ၂၃၂ လက် ဖမ်းဆီးရမိ ခဲ့ပါတယ်…
၁၀.၁၂.၁၉၉၁ ရက်နေ့ မှာ…
ဒေါ်အောင်ဆန်းစုကြည် …
ငြိမ်းချမ်းရေး နိုဗယ်ဆု ရရှိပါတယ်…
၂၈.၁.၂၀၁၄ ရက် နေ့ မှာ …
သမိုင်းကို ပြန်လေ့လာနေတဲ့  ရဲမိုး ….
ငြိမ်းချမ်းရေး နိုဗယ်ဆုက …
ဘာကြောင့် ရုတ်တရက် ရသွားမှန်း မသိလို့ …
အူကြောင်ကျား ဖြစ်သွားပါတယ်…
( အသားအရောင် ခွဲခြားမှု ကို ….
၁၉၅၆ ခုနှစ် ကတည်းက ….
ထောင် ၂၇ နှစ် ( နေအိမ် အကျယ်ချုပ် မဟုတ် )...
အကျခံပြီး တိုက်ပွဲဝင်ခဲ့တဲ့ ….
တောင်အာဖရိက က နယ်လ်ဆင် မန်ဒဲလားကြီး က ….
၁၉၉၃ ခုနှစ်မှ ငြိမ်းချမ်းရေး နိုဘယ်ဆု ရတယ်….
မန်ဒဲလား ကြီးရေ …..
ခင်ဗျားကို သနားတာဗျာ …............... )
( အူကြောင်ကြား ရဲမိုး )
Credit - ရဲမိုး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment