Tuesday, January 21, 2014

မလေးရှားရောက် မြန်မာများအတွက် သတိပေးစာ ************************************* မလေးရှားရောက် ရွှေမြန်မာများ အထူးသတိ.... ဒီနေ့ ၂၁ ,၁ ,၂၀၁၄ မှစပီး မလေးရှား နိုင်ငံ တွင် အော်ပရာစီ ပြန်လည်စတင်ဖမ်းဆီးနေပီ ဖြစ်ပါတယ်..အထောက်အထား မပြည့်စုံသော ရွှေများ..ဘေးလွတ်ရာ သို့ ရိက္ခာပြည့်စုံအောင်ယူပီးရှောင်ကျပါ..ph ဘေကိုလည်းဖြည့်ပီး ကူညီပေးနိုင်သောph noများကို သေချာမှတ်သား ထားကျပါ.. နောက်တခုက အကယ်လို့ မိသွားခဲ့ရင်လည်း အကြောက်လွန်ပီး ငွေ ဘယ်လောက်ပေးပါ့မယ်..ဆိုပီးမပြောဆိုမိပါစေနဲ့...အတတ်နိုင်ဆုံး နည်းသထက်နည်းအောင် ပိုက်ဆံမရှိပါဟုသာ တောင်းပန်ရန်...ဘော်ဒါတယောက်အဖမ်းခံထိထားပီး ၃ လရှိပါပီ ကန်ထဲရောက်နေသော မြန်မာထောင်ဆရာဝန်ပြောပြသဖြင့် ကန်တေလည်းပြည့်သလောက်ဖြစ်နေကြောင်း ခုဖမ်းတာသည် ဘတ်ဂျက်ကြောင့်ဖြစ်ကြောင်း နဲ့ ရွှေတေအနေနဲ့ ပုန်းနိုင်ရင် ကောင်းကြောင်း ဖမ်းဆီးမှု့ ကတော့ ကြမ်းမည်ဖြစ်ပါကြောင်း သူရဲ့ အသိ ရဲအရာရှိမှ ပြောပြ သိရှိရပါသည်..ရွှေမြန်မာ များအနေဖြင့် ဒီနေ့မှ စပီး fb မှ သိပီးသူများကလည်း မသိသေးသူများကို ကူညီအသိပေးပြီး ဘေးလွတ်ရာ ကို ရှောင်ကျပါ ..ဖြစ်နိုင်ရင် အပြင်မထွက်တာ အကောင်းဆုံးပါ...ဖလက်တေမှာ နေသူများ အထူးသတိထားပါ...ဖလက်ရှိသောနေရာ တိုင်းဝင်ဖမ်းမည် ဟု သိရပါသည်.. မလေးရောက်ရွှေ မြန်မာများ ဘေးကင်ကျပါစေ.. — with ဘကြီး သန်း စိုးပြည့်မှူး

No comments: