Sunday, January 19, 2014

မနိုင်တဲ့ဝန်

နိုင်ငံက မနိုင်တဲ့ဝန်ကို နှစ်ပေါင်း(၅၀)ကျော် ထမ်းခဲ့ရ သယံဇာတအရင်းအမြစ်ကို ဖြုန်းတီ့ခဲ့တဲ့ နိုင်ငံတွေထဲမှာ မြန်မာနိုင်ငံက ထိပ်က မဟုတ်ရင်တောင် Top 10 ထဲ ပါလောက်ပါတယ်။ မြေအောက်သယံဇာတ ဖြုန်းရုံနဲ့ ဘယ်ဟုတ်မလဲ။ လူ့သယံဇာတ (လူ့အရင်းအမြစ်)ကိုလည်း အင်မတန်ဖြုန်းတီးခဲ့တဲ့ နိုင်ငံ ဖြစ်တယ်။ ဒီနေရာမှာ ဒေါ်အေးအေးစိုးဝင်းရဲ့ ကွန်မန့်ကို ကူးချင်တယ်။ သူက "ဒေါ်အောင်ဆန်းစုကြည်၏ အကောင်းဆုံးနှစ်တွေကို လည်း ဒင်းတို့ ထုတ်နှုတ်ယူသွားပါတယ်။ ကျောင်းသားပညာတတ်တွေ မျိုးဆက် ၂ဆက်တိုင် လှိမ့်ခံနေရဆဲပါ။ တတိယ မျိုးဆက်ဟာ လည်း အရည်အသွေး မပြည့်ပါ ။ အားလုံးပျက်ဆီးသွားပါပြီ"လို့ ရေးခဲ့ပါတယ်။ စာရေးသူက မြန်မာစစ်သားတွေ သေနေတဲ့ပုံတွေကို ကြည့်ပြီး "ဒီရဲဘော်တွေက ဘာအတွက်နဲ့ တိုင်းရင်းသားတွေကို လာတိုက်ရပါလိမ့်။ တိုင်းရင်းသားတို့မှာ မိသားစုရှိသလို ဒီရဲဘော်တွေမှာလည်း မိသားစုတွေ ရှိနေကြမှာပဲ။ ဘာပဲပြောပြော ရှေ့တန်းသွားနေတဲ့ သားတော်မောင်ကို ဘေးအန္တရာယ်ကင်းစင်ဖို့အရေး မိဘလုပ်သူတွေက မပြတ်ဆုတောင်းနေကြမှာပဲ။ အိမ်မှာ ကျန်ရှိနေမဲ့ အိမ်သူသက်ထားကလည်း မိမိအမျိုးသား ဘေးကင်းဖို့အရေး ဘုရားရှေ့မှာ မေတ္တာပို့နေရမှာပဲ။"လို့ စဉ်းစားနေမိတယ်။ လူငယ်တစ်ယောက် သေသွားရင် အနာဂတ်သမ္မတတစ်ဦး ဆုံးရှုံးသွားတယ်လို့ ခံစားမိတယ်။ အင်ဂျင်နီယာတစ်ဦး၊ ဆရာဝန်တစ်ဦး၊ ပါမောက္ခတစ်ဦး ဖြစ်လာမဲ့သူလည်း ဖြစ်ချင်ဖြစ်နေမှာပေါ့။ စစ်တပ်ဟာ ဒီလူတွေအားလုံးကို စစ်တိုက်ခြင်းဆိုတဲ့ ကိစ္စတစ်ခုအတွက်သာ အသုံးချသလို ဖြစ်နေတယ်။ နောက်ပြီး ဖခင်တစ်ယောက် ကျသွားရင် စစ်တန်းလျားမှာ အဖေမဲ့သွားမဲ့ ကလေးတွေ အများကြီးပါ။ ဒီကလေးတွေရဲ့ ရှေ့ရေးကော ကောင်းလာစရာမရှိ။ စစ်သားပဲ ပြန်လုပ်ကြမှာပဲ။ မြန်မာနိုင်ငံအစိုးရက မိမိတပ်မတော်သားများကိုတောင် တာဝန်မယူနိုင်တဲ့အဖြစ်ပါ။ သူတို့မိသားစုဆို ဝေးပါတယ်။ တကယ်လို့ တာဝန်ယူခဲ့ရင်လည်း လက်ရှိဘတ်ဂျက်နဲ့ မလုံလောက်ပါ။ ဒါကြောင့် မြန်မာနိုင်ငံဟာ စစ်တပ်ကြောင့် မနိုင်တဲ့ဝန်ကို နှစ်ပေါင်း (၅၀)ကျော် ထမ်းခဲ့ပြီးပြီ။ စစ်တပ်က နိုင်ငံ့အရင်းအမြစ်ကို ဖြုန်းတီးခဲ့ပြီးပြီ။ စစ်အုပ်ချုပ်ရေးဟာ တော်သင့်ပြီ။ Ven Ravika(High Priest at Mon Buddhist Temple)

No comments: