မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Friday, January 3, 2014
မြန်မာယူ ၂၂ အသင်း အာရှပြိုင်ပွဲ ဆင်နွှဲရန် ထွက်ခွာ
မန်မာ့ လက်ရွေးစင် ယူ၂၂ အသင်းသည် အာရှ ယူ၂၂ ချန်ပီယံရှစ် ဗိုလ်လုပွဲစဉ်များ ယှဉ်ပြိုင် ကစားရန် အတွက် ကြိုတင်ပြင်ဆင်မှု အနေဖြင့် ကာလတို ခြေစမ်း လေ့ကျင့် မှုများ ပြုလုပ်ရန် ယနေ့ မနက်ပိုင်းက ထိုင်းနိုင်ငံသို့ ထွက်ခွာ သွားခဲ့သည်။ မြန်မာ ယူ၂၂ အသင်းအား အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် တာဝန်ရှိသူများ ရန်ကုန် လေဆိပ်သို့ လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့ကြပြီး စနစ်တကျ လေ့ကျင့်မှု များပြုလုပ်ရန် နှင့် ပြိုင်ပွဲတွင် အစွမ်းကုန် ကြိုးပမ်း အားထုတ်ရန် ကစားသမား တစ်ဦးချင်းစီအား မှာကြားခဲ့ကြသည်။
ဂျာမနီ နည်းပြ ဂတ်ဆီဇီ နည်းပြချုပ် အဖြစ်တာဝန် ယူထားသည့် မြန်မာ ယူ၂၂ အသင်းသည် ထိုင်းနိုင်ငံတွင် ယနေ့ ညနေပိုင်းမှ စတင်ကာ လေ့ကျင့်မှုများ ပြုလုပ်လျက် ရှိပြီး ဇန်န၀ါရီ ၄ ရက်နေ့ ညနေ(၄) နာရီတွင် ထိုင်း ပရီးမီးယားလိဂ် နာမည်ကြီး ကလပ် မြောင်ထောင် ယူနိုက်တက် အသင်းနှင့် လည်းကောင်း၊ ဇန်န၀ါရီ ၆ ရက်နေ့ ညနေ (၄)နာရီတွင် ထိုင်းလက်ရွေးစင် ယူ၂၀ အသင်းနှင့် လည်းကောင်း ခြေစမ်းပွဲများ ကစားမည်ဖြစ်သည်။
မြန်မာ ယူ၂၂ လက်ရွေးစင် အသင်းသည် AFC U22 Championship 2014 ဖိုင်နယ် အဆင့် ပွဲစဉ်များ အဖြစ် အုပ်စု(က)တွင် အိမ်ရှင် အိုမန်၊ အာရှ ထိပ်သီး တောင် ကိုရီးယား၊ ဂျော်ဒန် အသင်းများနှင့် ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။ ပွဲစဉ်များအား ဇန်န၀ါရီ ၁၁ ရက်နေ့ မှ ၂၆ ရက်နေ့ အထိ အိုမန်နိုင်ငံ မတ်စကတ် မြို့တွင် ကျင်းပသွားမည် ဖြစ်ကာ အသင်း ၁၆ သင်း ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။ အဆိုပါ AFC U22 ချန်ပီယံရှစ် ပြိုင်ပွဲသည် အာရှ ဘောလုံး အဖွဲ့ချုပ်မှ ပထမဆုံး စတင်ကျင်းပသည့် ယူ၂၂ အဆင့် ပြိုင်ပွဲဖြစ်ပြီး မြန်မာ အသင်းမှာ အာဆီယံ ဒေသမှ တစ်သင်းတည်းသော ခြေစစ်ပွဲ အောင်မြင်သည့် အသင်းအဖြစ် ၀င်ရောက် ယှဉ်ပြိုင် ရခြင်းဖြစ်သည်။
Group A
Team Pld W D L GF GA GD Pts
Oman 0 0 0 0 0 0 0 0
Jordan 0 0 0 0 0 0 0 0
South Korea 0 0 0 0 0 0 0 0
Myanmar 0 0 0 0 0 0 0 0
11 January 2014
17:00
South Korea v Jordan
Royal Oman Police Stadium, Muscat
11 January 2014
20:00
Oman v Myanmar
Sultan Qaboos Sports Complex, Muscat
13 January 2014
17:00
Myanmar v South Korea
Royal Oman Police Stadium, Muscat
13 January 2014
20:00
Jordan v Oman
Sultan Qaboos Sports Complex, Muscat
15 January 2014
20:00
Oman v South Korea
Sultan Qaboos Sports Complex, Muscat
15 January 2014
20:00
Jordan v Myanmar
Royal Oman Police Stadium, Muscat
=============================
Myanmar Football Federation
Subscribe to:
Post Comments (Atom)
No comments:
Post a Comment