Wednesday, November 30, 2016

ခဲအိုဖြစ်သူက ခယ်မဖြစ်သူအား နေအိမ်ပေါ်တက် အဓမ္မပြုကျင့်ခဲ့မှုဖြစ်ပွား


 


မကွေးတိုင်း ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာနေ အမျိုးသမီးတစ်ဦးက ၎င်း၏ခဲအိုဖြစ်သူမှ နေအိမ်ပေါ်တက် အလိုမတူဘဲ သားမယားပြုကျင့်ခဲ့မှု နှင့်ပက်သက်၍ နိုဝင်ဘာ(၂၉)ရက်နေ့တွင် တိုင်ကြားအမှုခဲ့ကြောင်း ရေပြာနယ်မြေရဲစခန်းမှသိရသည်။

 ဖြစ်စဉ်မှာ ပေါက်မြို့နယ်၊ ထောက်ရှာပင်ကျေးရွာနေ မပု(ခ)မသန်းသန်းအေး(အို)၊၂၅နှစ်သည် နိုဝင်ဘာ(၂၅)ရက်နေ့ ည(၁၁)နာရအချိန်က နေအိမ်၌ သားများဖြစ်ကြသော ဇော်မင်းသန့်၊ ၆နှစ်နှင့် ကျော်မင်းသန့်(၅)နှစ်တို့နှင့်အတူ အိပ်နေစဉ် နေအိမ်ဝိုင်းအတွင်းရှိ နွားလန့်သံကြား၍ နားထောင်နေစဉ် ၎င်းအိပ်နေသည့်အိပ်ယာထဲသို့ လူတစ်ဦးရောက်ရှိလာပြီး လက်အားဆွဲသဖြင့် ဓါတ်မီးဖြင့်ထိုးကြည့်ရာ တစ်ရွာတည်းနေ ခဲအိုတော်စပ်သူ မောင်ခိုင်၊၃၇နှစ်ဖြစ်ကြောင်းသိရှိရပြီး မောင်ခိုင်မှ မပု(ခ)မသန်းသန်းအေး၏ပါးစပ်အားပိတ်၍သိုင်းဖက်ကာ သားမယားအဖြစ်ပြုကျင့်ခဲ့ပြီးနောက် မောင်ခိုင်မှ ၎င်းနေအိမ်သို့ ပြန်သွားကာ နောက်တစ်နေ့တွင် မပု(ခ)မသန်းသန်းအေး မှ မိခင်ဖြစ်သူနှင့်ညီမဖြစ်သူတို့အား အကျိုးအကြောင်းပြောပြကာ ကျေးရွာ ရာအိမ်မှူး ဦးဝင်းဦးထံ တိုင်တန်းပြီးနောက် မောင်ခိုင်မှာ မပု(ခ)မသန်းသန်းအေး၏ အစ်မဖြစ်သူ မမြင့်စန်းကြည်၏ ခင်ပွန်းဖြစ်နေ၍ အစ်မဖြစ်သူမှာ ခွဲစိတ်မီးဖွားနေရပြီး လူမှုရေးအရငဲ့ညှာထောက်ထားနေရသဖြင့် ယနေ့မှလာရောက်တိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင်ကြားချက်အရသိရသည်။

 ဖြစ်စဉ်နှင့်ပက်သက်၍ သားမယားပြုကျင့်သူ မောင်ခိုင်အား အရေးယူပေးရန် နိုဝင်ဘာ(၂၉)ရက်နေ့တွင် မပု(ခ)မသန်းသန်းအေးမှ တရားလိုပြု တိုင်ကြားခဲ့သောကြောင့် ပေါက်မြို့နယ်၊ ရေပြာနယ်မြေရဲစခန်းက (ပ)၂၇၄/၂၀၁၆၊ရာဇသတ်ကြီးပုဒ်မ ၃၇၆/၄၅၆ ဖြင့်အမှုဖွင့် ထားကြောင်းသိရသည်။

ရတနာပုံ သတင်းစာ

ဖမ်းဆီးခံရသည့် တိုးဂိတ်ဝန်ထမ်း သုံးဦးအနက် တစ်ဦးအား သေဆုံးလျက်တွေ့ရှိ

 

KIA/TNLA/MNDAA လက်နက်ကိုင်အဖွဲ့ ဖမ်းဆီးခေါ်ဆောင်သွားသည့် တိုးဂိတ်ဝန်ထမ်း သုံးဦးအနက် တစ်ဦးအား သေဆုံးလျက်တွေ့ရှိနိုဝင်ဘာ ၃၀၊ ၂၀၁၆

KIA/TNLA/MNDAA လက်နက်ကိုင် ပူးပေါင်းအဖွဲ့မှ နိုဝင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ကွတ်ခိုင်မြို့နယ် နမ့်ဖတ်လွန်းရွာအနီးရှိ အောရီယမ်တယ်လ် ဟိုင်းဝေးတိုးဂိတ်မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည့် ၀န်ထမ်းသုံးဦးအနက် ကျော်ဇင်ဦးမှာ ယင်းနေ့တွင် ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ကျန်ရှိသူ နှစ်ဦးအနက် ဦးတင့်နိုင်အား နိုဝင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းက နမ့်ဖတ်လွန်းကျေးရွာ အနီးရှိ တောစပ်၌ ယာလည်ပင်းမှ ဦးခေါင်းအထိ ကျည်ဖောက်ထွက် ဒဏ်ရာတစ်ချက်၊ နောက်ကျောခါးရိုးမှ ဗိုက်အထိ ကျည်ဖောက်ထွက် ဒဏ်ရာ တစ်ချက်တို့ဖြင့် သေဆုံးနေသည်ကို ပြန်လည်တွေ့ရှိခဲ့သည်။ ကျန်တစ်ဦးအား ဆက်လက် ရှာဖွေလျက်ရှိကြောင်း သိရသည်။

ပျောက်ဆုံး ရဲတပ်ဖွဲ့ဝင် ၂ ဦး ပြန်လည်ရောက်ရှိ

နိုဝင်ဘာ ၃၀၊ ၂၀၁၆

KIA လက်နက်ကိုင်အဖွဲ့က နိုဝင်ဘာ ၂၈ ရက် ညနေပိုင်းတွင် ဖမ်းဆီးခေါ်ဆောင်သွားသည့် ကွတ်ခိုင် မြို့နယ် နမ့်ဖတ်ကာရဲကင်းစခန်းမှ ဒုရဲအုပ် မြင့်ဌေးနှင့် ရဲတပ်ကြပ် လင်းထက် တို့သည် နိုဝင်ဘာ ၂၉ ရက် ညနေပိုင်းတွင် နမ့်ဖတ်ကာ ရဲကင်းစခန်းသို့ ပြန်လည်ရောက်ရှိခဲ့သည်။

၎င်းတို့၏ ပြောကြားချက်အရ နိုဝင်ဘာလ ၁၈ ရက် ညနေပိုင်း၌ မူဆယ်မြို့နယ်တရားရုံးမှ နမ့်ဖတ်ကာ ရဲကင်းစခန်းသို့ ပြန်လာစဉ် ညနေ ၅ နာရီခွဲတွင် နမ့်ကွက်ကျေးရွာသို့ အရောက် KIA လက်နက်ကိုင် ၁၀ ဦးခန့်က ၄င်းတို့ကားကို လက်နက်များဖြင့်ချိန်၍ တားဆီးခဲ့ကြောင်း၊ ၄င်းနောက် ၄င်းတို့ ၂ ဦးကို လက်ထိပ်ခတ်ပြီး KIA လက်နက်ကိုင်များ စခန်းချနေသည့် တောင်ကုန်းပေါ်သို့ ခေါ်သွား ခဲ့ကြောင်း၊ ၎င်း၏ ကိုယ်ရေးအချက်အလက်များကို စစ်ဆေးမေးမြန်းခဲ့ကြောင်း၊ နိုဝင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ၄င်းတို့၏ လက်ကိုင်ဖုန်း ၂ လုံးကို သိမ်းဆည်းကာ လွှတ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

State Counsellor Office Information Committee

  ပြည်ပရင်းနှီးမြှုပ်နှံမှုရဖို့ စင်္ကာပူမှာ ဒေါ်စု ကြိုးစား


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ (Ministry of Foreign Affairs Myanmar)မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအသစ်ဟာ ရင်းနှီးမြှုပ်နှံသူတွေကို အပြည့်အ၀အာမခံချက်ပေးထားတဲ့ ဥပဒေဖြစ်တယ် လို့ဆိုပြီး မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာအောင် ဆွဲဆောင် စည်းရုံးတဲ့အနေနဲ့ စင်္ကာပူမှာလုပ်တဲ့ စီးပွားရေးဖိုရမ် တခုအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ကျမတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ဟာ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူစေဖို့ရည်ရွယ်ထားပါတယ်။ ချမှတ်ထားတဲ့ လုပ်ထုံး လုပ်နည်းအသစ်တွေဟာလည်း စီးပွားရေးလုပ်ငန်းတွေ စိတ်ချလက်ချလုပ်နိုင်ဖို့အတွက် ပိုပြီး လွယ်ကူစေပါလိမ့်မယ်။ ဘာကြောင့် လည်းဆိုတော့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ကိုယ်လိုချင်တာကို ပြန်ရလာစေဖို့ ကျမတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ တစိတ်တပိုင်းက အာမခံချက်ပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို တရားလက်လွတ်နဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ကြိုပြီး မျှော်လင့်မထားဘဲ ထိခိုက်ပျက်စီးအောင် လုပ်မှာမဟုတ်ပါဘူး။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွား ပါတယ်။

ဒီဇင်ဘာလ ၂ ရက်နေ့ထိ သုံးရက်ကြာ စင်္ကာပူနိုင်ငံခရီးစဉ်အစ ဒီကနေ့မှာပဲ စင်္ကာပူမှာရှိတဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင် တွေကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောတာပါ။ ဒိပွဲအတွင်းမှာပဲ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေးဟာ သိပ်ကိုအရေးကြီးတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်ပြောသွားပါတယ်။ ဒါဟာ ရွေးချယ်ရမယ့်ကိစ္စ မဟုတ် ဘဲ မဖြစ်မနေကို လုပ်ရမယ့်ကိစ္စဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရမှသာ တိုင်းပြည်လည်း တိုးတက်နိုင်၊ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက်လည်း ယုံကြည်မှုရနိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)

  ပြည်ပရင်းနှီးမြှုပ်နှံမှုရဖို့ စင်္ကာပူမှာ ဒေါ်စု ကြိုးစား


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီကနေ့ စင်ကာပူနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်များနှင့်တွေ့ဆုံ (Ministry of Foreign Affairs Myanmar)မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေအသစ်ဟာ ရင်းနှီးမြှုပ်နှံသူတွေကို အပြည့်အ၀အာမခံချက်ပေးထားတဲ့ ဥပဒေဖြစ်တယ် လို့ဆိုပြီး မြန်မာနိုင်ငံမှာ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ပိုရလာအောင် ဆွဲဆောင် စည်းရုံးတဲ့အနေနဲ့ စင်္ကာပူမှာလုပ်တဲ့ စီးပွားရေးဖိုရမ် တခုအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

“ကျမတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေသစ်ဟာ စီးပွားရေးလုပ်ကိုင်ရ လွယ်ကူစေဖို့ရည်ရွယ်ထားပါတယ်။ ချမှတ်ထားတဲ့ လုပ်ထုံး လုပ်နည်းအသစ်တွေဟာလည်း စီးပွားရေးလုပ်ငန်းတွေ စိတ်ချလက်ချလုပ်နိုင်ဖို့အတွက် ပိုပြီး လွယ်ကူစေပါလိမ့်မယ်။ ဘာကြောင့် လည်းဆိုတော့ ရင်းနှီးမြှုပ်နှံမှုတွေကနေ ကိုယ်လိုချင်တာကို ပြန်ရလာစေဖို့ ကျမတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုဥပဒေ တစိတ်တပိုင်းက အာမခံချက်ပေးထားပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို တရားလက်လွတ်နဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော် လည်းကောင်း ကြိုပြီး မျှော်လင့်မထားဘဲ ထိခိုက်ပျက်စီးအောင် လုပ်မှာမဟုတ်ပါဘူး။” လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွား ပါတယ်။

ဒီဇင်ဘာလ ၂ ရက်နေ့ထိ သုံးရက်ကြာ စင်္ကာပူနိုင်ငံခရီးစဉ်အစ ဒီကနေ့မှာပဲ စင်္ကာပူမှာရှိတဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင် တွေကို ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောတာပါ။ ဒိပွဲအတွင်းမှာပဲ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်း ရေးဟာ သိပ်ကိုအရေးကြီးတယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ထည့်ပြောသွားပါတယ်။ ဒါဟာ ရွေးချယ်ရမယ့်ကိစ္စ မဟုတ် ဘဲ မဖြစ်မနေကို လုပ်ရမယ့်ကိစ္စဖြစ်ပြီး ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးရမှသာ တိုင်းပြည်လည်း တိုးတက်နိုင်၊ ရင်းနှီးမြှုပ်နှံချင်သူတွေအတွက်လည်း ယုံကြည်မှုရနိုင်မှာဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။

 ဗွီအိုအေ (မြန်မာပိုင်း)

ထိုင်း အိမ်ရှေ့မင်းသား ဝိဇယလောင်ကွန်း ထီးနန်း လက်ခံကြောင်း ထိုင်း ဒုတိယ ဝန်ကြီးချုပ် ပြောကြား


 

ထိုင်းနိုင်ငံ ၁၀ ဆက်မြောက် ရာမ မင်းဆက် ဖြစ်လာမည့် ဘုရင် မဟာ ဝိဇယလောင်ကွန်းအား အခမ်းအနား တစ်ခုတွင် တွေ့ရစဉ် (ဆင်ဟွာ)  ဘန်ကောက်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)

    ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာ ဝိဇယလောင်ကွန်း (Maha Vajirallongkorn) သည် ၁၀ ဆက်မြောက် ရာမဘုရင် (Rama X) အဖြစ် ထီးနန်းလွှဲအပ်မှုအား လက်ခံခဲ့ကြောင်း ဒုတိယ ဝန်ကြီးချုပ် ပရာဝတ် ဝန်စူဝမ်က နိုဝင်ဘာလ ၃၀ ရက်က ပြောကြားလိုက်သည်။

အိမ်ရှေ့မင်းသားက ဘုရင် ဖြစ်လာစေမည့် ဖိတ်ကြားချက်အား လက်ခံရရှိပြီး ဖြစ်ကြောင်း၊ တည်ဆဲဥပဒေ၏ လုပ်ထုံးလုပ်နည်းအရ အားလုံး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပရာဝတ်က သတင်းထောက်များအား နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ထိုင်းလွှတ်တော် သို့မဟုတ် ဥပဒေပြု လွှတ်တော် (NLA) က အိမ်ရှေ့မင်းသားအား နန်းတက်ရန် နိုဝင်ဘာလ ၂၉ ရက်က ဖိတ်ကြားခဲ့ကြောင်း သိရသည်။

လွှတ်တော်မှ ဖိတ်ကြားချက်အား အိမ်ရှေ့မင်းသားက လက်ခံခဲ့ပြီးနောက် နှစ်ပေါင်း ၂၃၄ နှစ်ရှိပြီ ဖြစ်သော  ချာခရီ မင်းဆက်၏ ၁၀ ဆက်မြောက် ရာမ ဘုရင်အဖြစ် ထီးနန်း ဆက်ခံမည် ဖြစ်သည်။ မင်းသားသည့် ၎င်း၏ ခမည်းတော် နန်းသက် နှစ်ပေါင်း ၇၀ ကျော် အုပ်စိုးခဲ့ပြီး သက်တော် ၈၈ နှစ်အရွယ်တွင် နတ်ရွာစံခဲ့သော ဘုရင် ဘူမိဘော အဒူလျာဒတ်၏ အရိုက်အရာကို ဆက်ခံမည် ဖြစ်သည်။

(Xinhua)

နမ္မတူကို စစ်ဘေးဒုက္ခသည် ၅၀၀ ၀န်းကျင် ထပ်မံရောက်ရှိ


 

( ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲတွေကြောင့် နမ္မတူမြို့ပေါ်ကို ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည်တွေကို တွေ့ရစဉ် ) Photo: Kan Thar/ RFAရှမ်းပြည်နယ်မြောက်ပိုင်း မန်တုံမြို့နယ် နမ့်ဟိုင်းကျေးရွာတ၀ိုက်မှာ တပ်မတော်နဲ့ မြောက်ပိုင်း မဟာမိတ် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် နမ္မတူမြို့ကို ဒီကနေ့ ထွက်ပြေး တိမ်းရှောင်လာတဲ့ စစ်ဘေးဒုက္ခသည် ၅၀၀ ၀န်းကျင်ရှိတယ်လို့ နမ္မတူမြို့နယ် တအာင်းပလောင် အမျိုးသားပါတီဥက္ကဌ ဦးအောင်မြင့်က ပြောပါတယ်။

တိမ်းရှောင်လာသူ အများစုဟာ ရှမ်းလူမျိုးတွေ ဖြစ်တဲ့အတွက် နမ္မတူမြို့ပေါ်က ရှမ်းဘုန်းတော်ကြီး ကျောင်းတွေမှာ နေရာချပေးထားပြီး စားဝတ်နေရေးကိုလည်း ဘုန်းကြီးကျောင်းတွေက လတ်တလော တာဝန်ယူထားတယ်လို့ ဦးအောင်မြင့်က ပြောပါတယ်။

"အများအားဖြင့် ရှမ်းတွေဖြစ်တဲ့ အတွက်ကြောင့်မို့လို့ သူတို့ကို ရှမ်းဘုန်းတော်ကြီးကျောင်းတွေမှာပဲ ယာယီနေရာ ချခိုင်းထားတယ်။ ရှမ်းအသိုင်းအ၀ိုင်းတွေ လာကြည့်ကြတယ်။ လာထောက်ပံ့ကြတယ်။ လောလောဆယ်တော့ ဘုန်းကြီးကျောင်းမှာရှိတဲ့ ဂေါပက အစီအစဉ်နဲ့ပဲ သွားရမှာပေါ့။"

ထွက်ပြေးတိမ်းရှောင်လာသူတွေဟာ နမ္မတူ- မန်တုံ လမ်းကြောတလျှောက်မှာနေတဲ့ ဒေသခံတွေ ဖြစ်ပြီး တပ်မတော်ဘက်က တိမ်းရှောင်ခိုင်းတဲ့အတွက် အခုလို တိမ်းရှောင်လာတာဖြစ်တယ်လို့ သိရပါတယ်။

နမ္မတူမြို့မှာ အရင်ကတည်းက စစ်ဘေးဒုက္ခသည် ၂၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလအတွင်းက မန်တုံမြို့နယ်မှာ တပ်မတော်နဲ့ တအာင်းပလောင်လွတ်မြောက်ရေး တပ်မတော် TNLA တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးခိုလှုံနေကြရသူ အများစု ပါဝင်ပါတယ်။

တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေဖြစ်တဲ့ ကချင်၊ တအာင်း၊ ရခိုင်နဲ့ ကိုးကန့် လက်နက် ကိုင် တပ်ဖွဲ့တွေကြား နိုဝင်ဘာလ ၂၀ ရက်နေ့ကစပြီး တိုက်ပွဲတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။

ဒီကနေ့ မန်တုံမြို့နယ် နမ့်ဟိုင်းကျေးရွာဝန်းကျင်မှာ တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အဲဒီဒေသကနေ နမ္မတူမြို့နယ်ကို တိမ်းရှောင်လာတဲ့ ဒုက္ခသည်တွေက ပြောပါတယ်။

RFA Burmese

Tuesday, November 29, 2016

မူဆယ်၁၀၅မိုင်ကုန်သွယ်ရေးဇုန်ပြန်လည်ဖွင့်လှစ် ==========================


၂၉..၁၁..၁၆
-
မူဆယ်၁၀၅မိုင်ကုန်သွယ်ရေးဇုန်ပြန်လည်ဖွင့်လှစ်ပြီးပဏာမကုန်သွယ်မှုလုပ်ငန်းတွေကိုလုပ်ဆောင်နေပြီလို့သိရပါတယ်။
-
"ဒီနေ့မှအပြည့်အဝဖွယ့်တယ်ဆိုရမှာပါ။လွန်ခဲ့တဲ့နှစ်ရက်လောက်ကတော့နည်းနည်းချင်းဝင်ထွက်ခွင့်ပြုနေတာ။အရင်လိုလည်ပတ်မှုတော့မဟုတ်ဘူး"လို့မူဆယ်နယ်စပ်ကုန်သည်ဦးစိုင်းဧခင်မောင်ကပြောပါတယ်
-
မူဆယ်ကုန်သွယ်ရေး၁၀၅မိုင်ကုန်သွယ်ရေးဇုန်ကိုနိုဝင်ဘာ၂၀ရက်က
ပစ်မှတ်ထားတိုက်ခိုက်ခံရပြီးလေးရက်တာကုန်သွယ်မှုကိုရပ်တန့်ခဲ့
ပါတယ်။နို့ဝင်ဘာ၂၆ရက်နေ့မှာတောပဏာမကုန်သွယ်မှုတွေကိုပြုလုပ်ခဲ့ပါတယ်။ယနေ့မှာတော့ကုန်သွယ်မှုဇုန်ကိုအပြည့်အဝဖွင့်လှစ်လိုက်
တာဖြစ်ပါတယ်။
-
လက်ရှိမှာတော့ကုန်သွယ်မှုယာဉ်အစီးရေ၃၀၀ဝန်းကျင်ရှိပြီးကုန်သွယ်မှုပမာဏအမေရိကန်ဒေါ်လာတစ်သန်းဝန်းကျင်ရှိတယ်လို့သိရပါတယ်။
-
ကုန်သွယ်ရေးဇုန်ကိုပြန်ဖွင့်လှစ်ထားပေမယ့်ဌာနဆိုင်ရာလုပ်ငန်းစဉ်
အချို့ကိုတော့ရပ်နားထားပါတယ်။
=======
Kumudra

ညဈေးတန်းတွင် နေရာချထားပေးမှု တရားမျှတမှုမရှိဟု ဈေးသည်များ စွပ်စွဲ ====================================


၂၆..၁၁..၁၆
-
ရန်ကုန်မြို့ ကမ်းနားလမ်းတွင် အကောင် အထည်ဖော်ခဲ့သော ညဈေးတန်းတွင် ဈေးရောင်းချသူများကြား နေရာချထား ပေးမှုတွင် တရားမျှတမှု မရှိကြောင်းကို နိုဝင်ဘာလ ၂၈ ရက်က မြန်မာဂျာနယ်
လစ် ရုံးခန်းတွင် ပြုလုပ်သည့် အဆိုပါဈေးသည်များ၏ သတင်းစာ
ရှင်းလင်းပွဲတွင် ၎င်းတို့ က စွပ်စွဲပြောကြားလိုက်သည်။
-
မြို့တွင်း မြို့နယ်များရှိ လမ်းဘေး ဈေးသည် ၆၀၀၀ ကျော်အနက် လက်ရှိ ၁၆၀၀ ကို နေရာချထားပေးရာတွင် နေရာ ရရှိ မှုမှာမျှတမှု မရှိကြောင်းကို ညဈေး တွင် နေရာရထားသူ ဈေးသည်အချို့က ပြောကြားသည်။
-
အဆိုပါရှင်းလင်းပွဲတွင် ယင်းမြို့နယ် လေးမြို့နယ်မှ နောက်ထပ် လမ်းဘေးဈေး သည် ၃၀၀ကျော်ကလည်း နေရာ ပေးရန် စဉ်းစား
ပေးစေလိုကြောင်း ထည့်သွင်းပြော ကြားခဲ့သည်။
-
မြို့တွင်း လေးမြို့နယ်မှ လမ်းဘေးဈေး သည် ၃၀၀ကျော်မှ ညဈေးတန်းတွင် နေရာချထားပေးမှုမှာ တရားမျှတမှု မရှိဘဲ ရောင်းချခွင့်နေရာ မရရှိသည့် ဈေးသည် များအတွက် နေရာပေးရန် စဉ်းစားပေးလို ကြောင်း ယင်းမြို့နယ်မှ လမ်းဘေးဈေး သည်များက ပြောကြားသည်။
-
အဆိုပါ ညဈေးဖွင့်လှစ်ရန် အကောင် အထည်ဖော်ရာတွင် ပါဝင်ခဲ့သော ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူများထံ ဖုန်းဖြင့် နှစ်ကြိမ်တိုင် ဆက်သွယ်မေးမြန်းခဲ့ရာ အစည်းအဝေး ကျင်းပ
နေသဖြင့် ဖြေကြားပေးနိုင်ခြင်း မရှိကြောင်း သတင်းရေးသားချိန် ညနေ ၆နာရီခန့်က ဖြေကြားသည်။
-
"အခုလက်ရှိ ဆိုင်ခန်းနေရာချ ပေးမှုက မညီမျှပါဘူး။ အခုက နေရာ
တွေ ခွဲပြီး မဲနှိုက်တယ်။ကွမ်းယာဆိုင်တွေဆို ရှစ်ပေရတဲ့သူလဲရှိတယ်။ ဈေးသည်တွေကို လက်ရှိရောင်းနေတဲ့နေရာမှာပဲ အဆင့် အတန်းရှိရှိ ရောင်းချနိုင်အောင် စီစဉ်ပေး သင့်ပါတယ်"ဟု လမ်းမတော်မြို့နယ်တွင် ဈေးရောင်းချသူ ဦးအောင်အောင်က ဆိုသည်။
-
ညဈေးတန်းမှ လမ်းဘေးဈေးသည် ၁၆၀၀ ကျော်ကို ၄ပေ။ ၈ပေ၊ ၈ ပေပတ် လည် ဆိုင်ခန်းနေရာ အကျယ်အ၀န်းချ ပေးထားသည်မှာ တရားမျှတမှု မရှိဘဲ နေရာမရှိသေးသည့် လမ်းဘေးဈေးသည် များအနေနှင့် နိုဝင်ဘာလ ၃၀ ရက် တွင် ဖယ်ရှားပေးရမည်
ဖြစ်သောကြောင့် အခက် အခဲများ ကြုံတွေ့နေရကြောင်း လမ်းဘေး ဈေးသည်များက ဆိုသည်။
-
"တကယ်ရောင်းချနေတဲ့ ဈေးသည် တွေအနေနဲ့ မှန်ကန်မှု ရှိတယ်
ဆိုရင် သေချာ စိစစ်ပြီး နေရာချထားမှုတွေ လုပ်ပေးနေပါတယ်။ နာမည်ကျန်ခဲ့တဲ့ သူတွေကို စည်ပင် နဲ့ချိတ်ပြီး နေရာပြန်ပေးဖို့ လုပ်
နေပါတယ်။ အကယ်၍ တကယ် မရောင်းဘဲနဲ့ ဆိုင်ခန်း ရရှိတဲ့သူတွေ
ကိုလည်း စစ်ဆေးတွေ့ရှိရင် ဆိုင်ခန်းကို ပြန်သိမ်းသွားမှာပါ"ဟု ကျောက်တံတားမြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာက ဆိုသည်။
-
ရန်ကုန်မြို့တော်တွင် ဈေးဆိုင်ခန်း ပေါင်း ၁၆၀၀ကျော် ပါဝင်သော ည ဈေး တန်း တစ်ခုကို ကမ်းနားလမ်း (သခင် မြပန်းခြံအနီးမှ ပန်းဆိုးတန်း ကမ်းနား အထိ) တွင် နိုဝင်ဘာလ ၂၃ ရက်မှစ၍ ဖွင့်လှစ်ခဲ့ပြီး ညနေ ၃နာရီမှ ည ၁၁ နာရီ ထိ ရောင်းချခွင့်ပေးထားကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီထံ မှ သိရသည်။ 
======
the voice

မြောက်ပိုင်းတပ်ဖွဲ့က ဗျူဟာကုန်းကို သိမ်းတော့မယ်ဆိုတဲ့ ငတိများ လာဖတ်ပါ။


မြောက်ပိုင်းသူပုန်အဖွဲ့ မုံးကိုး မြို့စပ်မှာ
ပိတ်မိနေပါတယ် မြို့စပ်ကနေမူလနေရာကို
ဆုတ်ခွာချင်သော်ငှါးလဲ အဘတို့ဆီက
ထွက်ပေါက်တွေပိတ်ထားတာကြောင့်ထွက်
မရဘူးဖြစ်နေပါတယ် ဗျူဟာကုန်းနှင့်
မုံးကိုးပတ်ပတ်လည်ကတောင်ကျော
တစ်လျောက်မှာအဘတို့ဆီကစနိုက်ပါလက်ဖြောင့်
စစ်သည်တွေချထားပါတယ်
တပ်မ၃၃နဲ့တပ်မ၉၉ကလဲညှပ်ပိတ်ထားတော့
ထောင်နဲ့ချီတဲ့သူပုန်အဖွဲ့ဘယ်လိုမှထွက်မရဘူး
ဖြစ်နေပါတယ် မုံးကိုးမြို့အတွင်းနဲ့မြို့ပြင်မှာ
စစ်ကြောင်း၂ကြောင်းကဖြတ်ပိတ်ထားပြီး
မြို့ကိုကျောပေး ပြီးပိတ်ဆို့ထားတဲ့စစ်ကြောင်း
တွေလဲရှိနေတာကြောင့်သူပုန်အဖွဲ့ကိုစစ်ကူ
ပေးမဲ့အဖွဲ့တွေလဲဝင်လို့မရလာလို့မရဖြစ်
နေတာကြောင့် kiaအဖွဲ့က ခေါင်းရှောင်
များက တရုတ်ကိုကြားဝင် တိုင်ပင်ခံလုပ်ပေး
ဖို့တောင်းဆိုနေပါတယ် တရုတ်ကလဲအရင်က
လို့ ရဲရဲတင်းတင်းတပ်မတော်နဲ့မဆွေးနွေးရဲ
တော့ပါဘူး ဘာကြောင့်လဲဆိုတော့ တပ်မတော်
ကပြည်သူနဲ့နယ်နမိတ်စည်းကိုထိပါးလာရင်
ဘယ်သူ့မျက်နှာမှမထောက်ဘဲပြတ်ပြတ်
သားသားလုပ်တတ်တယ်ဆိုတာကိုတရုတ်
ကသိသွားတာလောက်ကိုင်တိုက်ပွဲကတည်းက
ပါဒါကြောင့် တရုတ်က တပ်မတော်ကို
တစ်ခဲနက်ထောက်ခံပေးနေတာပါ
ဟိုတလောက တရုတ်ဘက်က
မြန်မာကိုလာပြီးကာချူပ်နဲ့ဆွေးနွေးပြီး
ပြန်သွားတော့ မုံးကိုးတဖက်ကမ်းက
တရုတ်နယ်စပ်တလျောက် ကိုတရုတ်စစ်တပ်
က တင့်တွေချထားလိုက်ပါတယ်
တရုတ်စစ်သားရာနဲ့ချီချထားလိုက်တာ
အားလုံးသိကြပြီးသားနေမှာပါ
တရုတ်ကမတုံးပါဘူး ရေရှည်ကိုကြည့်တတ်ပါ
တယ် ဒီနှိင်ငံရဲ့အကျိုးစီးပွားကိုရှာ
ရင်အဓိကထားရမှာဒီနှိင်ငံရဲ့ကာကွယ်
ရေးတပ်မတော်ကိုအဓိကထားရမယ်
ဒါမှလဲရေရှည်သွားနှိင်မယ်ဆိုတာ
တရုတ်က တွက်ပြီးသားပါ တကယ်တန်း
တုံးသွားတာကသူပုန်အဖွဲ့ပါ သူတို့သောင်း
ကျန်းချင်တိုင်းသောင်းကျန်းတဲ့အခါတပ်မတော်
ကဝင်ဆော်လာရင် တရုတ်ကိုမျက်နာငယ်နဲ့
အသနာခးံပြီးလူကိုယ်တိုင်သော်၎င်း
စာနဲ့သော်၎င်းဖုန်းနဲ့သော်၎င်း ဆက်သွယ်
ပြီးတရုတ်ကို ကြားဝင် ဆွေးနွေးပေးဖို့
အမြဲတောင်းဆိုနေကြပါ
အရင်ကတော့တရုတ်ကလဲ အကျိုးရနေတော့
ကိုယ့်လူသူ့ဘက်သားလုပ်လိုက်ဖူးပါ
တယ် ဒါပေမဲ့ နောက်ပိုင်းမှာ
တပ်မတော်ဘက်ကရဲရဲရင့်ရင်ပြတ်ပြတ်သား
သား ကာကွယ်တိုက်ခိုက်နှိင်မူ့တွေကို
တရုတ်ကမျက်ဝါးထင်ထင်တွေ့ရှိခဲ့တာ
ကြောင့်တရုတ်အနေနဲ့တောင် တပ်မတော်ကို
ပြန်ရှိန်နေရတဲ့အနေထားပါ
အခုလက်ရှိအနေထားအရသာ လပိုင်းလောက်
သွားမယ်ဆိုရင် မုံးကိုးမြို့စပ်မှာပိတ်မိနေတဲ့
ထောင်နဲ့ချီတဲ့သူပုန်အဖွဲ့စစ်ကူစစ်ထောက်
ပြတ်ပြီး စိတ်ဓာတ်ကျဆင်းပြီး လက်နက်ချ
အညံ့ခံ ရမဲ့အနေထားမှာရောက်သွားပါပြီ
ဒါဟာစစ်ရဲ့ ဖြစ်ရိုးဖြစ်စဉ်တစ်ခုပါ
အင်အားထောင်နဲ့ချီတဲ့သူပုန်အဖွဲ့ကို
နှိင်ငံ့တပ်မတော်က အရှင်ဖမ်းလိုက်ပြီဆိုတဲ့
သတင်း ကို တရုတ်သတင်းမှာလွှင့်လာမလဲ
ဆိုတာဘဲ စောင့်ကြည်ကြပါလို့
Fbပေါ်ကလေမင်းသားသူပုန်လော်လော်ပီပီ
များကိုသတိပေးလိုက်ပါတယ်
မင်းတို့လဲမင်းတို့သူပုန်အခြေနေအခု
ဘယ်လိုတွေဖြစ်နေတယ်ဆိုတာမင်းတို့လဲ
သိသင့်သလောက်တော့သိကြမှာပေါ့
ဒါပေမဲ့ ရှက်ရမ်းရမ်းပြီး ရေခဲရေမူတ်သောက်
ရင်တော့သဘောဘဲ
ခေတ်ကြီးကအရင်လိုဒေါင်းယောင်ဆောင်
တဲ့ကျီးခေတ်မဟုတ်တော့ဘူး
ကျီးကကျီး ဒေါင်းကဒေါင်းခေတ်ရောက်နေပြီ
ပွင့်လင်းမြင်သာတဲ့ခေတ်ကိုရောကနေပါပြီ
လူသတင်းလူချင်းဆောင်နေပြီနော့
လေလုံးထွားထွားကြီးတွေပစ်ပြီးဂွမ်းတဲ့
အဖြစ်မျိုးမဖြစ်စေနဲ့
ပြိုင်ပွဲတစ်ခုမှာအနျိင်အရှုံးဆိုတာနောက်ဆုံး
အချိန်ရောက်မှအရှုံးနှိင်ကပေါ်သွားတာပါ
အဘတို့သမိုင်းကိုအရင်လေ့လာလိုက်အုန်း
ရာဇဝင်ရိုင်းဖူးလားဆိုတာလေ့လာလိုက်အုန်း
ပြီးမှfbပေါ်ပြန်တက်လာခဲ့ပါ
ဒီနေ့ရာသီဥတုကလဲသာယာသလား
မပြောနဲ့ အဘတို့ဆီကလင်းယုန်တွေက
တွေ မနက်၅နာရီလောက်ကတည်းက
မုံးကိုးမှာ ပွဲကြမ်းနေပြီ
ဒီနေ့မုံးကိုး အခြေနေကို ကျားထိုးပွဲရှိရင်
ပြန်တင်ပေးမယ်
အခုSMတစ်ခန်းရပ်မယ်...ရထားပါ
Crd,sitmin