-
ကျမတို့လင်မယား နှစ်ယောက် 28-6-2016 နေ့ ရုံးဆင်းချိန် ညနေပိုင်းက
ပါရမီ စိန်ဂေဟာ ရှေ့က KBZ ATM မှာ ငွေ ထုတ်ပါတယ်
ငွေ ထဲမှာ တစ်သောင်းတန်တော်တော်များများပါပါတယ်ရှင်
ဒီကနေ့29-6-2016 ရက်နေ့ကျတော့ ကျမတို့ နှစ်ယောက်
သုံးဖို့ချန်ပြီး ကျန်တာကို့ KBZ သမိုင်းဘဏ်မှာ ငွေစု စာအုပ်ထဲကို
သွားထည့်ပါတယ် အရင်ကဆို ရက်ခြားပြီးမှသာ ငွေသွားစုပင်မယ့် ဒီတစ်ခေါက်တော့ နောက်ရက်ရောက်တာနဲ့သွားထည့်ဖြစ်ပါတယ် သမိုင်း KBZ ကိုရောက်တော့
ပိုက်ဆံထဲမှာ 1သောင်းတန် အတုတစ်ရွက်ပါနေကြောင်းပြောပါတယ် ဘဏ်ဝန်ထမ်းတွေက ကျမက မနေ.ကမှ kBZ ATM ကထုတ်လာကြောင်းပြောတော့
ATM စလစ်ရှိမ၇ှိကိုမေးပါတယ် ကျမက ရှိပင်မယ့် ယခု မပါလာသေးကြောင်းပြောတော့ စလစ်နဲ့ပိုက်ဆံတုကို တွဲပီး ပါရမီ စိန်ဂေဟာရှေ့က ATM စက်ကို
ငွေဖြည့်ရတဲ့ဘဏ်က သူတို့ဘဏ် မဟုတ်ကြောင်း တခြားဘဏ်ဖြစ်တာကြောင့်
အဒိဘဏ်ကို ဆတ်သွယ်ဖို.ပြောပါတယ် (တကယ်ဆို ဘယ် ဘဏ်ဖြစ်ဖြစ် သိနေရမယ်ထင်တာပဲ ) 1သောင်းတန်တုကို တံဆိပ်တုံးထုပေးပါတယ် အတုဖြစ်
ကြောင်းသိအောင် ပြီးတော့ သမိုင်းkbz က လွဲပေးတဲ့ လှည်းတန်းဘဏ်ကို ဖုန်းဆတ်ပီးမေးရပါတယ် လှည်းတန်းဘဏ်ခွဲကလည်း သူတို့နဲံ ထို ATM က မဆိုင်
ကြောင်းငြင်းဆိုပါတယ် ထိုမှ တဆင့် Card ဌာန ကိုဖုန်းဆတ်ပီး စုံစမ်းတော့
ပြေပြေလည်လည်ပဲရှင်းပြပါတယ် ကျွန်းတောလမ်းKBZ ဘဏ်ခွဲကcurrency
တွေကိုင်တာ ဖြစ်ပီး အမ တစ်သောင်းတန်တုရယ် ATMမှ ငွေထုတ်ထားတဲ့
စလစ်ရယ် ယူပီး သွားပေးပါလို့ ဆိုပါတယ်သူဖုန်းဆတ်ထားပေးတယ်လည်း
ပြောပါတယ် Card ဌာနက ညီမက(တကယ့် တကယ်ရောက်တော့ ဘယ်သူမှ မသိပါ လိုက်မေးရပါတယ်) ကျမလည်း ဘယ်လို၇ှင်းပေးမလဲ သိချင်လို့ ၇ုံးကနေ နေ.လယ်ပိုင်းချက်ချင်းပဲ လိုက်သွားခဲံ့ပါတယ် ဟိုေ၇ာက်တော့ ခဏစောင့်ခိုင်းပါတယ် နဲနဲကြာတော့ အမျိုးသမီး နှစ်ယောက် ရောက်လာ ပီး KBZ bank ကငွေစစ်တဲ့စက်တွေက ဘယ်လောက်ကောင်းကြောင်း၇ှင်းပြပါတယ် လူတွေနဲ့လည်း
အထပ်ထပ်စစ်ကြောင်းပြောပြပါတယ် ကျမကပြန်ပြောပါတယ် ဒီစက်က ထုတ်ပီး
ဒီပိုက်ဆံတွေပဲ ပြန်အပ်လိုက်တာပါ သုံးတောင် မသုံး၇သေးပါပူးလို့
ဒါပင်မယ့် စက်တွေက ဘယ်လို ကောင်းကြောင်းပဲ ပြောပါတယ် မမှားနိုင်ဘူးပဲ
ထပ်တလဲလဲ နှစ်ယောက်အပြိုင်၇ှင်းပြပါတယ် ဒီပိုက်ဆံကို ဘယ်လို တာဝန်ယူမယ် မပြောပဲ i banking နဲ့သုံးဖို့အကြံလာပေးနေပါတယ်
ဒီပိုက်ဆံက သူတို့အမှားမဟုတ်တဲ့အတွက် တာဝန်မယူနိုင်ကြောင်းပြောပါတယ်
ကျမ မှာ ရောသွားစရာ တခြားပိုက်ဆံလည်း မရှိပါ ဒီနေ.ထုတ်ပီး နက်ဖြန်ချက်ချင်း
အပ်တာပါ ဘဏ်မှာ တစ်သောင်းတန် အတုတစ်ရွက်နဲ့လည်း ကျမ ကလိန်မကျပါ
ဖြစ်ကြောင်းကုန်စင်ပြောပြတယ် ထုတ်တဲ့စလစ်ပြတယ် ဘာမှမလုပ်ပေးပါ
အခုလို ၇ှင်းပြပြီး တာဝန်ယူမှုမပေးတာ ကျေးဇူးပါ KBZကျွန်းတောမှတာဝန်၇ှိသူများရယ် ကျမ ရဲ့ kBZ ဘဏ်စာအုပ်လဲ ကျမ ဖြတ်ပြစ်ပါတော့မယ်။
KBZ user တွေလည်း သတိထားကြပါ ကျေးဇူးတင်ပါတယ်။
KBZ က တုံးထုပေးလိုက်တဲ့ ပိုက်ဆံနဲ့ ATM စလစ်ပါ တင်ပေးထားပါတယ်။
*မဇူးဇူးသိုက်
*09-252857896
*International Daehan Motor Co.,Ltd
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Thursday, June 30, 2016
နောက် မဆတ်ဆံချင်တော့ပါ KBZ Bank ရယ် ------------------------------------------------
အခု online မှာ ပြန့်လာတဲ့ … NLD ပါတီက လွှတ်တော်အမတ် … ဒေါက်တာ တင်ဋ္ဌေးအောင်(ခ) ဦးရွှေတိုး ရဲ့ …
လုပ်ရပ်ဟာ အင်မတန် ကြောက်ဖို့ကောင်းပါတယ် …
၁။ တိရိစ္ဆာန် ဆေးကုဆရာဝန်ဘွဲ့ (B.VS) နဲ့
နေအိမ်မှာ ဆေးခန်းဖွင့်ပြီး လူနာတွေကို
လက်ခံကုသတယ် ၊ အရပ်ထဲလှည့်ဆေးကုတယ်
၂။ လူမပြောနဲ့ တိရိစ္ဆာန်ဆေးကုဖို့တောင် ကုသခွင့်
မှတ်ပုံတင်ထားခြင်းတောင် မရှိပါဘူးတဲ့
၃။ ဒီလိုလူမျိုးဟာ တိုင်းပြည်အတွက် အရွေးချယ်ခံထားတဲ့
အမတ်တစ်ယောက်လဲ ဖြစ်နေပါတယ် ဆိုတော့ ……………
ကျွန်တော်တို့ ပြည်သူတွေ ဘယ်လိုများ ယုံကြည်ပေးရမလဲဗျာ ???
လျှပ်စစ်ရထား ပြေး ဆွဲ မှု ကို ဇူ လိုင် ၁ ရက် မှ စ ၍ ရပ်နားမည် ….
Thursday, June 30, 2016
ရန်ကုန်မြို့ ကမ်းနားလမ်းတစ်လျှောက် ဝါးတန်းလမ်းမှ လင်းစဒေါင်း လမ်းအထိ လျှပ်စစ်ရထား (TRAM) သည် ဇွန်လကုန် အထိသာ ပြေးဆွဲမည်ဖြစ်ပြီး ဇူလိုင် ၁ရက်မှစ၍ ရပ်နားသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ အောက်မြန်မာ ပြည် အထွေထွေ မန်နေဂျာ ဦးထွန်းအောင်သင်းက ပြောသည်။
''အရင်က ခရီးသည်တွေ အထိုက်အလျောက်စီးပါတယ်။ နောက်ပိုင်း တစ်ရက်ကိုပျမ်းမျှ ၄၅ဦး ၅ဝ လောက်ပဲစီးကြ တယ်။ အဲဒီအခါမှာ ထိထိ ရောက်ရောက်ဖြစ်ဖို့ စိစစ်ပါတယ်။
နောက်ဆက်တွဲမှာလည်း ကမ်းနားလမ်းက Inport၊ Exportနဲ့ လုပ်တဲ့ ကွန်တိန်နာကားတွေ အသွားအလာရှိ တော့ ပိတ်ဆို့မှုတွေ ဖြစ်လာတယ်။ အဲဒီလို အခြေအနေတွေမှာ ယာဉ်မတော်တဆမှု တွေလည်းဖြစ်လာတယ်။ ကမ်းနား လမ်းမှာ ကားပိတ်ဆို့မှုတွေဖြစ်လာတာ ဒီလျှပ်စစ် ရထားကြောင့် အနှောင့်အယှက်များ ဖြစ်နေမလား ပြန်သုံး သပ်ကြ ပါတယ်။ ဒီလို စိစစ်မှုတွေ၊ အကြံပြုချက်တွေ၊ သဘောထားတွေနဲ့ အခုလိုရပ်လိုက်ရင် ကောင်းမယ်ဆိုတဲ့ အဖြေထွက် လာပါတယ်။ ဒါကြောင့် ရပ်လိုက်တာပါ'' ဟု ၎င်းကဆက်လက် ပြောသည်။
အဆိုပါလျှပ်စစ်ရထားကို ဝါးတန်း၌ ရပ်နားထားမည်ဖြစ်သော်လည်း ကောင်းမွန်သည့် လမ်းကြောင်းများနှင့် မည်သို့ အသုံးချ မည်ဆိုသည့် နည်းလမ်းများကို ဆက်လက် ရှာဖွေသွားမည်ဖြစ်သည်။ အချိန်မရွေး ထုတ်သုံးနိုင်မည့် အစီအစဉ်များတွင် ယာဉ်ကြောကျပ်တည်းမှု ဖြစ်ပေါ်လာပါက ထုတ်သုံးနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်သည်။
''လျှပ်စစ်ရထားစီမံကိန်းကို ဂျပန်နိုင်ငံက West Corporation နဲ့၂ဝ၁၅ ခုနှစ် ဇူလိုင်လမှာ ဂျပန်ယန်း ၄၅၄ ဒသမ ၅၅ သန်းနဲ့ စာချုပ်ချုပ်ပြီး ၂ဝ၁၆ ခုနှစ် ဇန်နဝါရီ ၁ဝရက်က စတင်ပြေးဆွဲ ပေးခဲ့ပါတယ်။
လက်ရှိမှာတော့ တစ်ရက် ၄၅ ဦးလောက်ပဲ စီးတဲ့အခါ ဝင်ငွေအနေနဲ့ ငွေကျပ် ၄၅ဝဝ လောက်ပဲရှိပါတယ်။ လျှပ်စစ်အသုံး စရိတ်အနေနဲ့ဆိုရင် ငွေကျပ် ၁၅ဝဝဝ လောက်ရှိပါတယ်။ များများစီးစေချင်ပါတယ်'' ဟု ၎င်းကဆက်လက်ပြောသည်။
ဝန်းရံခ၊ ဆုလာဘ်
မြ၀တီ
@@@ #လူတစ်ယောက်၏တန်ဖိုး @@@ -------------------------------
တစ်ခါက နာမည်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးသည် ချောင်ကျသော ရွာတစ်ရွာသို့သွားရောက် လည်ပတ်ခဲ့သည်။ ရွာသို့ရောက်သော် လှေတစီးငှားပြီး မြစ်တစ်လျှောက် လည်ပတ်ခဲ့သည်။
လှေစတင်ထွက်သောအခါ ဆရာက လှေသမားအား......
" ခင္ဗ်ား သခ်ာၤေဗဒတတ္သလား"
" ကျွန်တော် မတတ်ပါဘူး""ရူပဗေဒ တတ်သလား"
"ဒါလဲ မတတ်ပါဘူး"
" ဒါဆိုရင် ခင်ဗျား ကွန်ပျူတာသုံးတတ်သလား"
"စိတ်မကောင်းပါဘူး... ဒါလဲ ကျွန်တော်မတတ်ပါဘူး" ဆရာမှာ ခေါင်းခါပြီး
"သချာင်္မတတ်ရင် လူ့ဘ၀ရဲ့၆ပုံ၂ပုံကိုခင်ဗျားဆုံးရှုံးမယ်"
"ရူပဗေဒ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"
"ကွန်ပျူတာ မတတ်ရင် လူ့ဘ၀ရဲ့ ၆ပုံ၁ပုံကို ဆုံးရှုံးမယ်"..
"ခင်ဗျားရဲ့ ဘ၀၆ပုံ၎ပုံဟာ ဆုံးရှုံးသွားပြီပဲ...."
ထိုခဏအတွင်း ရာသီဥတု ပြောင်းပြီး ကောင်းကင်တွင် တိမ်ညိုများ တက်လာသည်။
မကြာမီ မိုးသက်လေပြင်း ကျရောက်တော့မည်။
ထိုအခါ လှေသမားက ဆရာအား
" ခင်ဗျားရေကူးတတ်သလား"ဟုမေးလိုက်သည်။ ဆရာက ခဏမျှ ဆွံအပြီး
"ကျွန်တော်မကူးတတ်ဘူး တစ်ခါမှ မသင်ဖူးဘူး"ဟုပြန်ဖြေလေသည်။
လှေသမားမှာ ခေါင်းကိုသွင်သွင် ရမ်းပြီး..
" ဒါဆိုရင် ခင်ဗျားရဲ့ဘ၀၆ပုံစလုံးဟာ ဆုံးရှုံးရတော့မယ်"ဟု ပြန်ဖြေခဲ့သည်။
လူတယောက်ဟာ ကိုယ့်ရဲ့အဆင့်အတန်း ကိုယ့်ရဲ့စံချိန်နဲ့အခြားလူတစ်ယောက်ကို သွားတိုင်းတာလို့ မရပါဘူး။ ပုံပြင်ထဲက ဆရာဟာပညာရှင်တစ်ဦးပါ။သူ့ဘ၀မှာသချာင်္၊ ရူပ၊ ကွန်ပျူတာ ပညာတွေသာ အရေးကြီးတယ်လို့ ထင်နေသူပါ။ ဒီပညာတွေသာ မတတ်ရင် လူ့ဘ၀ဟာအဓိပ္ပါယ်မဲ့ပြီလို့ ထင်နေသူပါ။
ဒါဟာ ပညာရှင်တွေရဲ့အယူအဆပါ။လှေသမားအတွက်ကတော့ သူ့အတွက် ဒီပညာ မတတ်လဲ ဘာမှမဖြစ်ဘူး။ အရေးကြီးတာကသူ့အတွက် "ရှင်သန်" ဖို့ အားအင်တွေ ရှိနေဖို့ပဲ။
ဒါပေမဲ့ အရေးကြုံလာတဲ့ အချိန်မှာ ဆရာတတ်ထားတဲ့ ပညာဟာ ဘာမှ အသုံးမ၀င်ခဲ့ဘူး။လှေမှောက်သွားရင်ရေကူးတတ်တဲ့ လူသာ အသက်ရှင်ခွင့်ရမှာပါ။
တပါးသူကို အထင်မသေးပါနဲ့။"ငါ"ဆိုတဲ့ ကိုယ့်စံနူန်းနဲ့ အမှားအမှန်ကို မခွဲခြားပါနဲ့။
ဟိုလူမှာ ထီထွင်ဥာဏ်မရှိဘူး... ဒါပေမဲ့ သူဟာ ရိုးသားတယ်... မကောင်းတာကို မကြံစည် တတ်ဘူး။
ဒီလူဟာ အပြောအဆို မတတ်ဘူး။ ဒါပေမဲ့ သူဟာ အလုပ်ကိုကြိုးစားတယ်။ ဖြောင့်မတ်တယ်။ မခိုမကပ်ဘူး။ ငါရဲ့ "အရည်အချင်း" သူ့မှာမရှိသလို သူ့ရဲ့ "အရည်အချင်း"လဲ ငါ့မှာ မရှိဘူး ဆိုတာကို ဘယ်တော့မှမမေ့ပါနဲ့.....။
အဓိက ကတော့ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင်နေထိုင်နိုင်ဖို့ ကြိုးစားပါ။ ကိုယ့်စံနှုန်းနဲ့ သူများကို တိုင်းတာဖို့ မစဉ်းစားပါနဲ့တဲ့......။
ဘ၀တစ်လျှောက်မှာ ကိုယ်နဲ့သဘောထားချင်း တိုက်ဆိုင်သူနဲ့ ဆုံဖို့ဆိုတာ
တကယ်တမ်းတော့ တော်တော်မလွယ်လှပါဘူး။
(သီတဂူဆရာတော်ကြီး၏ တရားတော်မှ)
Credit- Mar Oo via ရသာစာပေပျိုးခင်း
သူခိုးဟု စွပ်စွဲ၍ ထိုးကြိတ်ရိုက်နှက်ပြီး ဖုန်းဆိုင်အတွင်း ပိတ်လှောင်ထားသူ များကို အမှုဖွင့် ---------------------------------------
ရန်ကုန်၊ ဇွန် ၂၉
မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်တွင် ဇွန်လ ၂၆ ရက် ည ၁၁ နာရီက အသက် ၁၉ နှစ် အရွယ် အမျိုးသား တစ်ဦးကို အငှား ယာဉ်ဖြင့် ခေါ်ဆောင်၍ သူခိုးဟု စွပ်စွဲပြီး အုပ်စုဖွဲ့ ထိုးကြိတ် ရိုက်နှက်ကာ တာမွေ မြို့နယ်၊ ၁၅၆ လမ်းရှိ MY PHONE အရောင်းဆိုင်အတွင်း ပိတ်လှောင်ခဲ့သူများကို အမှုဖွင့် အရေးယူထား ကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
“ဖုန်းဆိုင်ထဲက ပစ္စည်းတွေ ပျောက်လို့ ဆိုင်ရှင်က သူ့ကို အငှားယာဉ် နဲ့ ဒေါပုံတံတားအဆင်းနားခေါ်ပြီး အုပ်စုဖွဲ့ ရိုက်နှက် စစ်ဆေးမေးမြန်းခဲ့ တယ်လို့ အမှုဖွင့် တိုင်ကြားချက်အရ သိရတယ်၊ ပြီးတော့ တာမွေက ဖုန်းဆိုင်ထဲမှာ တစ်ရက်ကြာ ချုပ်နှောင်ထားချိန် ဆိုင်ရှင်ရဲ့ သားဖြစ်သူ သုံးနှစ်သားက တိုက်ပေါ်က ပြုတ်ကျ သေဆုံးခဲ့လို့ သူ့ကို ပြန်လွှတ်ပေး လိုက်တယ်လို့ သိရတယ်၊ မတရားချုပ်နှောင်ပြီး ရိုက်နှက်မှုနဲ့ ဖုန်းဆိုင်ပိုင်ရှင် လင်မယားကို ဖမ်းဆီး စစ်ဆေးနေပါတယ်၊ နှစ်ဦးက ထွက်ပြေးတိမ်းရှောင်နေ လို့ လိုက်လံ စုံစမ်းနေဆဲပါ ”ဟု မင်္ဂလာတောင်ညွန့် မြို့နယ် ရဲမှူး သိန်းအောင် က ပြောကြားသည်။
အဆိုပါ အုပ်စုဖွဲ့ ဝိုင်းဝန်းထိုးကြိတ် ရိုက်နှက်ခံရသော အမျိုးသားမှာ ယင်းညက ဖုန်းဆိုင်တွင် အတူလုပ်ကိုင်ဖူး သော အမျိုးသမီးတစ်ဦးနှင့် တွေ့ ဆုံရန် ၁၁၈ လမ်းထိပ်တွင် ချိန်းဆိုခဲ့ပြီးနောက် ယင်းအမျိုးသမီးက အငှားယာဉ် တစ်စီးဖြင့် လာရောက်ခေါ်ဆောင်ခဲ့ကြောင်း၊ ယင်းနောက် အဆိုပါ အငှားယာဉ်ပေါ်သို့ MY PHONE အရောင်း ဆိုင်ပိုင်ရှင် ဇနီးမောင်နှံနှင့် အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးတို့ လိုက်ပါလာခဲ့ပြီး အငှားယာဉ်ကို ဒေါပုံ တံတားအဆင်းသို့ မောင်းနှင်၍ ၎င်းကို အုပ်စုဖွဲ့ ဝိုင်းဝန်း ထိုးကြိတ်ရိုက်နှက်ခဲ့ကြောင်း အမှုဖွင့် တိုင်ကြားချက် များအရ မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းထံမှ သိရှိရသည်။
“ဖုန်းဆိုင်မှာ အတူလုပ်ကိုင်ဖူးတဲ့ အမျိုးသမီးက မုန့်အတူစားမယ်လို့ ဖုန်းဆက်ခေါ်ပြီး သူ့ကို အငှားကားနဲ့ ဒေါပုံတံတားအဆင်း မှောင်ရိပ် ထဲ ခေါ်သွားခဲ့တယ်၊ ကားပေါ်မှာ အတူပါလာတဲ့ ဖုန်းဆိုင်ပိုင်ရှင်က သူ့ကို တံတားအောက် မှောင်ရိပ်မှာ ထိုးကြိတ် ရိုက်နှက်ပြီး ဆိုင်က ပျောက်သွားတဲ့ ပစ္စည်းတွေ ဘယ်မှာထားလဲ မေးမြန်းခဲ့တယ်၊ ပြီးတော့ သူ့ကို တာမွေမှာရှိတဲ့ MY PHONE ဆိုင် ပြန်ခေါ်လာပြီး ဆိုင်ထဲမှာ ပိတ်လှောင် စစ်ဆေးနေ တုန်း နောက်တစ်နေ့ ဇွန်လ ၂၇ ရက်မှာ ဖုန်းဆိုင်ပိုင်ရှင်ရဲ့ သားဖြစ်သူ က နေအိမ် တိုက်ခန်း ငါးလွှာပေါ်က ပြုတ်ကျသေဆုံးခဲ့လို့ ဖမ်းဆီးစစ်ဆေးနေ သူကို ပြန်လွှတ်ပေးလိုက်တာလို့ တိုင်ကြားချက် အရ သိရတယ် ” ဟု ရဲမှူး သိန်းအောင်က ပြောကြားသည်။
အဆိုပါ အမျိုးသားကို ထိုးကြိတ်ရိုက်နှက်ပြီး MY PHONE အရောင်းဆိုင်အ တွင်း ပိတ်လှောင်စစ်ဆေးခဲ့သည့် အသက် ၃၈ နှစ် အရွယ် ဖုန်းဆိုင်ပိုင်ရှင်၏ သားဖြစ်သူ သုံးနှစ်အရွယ် ယောက်ျားလေးမှာ ဇွန်လ ၂၇ ရက် ည ၉ နာရီက တာမွေမြို့နယ်၊ ၁၅၆ လမ်းရှိ ငါးလွှာတိုက်ခန်းတွင် တစ်ဦးတည်းကျန်ရှိ ချိန် ဆော့ကစားရာမှ အိမ်ရှေ့ ၀ရန်တာပေါ်မှ မြေပြင်သို့ ပြုတ်ကျသေဆုံး ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။
“ဆိုင်က ပစ္စည်းတွေပျောက်လို့ သံသယရှိသူကို ထိုးကြိတ်ရိုက်နှက်ပြီး ခေါ် စစ်ဆေးတယ်၊ မဖြေလို့ ဆိုင်ထဲ ပိတ်လှောင်ပြီး ရိုက်နှက်စစ်ဆေးခဲ့လို့ ဆိုင်ပိုင်ရှင်အမျိုးသားက တရားလိုကနေ တရားခံ ပြန်ဖြစ်ခဲ့ရတယ်၊ ဥပဒေအတိုင်း ဖြေရှင်းရမယ့် ပြဿနာကို မိမိသဘောဆန္ဒနဲ့ လုပ်ဆောင်မိတာကြောင့် ကလေးနာရေး ဖြစ်နေချိန်မှာ လင်မယားနှစ်ယောက်လုံး အချုပ်ခန်းထဲ ဖမ်းဆီးစစ်ဆေးမှုကို ခံယူနေရတယ် ”ဟု မင်္ဂလာ တောင်ညွန့်မြို့နယ် ရဲမှူး သိန်းအောင်က ပြောကြားသည်။
ဆိုင်အတွင်း ပစ္စည်းပျောက်ဆုံးရာမှ သံသယရှိသူ အမျိုးသားကို ဝိုင်းဝန်းထိုးကြိတ်ပြီး ဆိုင်အတွင်း ပိတ်လှောင် စစ်ဆေးမှုဖြင့် ဆိုင်ပိုင်ရှင် အသက် ၃၈ နှစ် အရွယ် အမျိုးသားနှင့် အသက် ၂၉ နှစ် အရွယ် ၎င်း၏ ဇနီးဖြစ်သူ တို့ကို ဖမ်းဆီးခဲ့ကြောင်း၊ အငှားယာဉ်ဖြင့် တင်ဆောင်၍ ဒေါပုံတံတားအဆင်းတွင် အမျိုးသားကို ဝိုင်းဝန်း ရိုက်နှက် စစ်ဆေးခဲ့စဉ်က ဆိုင်ရှင် ဇနီးမောင်နှံနှင့်အတူ ပါဝင်ခဲ့သော အသက် ၂၀ အရွယ်ရှိ အမျိုးသမီး တစ်ဦး(စုံစမ်းဆဲ) နှင့် အမျိုးသား တစ်ဦး(စုံစမ်းဆဲ) တို့ကို ရာဇသတ်ကြီး ပုဒ်မ ၃၆၇။ ၃၄၁။၁၁၄ ဖြင့် အမှုဖွင့် စုံစမ်း စစ်ဆေးနေကြောင်း မင်္ဂလာတောင်ညွန့်မြို့မ ရဲစခန်းထံမှ သိရှိရသည်။