Thursday, November 17, 2016

ထရမ့်အနေဖြင့် ကုန်သွယ်ရေးစစ်ပွဲ စတင်ပါက iPhone ရောင်းချမှုကို ရပ်တန့်သွားမည်ဟု တရုတ် သတိပေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေဖြင့် ကုန်သွယ်ရေးစစ်ပွဲ ဖန်တီးရန် သွင်းကုန်များအပေါ် ၄၅ ရာခိုင်နှုန်း ကုန်သွယ်ခွန် ကောက်ခံပါက တရုတ်နိုင်ငံတွင် Apple အပါအဝင် အမေရိကန် ကုမ္ပဏီများအနေဖြင့် တရုတ်ပြည်သူများသို့ ထုတ်ကုန်ရောင်းချခွင့် ပိတ်ပင်သွားမည် ဖြစ်သည်။

“ထရမ့်အနေဖြင့် Sino-US ကုန်သွယ်မှုကို ဖျက်သိမ်းလိုက်ပါက အမေရိကန်လုပ်ငန်းများစွာ အထိနာမည် ဖြစ်ကြောင်း၊ နောက်ဆုံးတွင် ယင်းအမေရိကန်သမ္မတသစ်သည် မဆင်မခြင်ပြုခြင်း၊ မသိနားမလည်ခြင်း သို့မဟုတ် လုပ်ငန်းပိုင်းမကျွမ်းကျင်ခြင်းတို့ကြောင့် ဝေဖန်မှုခံရမည် ဖြစ်ကြောင်း” တရုတ်အစိုးရသတင်းစာ Global Times တွင်ရေးသားထားသည်။ “ဘိုးအင်းလေယာဉ်များနေရာတွင် Airbus ကိုအသုံးပြုမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိ အမေရိကန်ကားနှင့် iPhone ရောင်းချမှု ရပ်ဆိုင်းမည် ဖြစ်သလို အမေရိကန် ပဲပိစပ်နှင့် ပြောင်းဖူးသွင်းကုန်များကိုလည်း ရပ်သွားမည် ဖြစ်ကြောင်း၊ တရုတ်အနေဖြင့် အမေရိကန်တွင်း ပညာသင်ကြားနေသော တရုတ်ကျောင်းသားအရေအတွက်ကိုလည်း ကန့်သတ်သွားမည် ဖြစ်ကြောင်း” ရေးသားထားသေးသည်။

တရုတ်နိုင်ငံသည် စမတ်ဖုန်းဈေးကွက်တွင် အရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်လာသည်။ နိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ China Mobile ကိုအသုံးပြုသူ သန်း ၈၀၀ ရှိသည်။ အကယ်၍ Apple နှင့် အခြားကုမ္ပဏီများ၏ ထုတ်ကုန်များကို တရုတ်တွင် ရောင်းချခြင်းမပြုနိုင်ပါက အကြီးအကျယ် အထိနာနိုင်သည်။

တရုတ်စီးပွားရေးလုပ်ငန်းများသည် ပုံစံတူ ထုတ်ကုန်များဖန်တီး၍ အမေရိကန်စီးပွားရေးကို ဖျက်ဆီးနေကြကြောင်း ဒေါ်နယ်ထရမ့်ကဲ့သို့ နိုင်ငံရေးသမားနှင့် စီးပွားရေးသမားများက ပြောဆိုနေကြသည်။ ယခုစည်းကြပ်ခွန်သည် အမေရိကန်စက်ရုံများက နိုင်ငံပြင်ပတွင် စက်ရုံများ တည်ဆောက်မှုကို အဟန့်အတားပြုနေကြသည်။

Ref: TechBuffalo

No comments: