===============================
မြန်မာနိုင်ငံဆိုင်ရာ ယာယီကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးသစ်အဖြစ် နော်ဝေလူမျိုး ကညုအော့စ်ဘီ (Knut Ostby) ကို ဒီနေ့ ခန့်အပ်လိုက်ပါတယ်။ ရိုဟင်ဂျာပြဿနာကိုင်တွယ်တဲ့ကိစ္စမှာ မြန်မာအစိုးရနဲ့ မကျေလည်မှုတွေများလာချိန်မှာ လူသားချင်းစာနာမှုဆိုင်ရာ အခန်းကဏ္ဍအတွက် တာဝန်ယူဖို့ ခန့်အပ်တာလို့ ဆိုပါတယ်။
ဒါဟာ အဆင့်မြင့် ကုလသမဂ္ဂအကြီးအကဲတာဝန်ရှိသူ ခန့်အပ်ရေးကို မြန်မာနိုင်ငံက ပိတ်ဆို့လိုက်ပြီးတဲ့နောက် ခုလိုယာယီခန့်အပ်တာလို့ မျှော်မှန်းရကြောင်း ရိုက်တားစ်သတင်းမှာ ဖော်ပြပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သံတမန်တွေ အလွတ်သဘောပုဂ္ဂိုလ်ရေးအရ တွေ့ဆုံတဲ့အခါ ကုလသမဂ္ဂကို အထူးသဖြင့် ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးဆိုင်ရာတိုင်းတာချက် လက်တံကို စိတ်ပျက်ရတဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားတယ်လို့ဆိုပါတယ်။
အာဖဂန်နစ္စတန်နဲ့ အရှေ့တီမောအပါအ၀င် ပြဿနာရှိတဲ့ နိုင်ငံတွေမှာ တာဝန်ယူဖူးတဲ့ Mr. Ostby ဟာ တာဝန်ပြီးဆုံးသွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေကိုယ်စားလှယ် မစ္စ ရီနာတာလော့ခ် ဒက်ဆာလီယံ နေရာမှာ အစားထိုးတာဝန်ယူမှာ ဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ သြဂုတ်လကုန်ပိုင်းက ဖြစ်ပွားသွားတဲ့ အကြမ်းဖက်မှုကြောင့် ရိုဟင်ဂျာမွတ်ဆလင် ၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားကြပါတယ်။
ပြဿနာဖြစ်စကာလမှာ မြန်မာတပ်က ထိုးစစ်ဆင်နွှဲတာဟာ လူမျိုးတုံးရှင်းလင်းတာပဲလို့ ကုလသမဂ္ဂက ပြောတာကို မြန်မာက ငြင်းပါတယ်။ လုံခြုံရေးစခန်းတွေ တပြိုင်တည်း အတိုက်ခံရတဲ့နောက်ကွယ်က ရိုဟင်ဂျာစစ်သွေးကြွတွေကို တန်ပြန်စစ်ဆင်တာလို့ ပြန်ချေပခဲ့ပါတယ်။
Photo: Knut Ostby's twitter
#RFA Burmese
မြစ်ဆုံ media သည် လွတ်လပ်သော မီဒီယာဖြစ်ပြီး မည်သည့်အဖွဲ့၊ ပါတီ၊ အသင်းအဖွဲ့၏သြဇာခံ လက်အောက်ခံမဟုတ်ပါ။ စီးပွားဖြစ် မီဒီယာ မဟုတ်ပါ။ သတင်းများကိုအမြန်ဆုံးပေးပို့နေသော မီဒီယာတခုဖြစ်ပါသည်။
Tuesday, October 31, 2017
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဌာနေညှိနှိုင်းရေးမှူးသစ် ခန့်အပ် =
ကဲ အစိုးရဘယ်လိုလုပ်မလဲ တိုင်းရင်းသားမျက်နှာကြည့်မလား ခိုးဝင်ဘင်္ဂလီ ကုလား မျက်နှာကြည့်မလား ပြည်သူကစောင့်ကြည့်နေပါတယ်
ကဲ အစိုးရဘယ်လိုလုပ်မလဲ
တိုင်းရင်းသားမျက်နှာကြည့်မလား
ခိုးဝင်ဘင်္ဂလီ ကုလား မျက်နှာကြည့်မလား
ပြည်သူကစောင့်ကြည့်နေပါတယ်
#crd
လွှတ်တော်မှ ဗိုလ်မှူးချုပ် သိန်းနိုင် အပါအ၀င် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦး အစားထိုးပြောင်းလဲ
=============================
၃၁..၁၀..၁၇
-
တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် (၄၁) ဦးကို အစားထိုး
ပြောင်းလဲလိုက်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။
-
အစားထိုးပြောင်းလဲရာမှာ ပြည်သူ့ လွှတ်တော်က တပ်မတော်သား
ကိုယ်စားလှယ်(၅)ဦး၊ အမျိုးသားလွှတ်တော်က တပ်မတော်သား
ကိုယ်စားလှယ် (၆) ဦးနဲ့ တိုင်းနဲ့ ပြည်နယ်လွှတ်တော်တွေ ၁၁ ခုက တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်(၃၀)ဦးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
-
ယခုဒုတိယအကြိမ် လွှတ်တော် သက်တမ်းအတွင်း တပ်မတော်သား
ကိုယ်စားလှယ်အစားထိုးပြောင်းလဲမှုတွေထဲမှာ ယခုအစားထိုး
ပြောင်းလဲမှုဟာ ဦးရေအများဆုံးဖြစ်နေတာကိုတွေ့နေရပါတယ်။
-
့ပြည်နယ်နဲ့ တိုင်း လွှတ်တော် ၁၁ ခုက တပ်မတော်သားလွှတ်တော်
ကိုယ်စားလှယ်(၃၀)ဦး အစားထိုးပြောင်းလဲရာမှာတော့ ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်သိန်းနိုင် လည်းပါဝင်နေပါတယ်။
-
သူ့နေရာမှာ ဗိုလ်မှူးကျော်ကျော်ဝိုင်းကို အစားထိုးခဲ့တာပါ။
-
ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဒဂုံမြို့ နယ်မှ တိုင်းလွှတ်တော်
ကိုယ်စားလှယ် ဦးကျော်ဇေယျက ” ကျွန်တော့်စိတ်ထင်တော့ ကိုသိန်းနိုင်ကြီးက အသက် ၆၀လည်းနီးနေပြီဗျ။ ပြီးတော့ ရန်ကုန်တိုင်း
ဒေသကြီးလွှတ်တော်မှာလည်း သူကျန်းမာရေးသိပ်မကောင်းဘူး။ အဲဒါကြောင့် တပ်မတော်က ပြန်ခေါ်တာဖြစ်နိုင်ပါတယ် ဗိုလ်ချုပ်မှူးကြီး
သန်းရွှေ သားမက်လေ” လို့  ပြောပါတယ်။
======
ပေါ်ပြူလာ
အထည်ချုပ် အလုပ်သမမှ အထည်ချုပ်စက်ရုံပိုင်ရှင်ဖြစ်လာသူ
.
ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ နှင်းရွှေကြာအထည်ချုပ်စက်ရုံ၏ ပိုင်ရှင်သည် မယဉ်ယဉ်မိုး သည် ယခင်က အထည်ချုပ်စက်ရုံတွင် အလုပ်သမ တဦးအဖြစ် စတင်လုပ်ကိုင်ခဲ့သူဖြစ်ပြီး ကိုယ်ပိုင်အထည်ချုပ် စက်ရုံလုပ်ငန်းကို ဦးဆောင် တည်ထောင်နိုင်ခဲ့သော အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဖြစ်သူ ဖြစ်လာသည်။
.
"၁၉၉၂ ခုနှစ်မှာ ဆယ်တန်းအောင်ထားပြီး တက္ကသိုလ်ကျောင်းတွေ ပိတ်ထားတုန်း အထည်ချုပ် စက်ရုံတစ်ခုမှာ အလုပ်သင် သွားလုပ်ဖြစ်တယ်။ အိမ်မှာလည်း အမေက ခြေနင်းစက်နဲ့ စက်ချုပ်တယ်လေ၊ အဲ့ဒါကြောင့် မော်တာနဲ့ စက်ချုပ်တာကို စိတ်ဝင်စားလို့ အလုပ်သင်ရင်းသွားလုပ်ဖြစ်တယ်။ သွက်သွက်လက်လက် ဖြစ်တော့ တပတ်လောက် အလုပ်ဆင်းပြီးတာနဲ့ Leader ခန့်ခံရတယ်။ အဲ့ဒီနောက် Line Leader နောက်တော့ In Charge အထိ ခန့်အပ်ခံရတယ်။ အဲ့ဒီမှာ ၂ နှစ်လုပ်ဖြစ်တယ်။ နောက်အထည်ချုပ် ကုမ္ဗဏီတစ်ခုမှာ Supervisor ၀င်လုပ်ဖြစ်တယ်။ အဲ့ဒီနောက် အတွေ့အကြုံများလာတော့ တတိယကုမ္ဗဏီမှာ စက်ရုံမှူးလုပ်ဖြစ်တယ် အဲ့ဒီစက်ရုံက မော်တာ အပ်ချုပ်စက်တွေလည်း သွင်းဖြစ်တော့ စက်အလုံး ၅၀ လောက် ၀ယ်ပြီး အိမ်မှာ အထည်ချုပ် လုပ်ငန်းကလေး စတည်ဖြစ်ရာကနေ အထည်ချုပ်စက်ရုံ အသေးစားလေး စလုပ်ဖြစ်သွားတာပါ။ လက်ရှိ အထည်ချုပ် အလုပ်သမား ၁၀၀ လောက်နဲ့ စက်ရုံ ကိုလည်ပတ်နေပါတယ်" ဟု မယဉ်ယဉ်မိုးကပြောပြသည်။
.
မြန်မာနိုင်ငံ၏ ပို့ကုန် ၁၀ ရာခိုင်နှုန်းသည် အထည်ချုပ် လုပ်ငန်းများမှ ရရှိခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်အတွင်းက အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ဖိုးတင်ပို့နိုင်ခဲ့သည်။ မြန်မာနိုင်ငံတွင် အထည်ချုပ်စက်ရုံ ၄၀၀ ကျော်ရှိပြီး အထည်ချုပ်လုပ်သား ၃၅၀,၀၀၀ ဖြင့် လည်ပတ်လျှက်ရှိသည်။
.
ဓာတ်ပုံ-သက်ထွန်းနိုင်/ဧရာဝတီ
The Irrawaddy
အွန်လိုင်းကြော်ငြာ ဝန်ဆောင်မှုလုပ်ငန်းမှ အခွန်ကျပ်သိန်း ၇၀၀ ရရှိထား
အွန်လိုင်းကြော်ငြာတွေအတွက် ဝန်ဆောင်ပေးတဲ့လုပ်ငန်းတွေကနေ အခွန်ကျပ်သိန်း ၇၀၀ လောက် ရထားတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနကနေ စုံစမ်းသိရတယ်။
ဂူးဂယ်လ်၊ ဖေ့စ်ဘုတ် စတဲ့ အွန်လိုင်းတွေမှာ ကြော်ငြာနိုင်ဖို့ ပြည်တွင်းမှာ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကတွေကန ကုန်သွယ်ခွန် စည်းကြပ်ကောက်ခံရရှိတာလို့ ပြည်တွင်းအခွန် ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ဦးမင်းထွဋ်က ပြောပါတယ်။
“လောလောဆယ်တော့ ကုမ္ပဏီတခုဆီက အခွန်ကောက်နေပါတယ်။ မနှစ်က အကြမ်းဖျင်း ကျပ်သိန်း ၅၀၀ ရတယ်။ ဒီနှစ်မှာတော့ သိန်း ၂၀၀ လောက်ရထားပါပြီ။ ကုန်သွယ်ခွန် ကောက်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။
အွန်လိုင်းကို အသုံးပြုပြီး ကုန်ပစ္စည်းရောင်းချတာ၊ ကြော်ငြာတာတွေအတွက် သီးသန့်အခွန်မရှိပဲ ဝင်ငွေခွန်ပဲ ကောက်လို့ရတယ်လို့လည်း သူက ပြောပါတယ်။
DVB.
ဆုတောင်းပွဲလုပ်တာကို အပြစ်ပြောရင် အစိုး ပေါ်လစီမို့ ၊ လိုအပ်မယ်ထင်လို့လုပ်တာကို ကန့်လန့်တိုက်တယ်ထင်နေအုံးမယ်။
ဆုတောင်းပွဲလုပ်တာကို အပြစ်ပြောရင် အစိုး ပေါ်လစီမို့ ၊ လိုအပ်မယ်ထင်လို့လုပ်တာကို ကန့်လန့်တိုက်တယ်ထင်နေအုံးမယ်။
ဒါပေမယ့်
၁။ ဘာလို့ရုံးပိတ်ရက်မလုပ်တာလဲ။
၂။ ဘာလို့လမ်းမကြီးကိုပိတ်ဆို့ပြီးလုပ်တာလဲ။
၃။ တစ်ခုခုဆန္ဒဖော်ထုတ်မယ်ဆိုရင် လမ်းပိတ်မှာစိုးလို့ သတ်မှတ်နေရာမှာလုပ်ရတယ်။ အခုက အစိုးရက ဦးဆောင်လုပ်တာမို့ လုပ်ချင်ရာလုပ်တဲ့သဘောလား။ ခရီးသွားပြည်သူတွေ ဂရုမစိုက်ဘူးဆိုတဲ့သဘောလား။
၎။ စီမံခန့်ခွဲမှု ညံ့တယ် မလုပ်တတ်ဘူးလို့ဝေဖန်ရင် မနာကြနဲ့ ချီးဘရိန်းတွေ။
တရုတ်တပ်မတော်ကို နိုင်ငံတကာအဆင့်မီ ဖြစ်အောင် လုပ်ဆောင်သွားမည်ဟု သမ္မတရှီကျင့်ဖျင်ပြောကြား
..................................................
ဘေဂျင်း၊ အောက်တိုဘာ ၃၀
တရုတ်စရိုက်လက္ခဏာ ပါသော ဆိုရှယ်လစ်စနစ်သည် ခေတ်သစ်တစ်ခု အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၏ တပ်မတော်အနေနှင့် ခိုင်မာတောင့်တင်းမှုရှိသော တပ်မတော် ဖြစ်နိုင်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်သွားရမည်ဖြစ်သည်ဟု သမ္မတရှီကျင့်ဖျင်က ပြောကြားလိုက်ကြောင်း နိုင်ငံပိုင် Xinhua သတင်းက ရေးသားဖော်ပြထားသည်။ (F