Tuesday, October 31, 2017

အွန်လိုင်းကြော်ငြာ ဝန်ဆောင်မှုလုပ်ငန်းမှ အခွန်ကျပ်သိန်း ၇၀၀ ရရှိထား


အွန်လိုင်းကြော်ငြာတွေအတွက် ဝန်ဆောင်ပေးတဲ့လုပ်ငန်းတွေကနေ အခွန်ကျပ်သိန်း ၇၀၀ လောက် ရထားတယ်လို့ ပြည်တွင်းအခွန်များ ဦးစီးဌာနကနေ စုံစမ်းသိရတယ်။

ဂူးဂယ်လ်၊ ဖေ့စ်ဘုတ် စတဲ့ အွန်လိုင်းတွေမှာ ကြော်ငြာနိုင်ဖို့ ပြည်တွင်းမှာ ဝန်ဆောင်မှုပေးနေတဲ့ ကုမ္ပဏီကတွေကန ကုန်သွယ်ခွန် စည်းကြပ်ကောက်ခံရရှိတာလို့ ပြည်တွင်းအခွန် ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်ဦးမင်းထွဋ်က ပြောပါတယ်။

“လောလောဆယ်တော့ ကုမ္ပဏီတခုဆီက အခွန်ကောက်နေပါတယ်။ မနှစ်က အကြမ်းဖျင်း ကျပ်သိန်း ၅၀၀ ရတယ်။ ဒီနှစ်မှာတော့ သိန်း ၂၀၀ လောက်ရထားပါပြီ။ ကုန်သွယ်ခွန် ကောက်တာပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

အွန်လိုင်းကို အသုံးပြုပြီး ကုန်ပစ္စည်းရောင်းချတာ၊ ကြော်ငြာတာတွေအတွက် သီးသန့်အခွန်မရှိပဲ ဝင်ငွေခွန်ပဲ ကောက်လို့ရတယ်လို့လည်း သူက ပြောပါတယ်။

DVB.

No comments: