Tuesday, October 31, 2017

မြန်​မာပြည်​မှာ သုံး​နေတဲ့ ဂျပန်​ပြည်​တွင်းသုံးကား​တွေကို အမှိုက်​​တွေ အ​ဟောင်း​တွေလို့​ပြောတဲ့သူ​တွေ...

မြန်​မာပြည်​တွင်းမှာတပ်​ဆင်​ထုတ်​လုပ်​တဲ့
Brand New ​တွေဟာ
ဂျပန်​ပြည်​တွင်းသုံးကား​​ဟောင်း​တွေထက်
ပို​ကောင်းတယ်​...အသစ်​မို့လို့ ပို​ကောင်းတယ်​လို့
ပြောတဲ့သူ​တွေဟာ...

မော်​​တော်​ယာဉ်​​တွေရဲ့...
အင်​ဂျင်​ပိုင်းဆိုင်​ရာအရည်​အ​သွေး...
အောက်​ပိုင်းဆိုင်​ရာအရည်​အ​သွေး...
ဘော်​ဒီပိုင်းဆိုင်​ရာသံအရည်​အ​သွေး...
Wiring Sensor ပိုင်းဆိုင်​ရာအရည်​အ​သွေး...
ECU Control Module ပိုင်းဆိုင်​ရာအရည်​အ​သွေး...
အပိုပစ္စည်းပိုင်းဆိုင်​ရာ...
အပိုပစ္စည်း ​ဈေးနှုန်းနဲ့ ပစ္စည်းရှားပါးကြန့်​ကြာမှု့ပိုင်းဆိုင်​ရာ
ပြုပြင်​ထိန်းသိမ်းမှု့စရိတ်​ပိုင်းဆိုင်​ရာ​တွေကို
သေ​သေချာချာ ဂဃ နဏ မသိလို့​ပြောတဲ့သူ​တွေသာ
ဖြစ်​ပြီး မသိနားမလည်​တဲ့ 
မော်​​တော်​ယာဉ်​အသုံးပြု​နေတဲ့ ပြည်​သူ​တွေကို
ဂျင်းအကြီးကြီး ထည့်​​နေတာဖြစ်​ပါတယ်​...

US,Euro ကား​တွေကလွဲပြီး...
မြန်​မာပြည်​မှာ တပ်​ဆင်​ထုတ်​လုပ်​တဲ့
ဘယ်​ကားမှ ဂျပန်​ပြည်​တွင်းသုံးကားရဲ့
အရည်​အ​သွေးကို လုံးဝမမှီပါဘူးဆိုတာ...
ရဲရဲကြီး​ပြောရဲသလို အာမခံပါတယ်​...
ဂျပန်​ပြည်​တွင်းသုံးကားကို အနီးစပ်​ဆုံးမှီတာဆိုလို့
ထိုင်းကတပ်​ဆင်​ပြီးသား​တွေ တင်​​ရောင်းတဲ့
Toyota ကား​တွေဘဲရှိပါ​သေးတယ်​ဗျာ...

မြန်​မာပြည်​မှာတပ်​ဆင်​ထုတ်​လုပ်​​ရောင်းချတဲ့
Brand New ကား​တွေထဲမှာ...
US,Euro ကား​တွေကလွဲပြီး...
ဂျပန်​ပြည်​တွင်းသုံးကား​တွေရဲ့
အရည်​အ​သွေးထက်​​ကောင်းပါတယ်​ဆိုပြီး...
အချက်​အလက်​ သက်​​သေနဲ့တစ်​ကွ
ပြောဆိုနိုင်​​သော မည်​သည့်​ကားကုမ္ပဏီ၏ MD ဖြစ်​​စေ...
တာဝန်​ရှိသူဖြစ်​​စေ...
မည်​သည့်​ ကား​လောကသားဖြစ်​​စေ...
အချက်​အလက်​တိကျမှန်​ကန်​စွာဖြင့်
သိက္ခာသမာဓိရှိ​သော မှန်​ကန်​ရိုး​ဖြောင့်​​သော
ကား​လောကသားများ လက်​ခံနိုင်​​အောင်
တင်​ပြနိုင်​ခဲ့ပါက အနိုင်​ရပါက...
ကျွန်​​တော့် တစ်​သက်​တာလုံး မြန်​မာပြည်​တွင်
ကားနဲ့ပတ်​သက်​​သောလုပ်​ငန်းမှန်​သမျှ
လုံးဝ မလုပ်​​တော့ပါ...

ထိုကဲ့သို့တင်​ပြသူဘက်​မှ
US,Euro ကားများမှလွဲ၍...
မြန်​မာပြည်​တွင်းတွင်​ တပ်​ဆင်​ထုတ်​လုပ်​​သော
Brand New ကားများသည်​...
ဂျပန်​ပြည်​တွင်းသုံးကားများ၏ အရည်​အ​သွေးထက်
ပိုမို​ကောင်းမွန်​​ကြောင်းသက်​​သေမပြနိုင်​ဘဲ...
ရှုံးနိမ့်​ခဲ့ပါက...
ထိုသူနှင့်​ပတ်​သက်​​သော ကုမ္ပဏီနှင့်
အစုအဖွဲ့သည်​ မြန်​မာပြည်​တွင်းတွင်
ကားတင်​သွင်း တပ်​ဆင်​​ရောင်းချခြင်းနှင့်​တစ်​ကွ...
ကားနှင့်​ ပတ်​သက်​​သော လုပ်​ငန်းများမှန်​သမျှကို
တစ်​သက်​တာ ရပ်​ဆိုင်း​ပေးရမည်​...
နိုင်​ငံ​ရေးနယ်​ပယ်​မှဖြစ်​ပါက
တစ်​သက်​တာနိုင်​ငံ​ရေး မလုပ်​​တော့ပါဟု
ကတိခံဝန်​ချက်​ ​ရေးထိုး​ပေးရမည်​...
ကျွန်​​တော်​ရှုံးခဲ့ပါက အထက်​တွင်​​ဖော်​ပြသကဲ့သို့
ကားပြုပြင်​ခြင်းလုပ်​ငန်းနှင့်​တစ်​ကွ...
မော်​​တော်​ယာဉ်​နည်းပညာ​ဆောင်းပါးများ​ရေးသားခြင်း
အပါအဝင်​...
မြန်မာပြည်တွင် ​​​ကားနှင့်​ပတ်​သက်​​သော လုပ်​ငန်းမှန်​သမျှ
တစ်​သက်​တာ လုံးဝမလုပ်​​တော့ပါ

ထိုကဲ့သို့ ​ပြောဆို ဆုံးဖြတ်​ရာတွင်​...
ကားအင်​ဂျင်​အရည်​အ​သွေး...
အောက်​ပိုင်းအရည်​အ​သွေး...
ဘော်​ဒီနှင့်​အတွင်းပိုင်းဆိုင်​ရာအရည်​အ​သွေးများနှင့်
တပ်​ဆင်​​ထား​သောနတ်​(Bolt and Nut)များအထိ
တိုင်းတာကြည့်​ကာ ဆုံးဖြတ်​ကြပါမည်​...

ကဲ...ဂျပန်​ပြည်​တွင်းသုံးကား​ဟောင်း​တွေထက်
မြန်​မာပြည်​တွင်းမှာ တတ်​ဆင်​ထုတ်​လုပ်​တဲ့
ကား​တွေက ပို​ကောင်းပါတဲ့​ပြောဆို​နေတဲ့
ဆရာသမားများ ဘယ်​ကား​တွေ
ပို​ကောင်းလဲ စလိုက်​ကြရ​အောင်​ဗျာ...

မစခင်​မှာ မြန်​မာပြည်​တွင်းမှာတပ်​ဆင်​ထုတ်​လုပ်​တဲ့
ဘရန်းနယူးကား​တွေထဲမှာ
ဝယ်​ပြီး ၆ လမပြည့်​ခင်​ ​ရှေ့မှန်​ခွင်​က​နေမိုးယိုတဲ့ကား...
ဘေးတံခါးပိတ်​အတွင်းကာဘာ​တွေ...
လမ်း​ကောင်းမှာ​မောင်း​နေတာ​တောင်
တဂတ်​ဂတ်​နဲ့ မြည်​​နေတဲ့ကား​တွေရှိတယ်​ဆိုတာ​တော့
ကြိုတင်​သတိ​ပေးချင်​ပါတယ်​ဗျာ...

ခင်​ဗျားတို့လို သက်​​သေအချက်​အလက်​မပါ...
ပစ္စည်းအရည်​အ​သွေး QC မပါဘဲ...
ပြောလို့ရတိုင်း ​ပြောကြ​ကြေး...
ဂျင်းထည့်​ကြ​ကြေးဆို...
မြန်​မာပြည်​​လောက်​မ​ပြောနဲ့
တစ်​ကမ္ဘာလုံးမှာ ကားပြင်​တာ
ကျွန်​​တော်​အ​ကောင်းဆုံးပါလို့...
ပြောလို့ ဂျင်းထည့်​လို့ရတာဘဲ​ပေါ့ဗျာ...

မူရင်းရေးသားသူ - ကိုတိုး(အွန်​လိုင်းကားဝပ်​​ရှော့)

No comments: