Friday, February 26, 2016

မန်းရွှေစက်တော်ဘုရားပွဲတော်ရှိ မန်းချောင်းအတွင်း ရေကြီးနိုင်မှု အခြေအနေမရှိ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®

မန်းရွှေစက်တော်ဘုရားပွဲတော်ရှိ မန်းချောင်းအတွင်း ရေကြီးနိုင်မှု အခြေအနေမရှိ ▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄▄ ®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®®® နေပြည်တော် ဖေဖော်ဝါရီ ၂၅ ယခုနှစ်အတွင်း မြန်မာနိုင်ငံ၌ ကျရောက်လျက်ရှိသည့် သဘာဝဘေးအန္တရာယ် တစ်ခုဖြစ်သော အယ်နီညို၏ နောက်ဆက်တွဲပြဿနာများဖြစ်သည့် ရာသီဥ တုဖောက်ပြန်မှုများကြောင့် အချိန်အခါမဟုတ် မိုးရွာသွန်းပြီး မြန်မာနိုင်ငံ အထက်ပိုင်းဒေသများ၌ မိုးကြီး၍ မြစ်ချောင်းအင်းအိုင်များ ပတ်ဝန်းကျင် တွင်နေထိုင်သည့် လူနေအိမ်များ၊ ဈေးဆိုင်တန်းများ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။ယခုအချိန်အခါသည် မန်း ရွှေစက်တော် ဘုရားပွဲတော် ကို စည်ကားသိုက်မြိုက်စွာကျင်းပလျက် ရှိပြီး ဘုရားပွဲတော် တစ်ဝိုက် မန်း ချောင်းဝဲယာတွင် တည်းခိုရိပ်သာ များနှင့် မန်းချောင်းအတွင်းရေကစား သူများဖြင့် စည်ကားလျက်ရှိ သည်။ အလားတူ မိုးလေဝသပညာ ရှင်များ၏ မိုးရွာသွန်းမှုအခြေအနေ သုံးသပ်ချက်များနှင့် လူမှုကွန်ရက် စာမျက်နှာများတွင် မန်းရွှေစက်တော် ဘုရားပွဲကျင်းပရာ မန်းချောင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင် ကြောင်း သုံးသပ်ချက်များနှင့် ကောလာဟလများလည်းဖြစ်ပေါ် လျက်ရှိသည်။ ယင်းအခြေအနေများနှင့် ပတ် သက်ပြီး မန်းရွှေစက်တော်ဘုရား ပွဲတော်သို့ မန်းချောင်းရေပေးဝေရေး ဆောင်ရွက်နေသည့် ဆည်မြောင်း ဦးစီးဌာနမှ မန်းတမံတာဝန်ခံ အင်ဂျင်နီယာ ဦးမြတ်ဇော်သိန်းကို ဆက်သွယ်မေးမြန်းရာ ''မန်းတမံ အနေအထားကတော့ အခုလော လောဆယ် ရေအမှတ် RL 620 ရှိပါတယ်။ ကန်ရေပြည့်မှတ်ကိုမီဖို့ ငါးပေ လိုပါသေးတယ်။ ကန်ရေပြည့် မှတ်ကို ရောက်ဖို့အတွက်ဆိုရင် ဧကပေ ၁ဝ၃၁၅ဝ လက်ရှိ သိုလှောင် ထားပါတယ်။ တမံရဲ့ သိုလှောင် နိုင်မှုရေပမာဏက ဧကပေ ၁၂ဝဝဝဝ ကျော်ရှိတဲ့အတွက် ကန် ရေပြည့်မှတ်ကို ရောက်ဖို့ဆိုရင် ဧကပေ ၁၆၈၅ဝ ထိလိုပါသေးတယ်။ အခုကျွန်တော်တို့က ဘုရားပွဲကို တစ်စက္ကန့်မှာ ကုဗပေ ၁၅ဝ လွှတ် ပေးထားပါတယ်။ မန်းတမံရဲ့ လက်ဝဲ မြောင်း၊ လက် ယာမြောင်းတွေကို တစ်စက္ကန့်မှာ ကုဗပေ ၅ဝ လွှတ်ပေး ထားပြီး နွေစပါး စိုက်ဧက ၁၅၆ဝ ကိုရေပေးဝေထားပါတယ်။ လက်ရှိ အနေအထားမှာ ဘုရားပွဲတော်ကို ပေးထားတဲ့ ရေမြောင်းလေးရှိပြီး ဒီရေမြောင်းရဲ့အကျယ်က ပေ ၈ဝ ရှိပြီးတော့ ရေအနက်က နှစ်ပေနဲ့ သုံးပေကြားမှာပဲ ရှိတဲ့အတွက် ရေ ဆင်းချိုးတဲ့သူတွေအတွက် အန္တရာယ် မဖြစ်နိုင်တဲ့အနေအထားကို ထိန်းပြီး လွှတ်ပေးထားတာ ဖြစ်ပါတယ်''ဟု ပြောပြသည်။ ''အခုတမံထဲမှာလည်း တောက် လျှောက်ဝင်တဲ့ရေက မရှိတော့ဘူး။ တစ်ဖက်မှာလည်း တောက်လျှောက် လျော့နေတဲ့ အနေအထားရှိနေပါ တယ်။ ဘုရားပွဲတော်ကိုလည်း ရေ ပေးရတယ်။ နောက် နွေလယ်တွေ ကိုလည်း ရေပေးထားတယ်ဆိုတော့ ရေက လျော့နေတာပဲရှိပါတယ်။ နောက်ပြီးဆည် ကို ဝင်တဲ့ရေက ရခိုင် ရိုးမကို အခြေခံပြီးလာတဲ့ရေပါ။ ဒါပေမယ့် ရခိုင်ရိုးမဘက်မှာ မိုးသုံး လေးရက် ဆက်တိုက်ရွာမှသာ ကျွန်တော်တို့ ဆည်ထဲ ကို ရေဝင်နိုင်တဲ့ အနေအထားဖြစ်ပါတယ်။ လောလော ဆယ် အနေအထားကတော့ ဝင်လာ စရာအကြောင်းမရှိ သေးပါဘူး။ ရာသီ ဥတုအနေအထားနဲ့အဆင်ပြေအောင် ဆောင်ရွက်ပေးနေပါတယ်'' ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ထို့အတူ ဒေသခံတစ်ဦးက လည်း ''သတိထားတာ မမှားပေမယ့်၊ အလွန်စိုးရိမ်နေဖို့လည်း မလိုပါ ဘူး။ ရခိုင်ဘက်မှာ မိုးများများဆက် တိုက်ရွာ မရွာကိုသာ ဆက်လက် နားစွင့်ကြပါ။ မန်းရွှေစက်တော် ဘုရားဟာ ပန်းထိမ်းမန်းချောင်းနဲ့ ငဖဲမန်းချောင်းဆုံတဲ့ အောက်ဘက် မှာတည်ရှိပါတယ်။ ငဖဲမန်းသုံးရက် မိုးရွာတာနဲ့ ရေမကြီးနိုင်ပါဘူး။ အထက်မှာ ကျောက်နွားသိုး ဆည်ရှိ ပါတယ်။ ပန်းထိမ်းမန်းကတော့ နတ်ရေကန်တောင်ဒေသ၊ ပေါက်စ တောင်ဒေသ နှစ်ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းပါက ရေ အနည်းငယ်ကြီးနိုင်ပါတယ်။ အခု ဒီအချိန်ထိတော့ တောင်ပေါ်ဒေသ မိုးမရွာသေးပါဘူး။ ဈေးသည်တွေ အနေနဲ့ အပေါ်မိုးကိုစိုးရိမ်ရမှာပါ၊ ပစ္စည်းတွေရေစိုတတ်လို့ပါ'' ဟု ပြောသည်။ မန်းရွှေစက်တော် ရေကြီးနိုင်မှု ရှိ မရှိနှင့်ပတ်သက်ပြီး မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က ၁၉၈၇ ခုနှစ် လေးလပိုင်းအတွင်း က မန်းချောင်း အထက်ဘက်၌ မိုးတိမ်တောင်တစ်ခုကြောင့်မိုးသည်း ထန်စွာရွာ၍ လျှပ်တစ်ပြက် ရေကြီး ခဲ့ရာ မန်းချောင်းဘေးတွင် တည် ထားသော ဘုရား ပွဲဈေးခင်းများ၊ လူနေတည်းခိုဆောင်များ ဘုရားဖူး ယာဉ်များ ရေစီးနှင့်မျောပါ နစ်မြုပ်ခဲ့ ဖူးကြောင်း၊ မန်းချောင်းနှင့် ဆက်စပ် နေသော မကွေးတိုင်းဒေ သကြီးနှင့် ချင်းပြည်နယ်တို့၌ တိမ်စွယ်တန်း တစ်ခု ဖြတ်သန်းနေပြီး မိုးရွာသွန်း နိုင်သော်လည်း တိမ်အမျိုးအစားတွင် တိမ်ထိပ်အပူချိန် -20°C မှ -40°Cအတွင်းသာရှိသဖြင့် မိုးတိမ်တောင် များပါဝင်မှုမရှိခြင်း၊ ရွာသွန်းနိုင် သောမိုးရေချိန် ပမာဏမှာ တစ်ရက် မှ ငါးရက်အတွင်းတစ်လက်မအောက် သာ ရွာသွန်းနိုင်ခြင်း စသည်တို့ ကြောင့် မန်းချောင်းအတွင်း စီးဝင် ရန် မသေချာသဖြင့် အများစိုးရိမ်နေ ကြသည့် မန်းရွှေစက်တော် ဘုရားပွဲ တွင် အန္တရာယ်လွတ်ကင်းနိုင် ကြောင်း သုံးသပ်ထားသည်။ ဇင်ဦး(မြန်မာ့အလင်း)

No comments: