Saturday, May 2, 2015

"ပြောင်းပြန်နိုင်ငံတော်"


"ပြောင်းပြန်နိုင်ငံတော်"
----------------------

နိုင်ငံခြားသားများကို မြန်မာနိုင်ငံအနှံ.အပြားလိုက်ပြရင်း မြစ်ကမ်းနဖူးမှမြို.ရွာများကိုရောက်သောအခါသူတို.အံ.သြကြသည် ။ အံ.သြရသည်.အကြောင်းမှာ မြစ်ရှုခင်းမှာအလွန်လှပပါသည် ။ သို.သော် နိုင်ငံတကာတွင် မြစ်ကမ်းနဖူး စသည်.အလွန်ရှုခင်းသာယာသောနေရာများတွင်အိမ်များသည် မြစ်ကမ်းဘက်သို.လှည်.ကာဆောက်ထားလေ.ရှိသော်လည်း ကျွန်တော်တို.မြန်မာနိုင်ငံတွင် အိမ်တော်တော်များများသည် မည်မျှပင် မြစ်ရှုခင်းသာယာလှပပါသော်လည်း မြစ်ကမ်းကိုမျက်နှာမူကာဆောက်ထားသောအိမ်မရှိသလောက်ရှားပြီးအများစုမှာ မြစ်ကိုကျောပေးပြီးဆောက်ထားကြသောကြောင်.ဖြစ်သည် ။ မြန်မာတော်တော်များများသည် မြစ်ကို အပေါ.အလေးသွားရာ အိမ်သာဆောက်လုပ်ရန်အဓိကရွေးချယ်လေ.ရှိကြသည် ။ ရှုခင်းကိုပဓာနထားလေ.မရှိပါပေ ။ ဒီလောက်လှသောမြစ်ရှုခင်းကိုဘာကြောင်.ကျောပေးထားသလဲဟု နိုင်ငံခြားသားများကအမြဲလိုပင်မေးကြပါသည် ။ ဘာကြောင်.လဲဟုနိုင်ငံခြားသားများကမေးလာသောအခါ မယ်မယ်ရဖြေစရာကျွန်တော်တို.မှာမရှိပါ ။ သူများတွေ မြစ်ဘက်ကိုကျောပေး ၊ အတွင်းဘက်ကို မျက်နှာမူဆောက်ကြသဖြင်. အများလုပ်သည်ကို ကန်.လန်.မတိုက်လိုသဖြင်.ရောယောင်ဆောက်ကြခြင်းဖြစ်သည် ဟုပဲဖြေရပါသည် ။ နိုင်ငံတကာနှင်.ယှဉ်လျှင်ပြောင်းပြန်ဖြစ်နေသောကိစ္စဖြစ်ပါသည် ။ဟိုတယ်ကြီးများတွင် River View , Lake View ဟူသောမြစ်ရှုခင်း ၊ကန်ရှုခင်းကောင်းသည်.ဟိုတယ်အခန်းများမှာ သာမန်အခန်းများထက် ပို၍ဈေးကြီးပေးကြရပါသည် ။ နောက်ထပ်ပြောင်းပြန်ဖြစ်နေသောကိစ္စတခုမှာ တိုက်ခန်းများရောင်းကြ၀ယ်ကြရာတွင် နိုင်ငံတကာတွင် တိုက်ခန်းသည် အပေါ်သို.အထပ်မြင်.လာလေလေ ၊ တိုက်ခန်းတန်ဖိုးကြီးလေလေဖြစ်သည် ။ မြန်မာနိုင်ငံမှာတော. ပြောင်းပြန်ဖြစ်သည် ။ မြေညီထပ်သည်ဈေးအကြီးဆုံးဖြစ်သည် ။အပေါ်ထပ်သို.တက်လေလေ ဈေးသက်သာလေလေဖြစ်သည် ။ အောက်ထပ်တွင်ဈေးရောင်း၍ရသောကြောင်.ဖြစ်မည်။ အပေါ်ထပ်သို.တက်ရန် ဓါတ်လှေကားဘာညာ လုံလုံလောက်လောက်မရှိတာလည်းပါမည် ။ အောက်ထပ်သည်ပိုကောင်းသည်ဟု တသက်လုံးအရိုးစွဲနေတာလည်းပါပေမည် ။ ကျွန်တော်တို.နိုင်ငံတွင် ပြောင်းပြန်ကိစ္စတော်တော်များ၏ ။ 

ကြက်အသည်းအမြစ်အပါအ၀င် တိရိစ္ဆာန်ကလီစာ များကို နိုင်ငံတကာတွင် Pet Food ဟုခေါ်၏ ။ လူတို.မစားပေ ။ ခွေး၊ကြောင် စသောအိမ်မွေးတိရိစ္ဆာန်များကိုကျွေးသောအစာအဖြစ်သတ်မှတ်ထားကြသည် ။ အဘယ်.ကြောင်.ဆိုသော တိရိစ္ဆာန်တို.၏ အဆုတ် ၊ အသည်း ၊ နှလုံး ၊ အစာအိမ်၊ အူ စသည်တို.မှာရောဂါပိုးမွှားများပါနိုင်သည် ။ ကျန်းမာရေးအတွက် စားသုံးရန်မသင်.ဟုယူဆထာကြသောကြောင်.ဖြစ်သည် ။ မြန်မာပြည်တွင်တော. အသဲအမြစ် နှင်.ကလီစာသည် ဈေးအကြီးဆုံး ၊ အမွန်မြတ်ဆုံးအစားအစာဖြစ်နေပါသည် ။ ကြက်အသည်းအမြစ်သည် အကောင်းတကာ.အကောင်းဆုံးအစားအစာစာရင်းဝင်သည် ။ ငါးရံ.အူသည် အလွန်ရှားပါးသောအစားအစာ ။ ဆိတ်ကလီစာသည် အလွန်ဈေးကြီးသည် ။ ၀က်သားတုတ်ထိုးဆိုင်တွင် အူမကြီး ၊ အသည်း ၊ အဆုတ် ၊ကလီစာများကိုလူတွေကြိတ်ကြိတ်တိုးစားသုံးကြသည် ။အမဲဝမ်းတွင်းသားသည် အလွန်အရသာရှိလှသည် ။ နိုင်ငံတကာတွင် ဆီများများစားလျှင် ကျန်းမာရေးနှင်.မညီဟုဆိုလေ.ရှိသည် ။ မြန်မာနိင်ငံတွင်မူ ဆီများများထည်.လေ အရသာရှိလေဟုမှတ်ယူကြသည် ။ ပြောင်းပြန်ပင်ဖြစ်သည် ။ 

မီးအဖွင်.အပိတ်ခလုပ်များကိုနိုင်ငံတကာတွင် အောက်မှအပေါ်သို.တင်ကြ၏ ။ နိုင်ငံခြားမှလာသောအသံချဲ.စက်များ ၊ Breaker များ ၊ Main Switch ခလုပ်တော်တော်များများမှာ ထိုနည်းအတိုင်းဖြစ်ကြသည် ။မြန်မာသည်ပြောင်းပြန်ဖြစ်သည် ။ ခလုပ်မှန်သမျှ အပေါ်မှအောက်သို.သာနှိပ်ကြ၏ ။မည်သည်.နိုင်ငံမှမလုပ်သောဓလေ.ဆန်းတခုလည်းကျွန်တော်တို.နိုင်ငံမှာ၇ှိသေးသည် ။ မည်သည်.နိုင်ငံမှာမဆို Waste Paper ခေါ်အိမ်သာသုံးစက္ကူများမှာ အိမ်သာထဲတွင်အညစ်အကြေးသန်.စင်ရာ၌သာသုံးကြစမြဲဖြစ်သည် ။ စားသောက်သည်.နေရာတွင် ပါးစပ်သုတ်သည်. လက်သုတ်ပုဝါအဖြစ်ကား မြန်မာနိုင်ငံတွင်မှ ထူးခြားစွာသုံးကြခြင်းဖြစ်ပေါ်လာလေသည် ။ နိုင်ငံခြားသားများသည် မြန်မာနိုင်ငံလက်ဘက်ရည်ဆိုင်များတွင် ထို အိမ်သာသုံးစက္ကူများကိုပါးစပ်သုတ်ရန်ချပေးစဉ်က လက်ဦးတွင်မ၀ံ.မရဲ ၊ မသတီသလိုလိုဘာလိုလိုခံစားကြရသေးသည် ။နောက်တော.မြန်မာ.နည်းမြန်မာ.ဟန်ပြောင်းပြန်ကိစ္စကိုအသားကျသွားသောအခါရဲရဲသုတ်ကြတော.သည် ။ နိုင်ငံတကာတွင် မီးဖိုချောင်ထဲ၌ထားသောရေခဲသေတ္တာများကို မြန်မာနိုင်ငံ၌ အိမ်ရှေ.ခန်း၊ ဧည်.ခန်းများတွင် မိန်.မိန်.ကြီးဟန်ရေးပြထားတတ်ပြန်သည် ။အချို.ကအ၀တ်လျှော်စက်များကိုပင်ရေချိုးခန်းထဲ၌မထားပဲ အိမ်ရှေ.ခန်း၌ထုတ်ဖော်ပြသထားပေ၏ ။ 

ကျွန်တော်တို.နိုင်ငံတွင်တိုင်းသူပြည်သားများကသာပြောင်းပြန်လုပ်သည်မဟုတ် ။အစိုးရကလည်းပြောင်းပြန်ဖြစ်သည် ။ မြို. သစ်တမြို.ကိုစတင်အကွက်ရိုက်တည်ဆောက်မည် ဆိုပါလျှင် နိုင်ငံတကာတွင် ရေဆင်းမြောင်းများ ၊ မိလ္လာပိုက်လိုင်းများ ၊ ရေပေးဝေရေး လိုင်းများ ၊ လျှပ်စစ်ဓါတ်အားပေးလိုင်းများ ၊ တယ်လီဖုန်းကြိုးများ ၊ လမ်းများကိုအရင်ဆုံးစတင်တည်ဆောက်၏ ။ ထိုအရာများပြည်.စုံပြီဆိုပါမှ လူနေအိမ်များ ၊ပန်းခြံများ၊ ဈေးဆိုင်များ၊စာသင်ကျောင်း ၊ ရုပ်ရှင်ရုံ၊အားကစားကွင်းများကိုတဆင်.ခြင်းတည်ဆောက်ကြ၏ ။ ကျွန်တော်တို.နိုင်ငံတွင် သာကေတ ၊တောင်ဥက္ကလာ ၊မြောက်ဥက္ကလာ ၊ ဒဂုံမြို.သစ်တောင်ပိုင်း၊ဒဂုံမြို.သစ်မြောက်ပိုင်း ၊ ရွှေပြည်သာ၊ရွှေပေါက်ကံ ၊လှိုင်သာယာအပါအ၀င်စစ်အစိုးရလက်ထက်တည်ဆောက်ခဲ.သောမြန်မာပြည်တနံတလျားမှမြို.သစ်များကိုကြည်.လိုက်လျင် လူနေအိမ်ခြေများအတွက်မြေကွက်ရိုက်ခြင်းကို အရင်ဆုံးအလောတကြီးစတင်ဆောင်ရွက်ခဲ.ကြောင်းတွေ.ရမည် ။ ထို.နောက်မြေကွက်များကို ရောင်းစားကြသည် ။ နီးစပ်ရာတို.ခွဲဝေယူကြသည် ။နိုင်ငံတကာတွင်အရင်ဆုံးဆောင်ရွက်ကြသော မိလ္လာစနစ် ၊ ရေမြောင်းစနစ်များမှာ ဘာတခုမှအစီတကျမဆောင်ရွက်ခဲ.တာတွေ.ရမည် ။ ထို.ကြောင်. ရေဆိုးများသည်ရပ်ကွက်အတွင်းအမြဲဝပ်နေသည် ။ ရေများသည်ဘယ်ဆီသို.စီးဆင်းမည်ဟူသည်.တိကျသည်. ရည်ရွယ်ချက်မရှိ ။ ဟိုဘက်စီးမလိုလို ၊သည်ဘက်စီးမလိုလိုဖြင်. ခြင်များ၊ပိုးလောက်လန်းများအဆမတန်ပေါက်ဖွားကြသည် ။ သောက်သုံးရေ ရေရသည်.နေရာတွင်ရသည် ။ မရသည်.နေရာတွင်မရ ။အများအားဖြင်. ကိုယ်.အိမ်အတွက်ကိုယ်ပိုင် မြေအောက်အ၀ီစိရေကိုကိုယ်.ပိုက်ဆံဖြင်.တူးကြရသည် ။ မိလ္လာကို ကိုယ်.ဘာသာ ကျွင်းတူး၍မြေကြီးထဲသို.ရောက်သွားစေရသည် ။ နိုင်ငံတကာတွင် အရေးအကြီးဆုံးဟုယူဆကာအရင်ဆုံးလုပ်ခဲ.သမျှသည် ကျွန်တော်တို.နိုင်ငံတွင်အရေးမကြီးဆုံးနောက်ဆုံးမှ လုပ်ရသည်.အရာများ (၀ါ)လုံးဝမလုပ်ကြသည်.အရာများဖြစ်နေပါသည် ။ နောက်ဆယ်နှစ် ၊ နှစ်နှစ်ဆယ်ကြာလာ၍ မိုးတွင်းရေမြုပ်ကာ ရေစီးရေလာမကောင်းတော.မှ ဟိုမြောင်းကိုဖော်မလိုလို ၊ ဟို ပြွန်ပေါက်ကိုဖောက်မလိုလို ၊ ဟိုချောင်းကို တူးတော.မလိုလို လုပ်မလိုလိုအယောင်ပြကြသည် ။ အစိုးရထံမှဘတ်ဂျက်တောင်းကာ နဲနဲလုပ်များများခိုးစနစ်ဖြင်.စခန်းသွားကြသည် ။ 

နိုင်ငံခြားတိုင်းပြည်များတွင်လမ်းများကိုချဲ.ကြသလို ပြည်သူလူထု လမ်းလျှောက်သူများ အတွက်ပလက်ဖောင်း ( Pavement ) များကို ကျယ်ပြန်.စွာဆောက်လုပ်ပေးထားကြသည် ။ ထိုမှသာအလုပ်သွား အလုပ်ပြန်စည်ကားသောအချိန်များတွင် လူများရာနှင်.ထောင်နှင်.ချီ၍ပလက်ဖောင်းပေါ်တွင်သွားလာနိုင်ပေမည် ။ ကျွန်တော်တို.နိုင်ငံတွင် ကားများ အတွက်ယာဉ်ကြောချဲ.ဖို.တခုပဲစဉ်းစားကာ လမ်းလျှောက်သူများပိုင်ဆိုင်သောပလက်ဖောင်းများကိုလုယူကြသည် ။ လမ်းချဲ.ရန် ပလက်ဖောင်းကို ကျဉ်းပစ်လိုက်ကြသည် ။ ကမ္ဘာအေးဘုရားလမ်း၊ပြည်လမ်း စသော အဓိကလမ်းမကြီးများပေါ်မှလူသွားစင်္ကြန်သည် အချို.နေရာတွင်တစ်ပေ၊ တစ်ပေခွဲလောက်သာ ရှိတော.တာအံ.သြဖွယ်တွေ.ရသည် ။ အင်္ဂလိပ်လက်ထက်ကတည်းကတည်ဆောက်ပေးထားခဲ.သော ဗိုလ်ချုပ်လမ်း ၊ အနော်ရထာလမ်း ၊ မဟာဗန္စုလလမ်း ၊ ကုန်သည်လမ်းစသောလမ်းမကြီးများပေါ်မှ ပလက်ဖောင်းများကိုဖြိုချ ကျဉ်းမြောင်းပစ်လိုက်ကြသည် ။ ထိုသို.ပြောင်းပြန်ဆောင်ရွက်ကြသဖြင်. ယာဉ်ကြောလည်းချောင်မလာ ၊ ခြေလျှင်လျှောက်သူများအတွက်လည်း ပလက်ဖောင်းမလုံလောက်သဖြင်.လမ်းပေါ်တက်လျှောက်ကြသောပြသနာများပေါ်လာသည် ။ 

မြန်မာနိုင်ငံကိုလွတ်လပ်ရေးပေးတော.မည်ဟုဗြိတိသျှအစိုးရကသဘောတူသောအခါလွတ်လပ်သောမြန်မာနိုင်ငံ အတွက်ကြိုတင်၍ ဖွဲ.စည်းပုံအခြေခံဥပဒေရေးဆွဲရေးကို ဗြိတိသျှအစိုးရကဘာမှဝင်ရောက် စွက်ဖက်ခြင်းမရှိ ။ ၁၉၄၇ ဧပြီလ ၉ ရက်တွင် ရွေးကောက်ပွဲကျင်းပပြီး ရွေးကောက်ပွဲတွင်ပြည်သူလူထုကရွေးကောက်တင်မြှောက်လိုက်သော ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည်. ဖ.ဆ.ပ.လ တိုင်းပြူပြည်ပြုလွှတ်တော်အမတ်များကိုသာ ဖွဲ.စည်းပုံအခြေခံဥပဒေစိတ်တိုင်းကျရေးဆွဲစေခဲ.သည် ။ ရွေးကောက်ပွဲတွင် လွတ်တော်မဲဆန္ဒနယ် ၁၈၂ နေရာရှိသည်.အနက် သခင်သိန်းဖေမြင်. ၊သခင်သန်းထွန်း ၊ တို.၏ (သိန်းသန်းကွန်မြူနစ်ပါတီက) ၇ နေရာရရှိပြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဖ.ဆ.ပ.လ မှကျန်နေရာအားလုံးကိုအနိုင်ရရှိခဲ.သည် ။ ထိုသို.လွှတ်တော်အမတ်များစိတ်တိုင်းကျရေးဆွဲခဲ.သဖြင်. ၁၉၄၇ ခုနှစ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ.စည်းပုံအခြေခံဥပဒေပေါ်ပေါက်လာသည် ။ဆိုလိုသည်မှာ ဖွဲ.စည်းပုံအခြေခံဥပဒေတခုကိုရေးဆွဲရေးတာဝန်မှာ ပြည်သူလူထုကရွေးကောက်တင်မြှောက်လိုက်သော လွတ်တော်ကိုယ်စားလှယ်များ၏တာဝန်သာဖြစ်သည်ဆိုခြင်းကိုနယ်ချဲ.ဗြိတိသျှအပါအ၀င် တကမ္ဘာလုံးကလက်ခံခဲ.သောအလေ.အထဖြစ်သည် ။ ၁၉၉၀ တွင် ရွေးကောက်ပွဲပြုလုပ်ပြီး N.L.D ပါတီမှ အမတ်နေရာအများစုအနိုင်ရသောအခါ ထိုစဉ်ကတပ်မတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစောမောင်က 
“ တပ်မတော်က ဖွဲ.စည်းပုံအခြေခံဥပဒေဆွဲမှာမဟုတ်ဘူး ၊ ကျူပ်တို.သမိုင်းတရာခံအဖြစ်မခံနိုင်ဘူး ၊ ဖွဲ.စည်းပုံဥပဒေကိုရွေးကောက်ပွဲအနိုင်ရတဲ. လွှတ်တော်အမတ်တွေဆွဲကြပါစေ ။ ကျုပ်တို.တပ်မတော်ဟာ ရွေးကောက်ပွဲပြီးရင် စစ်တန်းလျားကိုပြန်မယ် “ ဟုပြောခဲ.သည် ။ တနည်းအားဖြင်.ဗိုလ်ချုပ်မှူးကြီးစောမောင်သည် နိုင်ငံတကာကလက်ခံကျင်.သုံးသော စနစ်တခုကိုလက်ခံလိုက်နာရန်ကြိုးစားခဲ.ခြင်းဖြစ်သည် ။ သို.သော် မြန်မာ.နည်းမြန်မာ.ဟန်ပြောင်းပြန်လုပ်ချင်သော စစ်ဗိုလ်ချုပ်များက ဗိုလ်ချုပ်မှူးကြီးစောမောင်ကိုဖယ်ထုတ်ဖြုတ်ချလိုက်ပြီးသောအခါ ရွေးကောက်ပွဲနိုင်သူများလည်း ဖွဲ.စည်းပုံဥပဒေရေးဆွဲခွင်.မရှိသော ပြောင်းပြန်လုပ်ထုံးလုပ်နည်းများပေါ်လာပါသည် ။ထိုစဉ်က NLD ပါတီကို ဖြတ်လမ်းမှအာဏာရယူရေးကြိုးပန်းနေသည်ဟု န.၀.တ /န.အ.ဖ စစ်အစိုးရကစွတ်စွဲခဲ.ရာ ပြောင်းပြန်ဖြစ်နေပါသည် ။ လူထုကရွေးကောက်တင်မြှောက်လိုက်သော ပါတီသည် ဖြတ်လမ်းမှအာဏာယူခြင်းမဟုတ် ၁၉၈၈ တွင်အာဏာသိမ်းကာတက်လာပြီး ရွေးကောက်ပွဲပြီးသော်လည်းအာဏာလွှဲမပေးချင်သော စစ်အစိုးရကသာ အာဏာကိုဖြတ်လမ်းမှယူထားခြင်းဖြစ်ရာ သူတို.စွပ်စွဲချက်မှာပြောင်းပြန်ဖြစ်နေပါသည် ။ 

ဒီမိုကရေစီနိုင်ငံအတော်များများတွင်မကျင်.သုံးတော.သော တပ်မတော်ကအနာဂါတ်နိုင်ငံရေးဦးဆောင်မှုကဏ္ဍတွင်ပါဝင်ရေးဆိုသော ပြောင်းပြန်ကိစ္စတခုပေါ်ပေါက်လာပါသည် ။ တပ်မတော်သည်နိုင်ငံတော်ကာကွယ်ရေးကိုသာမက နိုင်ငံရေးတွင်လည်းဝင်ပါ သော ၊ စီးပွားရေးတွင်လည်းဝင်ပါသော ၊ ဥပဒေပြုရေးတွင်လည်းဝင်ပါသော နိုင်ငံတကာတွင်မရှိသည်. ပြောင်းပြန်ကိစ္စတခုကို စတင်တီထွင်လာပေသည် ။ ထိုသို.ဖြင်.တပ်မတော်သည်စစ်လည်းတိုက်သည် ၊ နိုင်ငံရေးလည်းလုပ်သည် ၊ အုပ်ချုပ်ရေးတွင်လည်းပါသည် ၊ စီးပွားရေးလည်းလုပ်သည် ဟူသော စစ်မျက်နှာလေးဘက်ဖွင်.သည်.အကွက်ဆန်းတခုပေါ်ပေါက်လာပါတော.သည် ။ အင်္ဂလန်၊ အမေရိကန်၊ ပြင်သစ် ၊ဂျာမဏီ အပါအ၀င် ကမ္ဘာ.ဒီမိုကရေစီနိုင်ငံကြီးများတွင်ရှိသည်ကား အရပ်ဖက်၏ အုပ်ချုပ်မှုကို စစ်ဖက်ကလိုက်နာဆောင်ရွက်ရသော ဓလေ.ထုံးစံဖြစ်ပြီး စစ်ဘက်၏အုပ်ချုပ်မှုကိုအရပ်ဘက် အစိုးရကလိုက်နာဆောင်ရွက်ရသောဓလေ.မှာ အင်ဒိုနီးရှားနိုင်ငံတွင်ပင် ယခုအခါမကျင်.သုံးတော.သော ပြောင်းပြန်မူတခုဖြစ်ပါသည် ။စစ်တပ်ကို လွှတ်တော်အတွင်းသို.ပို.ထားခြင်းသည် အ၀တ်လျှော်စက်ကို အိမ်ဦးခန်းတွင် နေရာချထားသည်နှင်.တူနေပါသည် ။ သူ.တန်ဖိုးနှင်.သူအသုံးဝင်သော်လည်းနေရာမှားရောက်နေသောအခါ ကမောက်ကမဖြစ်ရပေ၏ ။ 
၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေ ရေးဆွဲရာတွင်လည်း ပြည်သူလူထုကရွေးကောက်တင်မြောက်လိုက်သော လွှတ်တော်ကိုယ်စားလှယ် ဘုရားစူး အနည်းငယ်သာပါရှိပြီး NLD ပါတီ နှင်. SNLD ပါတီ မှ လွှတ်တော်ကိုယ်စားလှယ်အများစုမပါဝင်ခဲ.ပေ ။ ထို.ကြောင်.၂၀၀၈ ဖွဲ.စည်းပုံအခြခံဥပဒေသည် အနိုင်ရ လွတ်တော်အမတ်အများစု၏ဆန္ဒ မပါဝင်ပဲ ၊ မဆိုင်သည်.သူအများစုက၀င်ရောက်ရေးဆွဲထားသည်. ပြောင်းပြန်ဥပဒေတခုဖြစ်ပါသည် (ဖွဲ.စည်းပုံအခြေခံဥပဒေရေးဆွဲရေး၊ ညောင်နှင်ပင် အမျိုးသားညီလာခံတွင် ဖုန်ကြားရှင်ဦးဆောင်သောကိုးကန်.အဖွဲ.ပင်ပါလိုက်သေးသည် ) ။၂၀၀၈ ဖွဲ.စည်းပုံဥပဒေကို ပြည်သူလူထုကဆန္ဒခံယူပွဲတွင် ၉၂.၄ ရာခိုင်နှုန်းဖြင်.အတည်ပြုထားသည်.ဥပဒေဟုစစ်အစိုးရကဇန်းတင်ကြေငြာခဲ.သော်လည်း ထိုသို. ၉၂.၄ ရာခိုင်နှုန်းမဲအရေအတွက်ရခြင်းမှာ မည်သည်.အဖွဲ.အစည်းရှေ.တွင်ရေတွက်ခဲ.သနည်း ၊ မည်သည်. လွတ်လပ်သောရွေးကောက်ပွဲကော်မရှင် ရှိခဲ.သနည်း ၊ မည်သည်. လွတ်လပ်သော ရွေးကောက်ပွဲစောင်.ကြည်.ရေးအဖွဲ.များရှိခဲ.သနည်းဟုမေးလျှင် ဆန္ဒခံယူပွဲလုပ်တာလည်း ငါတို.အဖွဲ. ၊ မဲရေတွက်တာလည်း ငါတို.အဖွဲ. ၊ ၉၂.၄ % ထောက်ခံမဲရသည်ဟုကြေငြာတာလည်းငါတို.အဖွဲ. သာဖြစ်နေကြောင်းတွေ.ရမည် ။ ထိုရလာဒ်မှတကယ်ဟုတ်မဟုတ် ပြည်သူလူထုကအပြန်အလှန် စစ်ဆေးခွင်. ( Check and Balance ) မလုပ်နိုင်ခဲ.ပါ ။ ထို.ကြောင်. ပြည်သူလူထု ၉၂.၄ ကထောက်ခံခဲ.သည်ဆိုခြင်းမှာလည်း မြန်မာနည်းမြန်မာဟန် ပြောင်းပြန်လုပ်ရပ်ဟုသာယူဆရမလိုရှိပေသည် ။ ကိုယ်.ဖဲကိုယ် ကုလားဖန်ထိုး ၊ ကိုယ်.ဘာသာကိုယ်ချိုး ၊ ကိုယ်.ဘာသာဝေ ၊ ထို.နောက် ဂျိုကာ သုံးလုံးကျပါပြီ ဟု ကိုယ်.ဘာသာကြေငြာသလိုရှိလေသည် ။ အံဖွယ်သရဲရှိလှပါ၏ ။မြန်မာနိုင်ငံ၏ပြောင်းပြန်ကိစ္စများအားလုံးထဲတွင် ၂၀၀၈ ဖွဲ.စည်းပုံအခြေခံဥပဒေကြီးမှာ ပြောင်းပြန်အဖြစ်ဆုံး ကိစ္စကြီးဖြစ်သည် ။ ထိုပြောင်းပြန်ကိုအတည်.ဖြစ်အောင် ပြည်သူ.ဆန္ဒနှင်.အညီ ဒီမိုကရေစီစံနှုန်းများ နှင်.ညီညွတ်အောင်ပြန်လည်ပြင်ဆင်ဖို.အရေးသည် တပ်မတော်နှင်. စစ်ဗိုလ်ချုပ်ဟောင်းများ၏ သမိုင်းပေးတာဝန်ဖြစ်သည် ။ ထိုတာဝန်ကိုမကြေမခြင်း တိုင်းပြည်အပေါ်တွင် ကပြောင်းကပြန်ပြုလုပ်ထားမှုသည် အကြွေးတင်သလိုတင်ရှိနေပေလိမ်.မည် ။ 

၁၉၇၄ ခုနှစ်ကလည်း မြန်မာ.နည်းမြန်မာ.ဟန်ဆိုရှယ်လစ်ဝါဒ (မြန်မာ.ဆိုရှယ်လစ်လမ်းစဉ်)ဆိုသည်ကိုစစ်ဗိုလ်ချုပ်များက အကောင်အထည်ဖော်ခဲ.ဖူးသည် ။အမှန်စင်စစ် ထိုဝါဒသည် ကွန်မြူနစ်ဝါဒအစစ်လည်းမဟုတ် ၊ ဆိုရှယ်လစ်ဝါဒအစစ်လည်းမဟုတ်သော အာဏာရှင် ပြောင်းပြန်ဝါဒတခုသာဖြစ်သည် ။ ထိုပြောင်းပြန်စနစ်တခုကြောင်.ပင်မြန်မာနိုင်ငံသည် အရှေ.တောင်အာရှတွင်အချမ်းသာဆုံးနိုင်ငံတခုမှ ကမ္ဘာ.အဆင်းရဲဆုံးသောနိုင်ငံတခုအဖြစ်သို. အချိန်တိုအတွင်းရောက်ရှိသွားခဲခြင်းဖြစ်သည် ။ အလွဲတကာ.အလွဲထဲတွင် မူဝါဒအလွဲသည်အဆိုးရွားဆုံးဖြစ်သည် ။ ကျင်.သုံးသောစနစ်တခုခေတ်နှင်. မလျော်ညီပဲပြောင်းပြန်ဖြစ်နေပါက မည်သို.မျှရှေ.သို.ရောက်နိုင်မည်မဟုတ်ပေ။ ကရွတ်ကင်းလျှောက်သလိုသွားနေပါက မည်သည်.အခါမှရှေ.သို.မရောက်တော.ပဲ တနေရာထဲတွင်တ၀ဲလည်လည်ဖြစ်နေမည်သာဖြစ်သည် ။ 

ကျွန်တော်တို.သည် နိုင်ငံတကာ အလေ.အထများနှင်.ပြောင်းပြန်ပြုလုပ်သောအခါ အိမ်သာစက္ကူကို လက်သုတ်ပုဝါလုပ်ခြင်းစသော သေးဖွဲသည်.ကိစ္စများတွင် ပြောင်းပြန်လုပ်မိခြင်းသည် အမြင်မတော်သည်မှတပါး ထူးထူးခြားခြား နစ်နာစရာမရှိ ၊ သို.သော် ဖွဲ.စည်းပုံအခြေခံဥပဒေရေးဆွဲခြင်း စသော နိုင်ငံအတွက်အသက်တမျှအရေးကြီးသောကိစ္စမျိုးတွင်ပြောင်းပြန်ဇောက်ထိုးပြုလုပ်မိပါက တိုင်းပြည်သည် ငါးပါးသာမက သံဃာစင်ပင်မှောက်လိမ်.မည် ။ နိုင်ငံရေးတွင်စစ်တပ်က၀င်ရောက်ခြယ်လှယ်နေခြင်း ၊ လွှတ်တော်တွင် ရွေးကောက်ခံမဟုတ်သောတပ်မတော်သားများ နှစ်အကန်.အသတ်မရှိ ၊အချိန်အကန်.အသတ် မရှိ ၀င်ရောက်ပါဝင်စွက်ဖက်နေခြင်း ၊ လက်နက်ကိုင်ထားသောအဖွဲ.အစည်းတခုမှ လက်နက်မဲ.ပြည်သူများနှင်.အပြိုင် စီးပွားရေးယှဉ်ပြိုင်လုပ်ကိုင်နေခြင်း ၊ဖွဲ.စည်းပုံဥပဒေပြင်ဆင်ရေးနှင်.ပါတ်သက်၍ ပြည်သူလူထုကရွေးကောက်ထားသော လွှတ်တော်အမတ်များအားလုံး၏ ဆန္ဒကို တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များက ဗီတိုအာဏာနှင်.ပါယ်ချနိုင်ခြင်း တို.မှာ မည်သည်.နိုင်ငံနှင်.မှမတူပဲပြောင်းပြန်ဖြစ်နေသောကိစ္စဖြစ်သည် ။ကျွန်တော်တို.နိုင်ငံသည်ပြောင်းပြန်နိုင်ငံတော်ဖြစ်သည် ။ အသေးအမွှား ပြောင်းပြန်ကိစ္စကားအကြာင်းမဟုတ် ။ အခြေခံဥပဒေကဲ.သို.ကြီးမားသောပြောင်းပြန်ကိစ္စကြီးများမှာမူကား တနိုင်ငံလုံးနှင်.ဆိုင်သဖြင်.လူတစု ၊ အဖွဲ.အစည်းတခုကသာလက်ဝါးကြီးအုပ်ဆုံးဖြတ်လုပ်ကိုင်နေခြင်းမှာ မည်သို.မျှကောင်းလာစရာမရှိပဲ ၊ အမြင်မတော် ဆင်တော်နှင်.ခလောက်ကဲ.သို.ရှိနေပါကြောင်း။

သရ၀ဏ်(ပြည်) 
စောင်.ကြည်ဂျာနယ်
၅.၅.၂၀၁၅

No comments: