Saturday, May 2, 2015

ပုံတွင်မြင်ရသည်ကား တိုင်းရင်းသားတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ NDAA ထိန်းချုပ်နယ်မြေရှိ မိုင်းလား မြို့ အား မီးရောင်စုံများအောက်တွင် ရှု့မညီးဘွယ် တွေ့မြင်ရပုံအား ဧရာဝတီ သတင်းဌာနမှ မှတ်တမ်းဓါတ်ပုံ ရိုက်ကူးတင်ပြခဲ့သည်။

မဆန်းပေ

ပြည်တွင်းတွင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် နှင့် လက်တချောင်းနှင့်ပင် ရေတွက်၍ ရသော မြို့ကြီးများလောက်တွင်သာ မြင်တွေ့နိုင်သည့် မြင်ကွင်းမျိုးကို တိုင်းရင်းသား ဒေသ တခုတွင် မြင်တွေ့ရသည်မှာ အားလည်းကျ အံသြစရာလည်း ဖြစ်ရပေသည်။

ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဘို့အရေး တိုင်းရင်းသားများ လက်နက်ကိုင်၍ တောင်းဆိုကြသည်မှာလည်း သဘာဝကျလှပေသည်။

နယ်စွန်နယ်ဖျား မဆိုထားနှင့် ပြည်တွင်းမှာပင် ဖွံ့ဖြိုးအောင် မလုပ်နိုင်ကြသော သူများအား မိမိတို့ဒေသတိုးတက်ရေးအတွက် မည်သူက အယုံအကြည် ရှိနိုင်ပေမည်နည်း။

ထို့အတွက် ကျောသားရင်သား ခွဲခြားဆက်ဆံခြင်းကို ဆန့်ကျင်နိုင်ရန် နှင့် တသွေးတည်း တသံတည်း တောင်းဆိုကြဘို့ ပန်ဆန်းတွင် ကြိတ်ဝိုင်းဖွဲ့နေကြသည်မှာလည်း အဆန်းမဟုတ်ပေ။

HSW

No comments: