Sunday, May 17, 2015

-----ဂျပန်သို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်သူ ညီအစ်ကို ၂ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍

တမိသားစုလုံး ရှိသမျှစုပေးလိုက်ရတဲ့ ငွေပေါ့ဗျာ။ အမေက ဒီငွေအလိမ်ခံရလို့ဆိုပြီး စိတ်ဖိစီးမှုတွေနဲ့ ၂၀၁၄၊ ၉ လ ပိုင်းမှာ သေခဲ့ရတယ်။ အဖေလည်း နောက် တလမှာ သေရပြန်တယ်။”------ ------ ------ -----ဂျပန်သို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည်သူ ညီအစ်ကို ၂ ဦး အသတ်ခံရမှုနှင့်ပတ်သက်၍ ထွက်ပြေးတိမ်းရှောင်ခဲ့သူ ကျော်သူရ(ခ)ပြည်ကျော်သည် ၂၀၁၅ ခုနှစ် မေလ ၁၃ ရက် ည ၆း၀၀ နာရီအချိန် ဘားအံမြို့မရဲစခန်းသို့ ကိုယ်တိုင်လာ ရောက်အဖမ်းခံခဲ့ကြောင်း သိရသည်။လက်ပြန်ကြိုးတုပ်လျက်ဖြင့် အသတ်ခံထားရသည့် အမျိုးသားအလောင်းနှစ်လောင်းကို ပဲခူးတိုင်းဒေသကြီး၊ အင်းတကော်မြို့ရှိ ရွှေပြည် ၃ ရေလှောင်တမံသွားရာ လမ်းဘေးတွင် ၂၀၁၅ ခုနှစ် မေ ၅ ရက်တွင် ကားတစီးမှ လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ရာ အဆိုပါဖြစ်ရပ်မှာ အင်းတကော်မြို့တွင် နာမည်ကြီးလူသတ်မှု ဖြစ်လာခဲ့သည်။လူသတ်မှုတခုဟု ယူဆနိုင်သော်လည်း ယင်းနောက်ကွယ်တွင် ဖြစ်ပွားနေသော ကိစ္စတချို့မှာ စိတ်ဝင်စားစရာ ကောင်းလှသလို ထိုသို့လာရောက်စွန့်ပစ်မှုကို ၁၅ နှစ်ခန့်အရွယ်ရှိ ကလေးမလေးမှ စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။ကျော်သူရ (ခ) ပြည်ကျော်သည် ရဲတပ်ဖွဲ့သို့ ကိုယ်တိုင်အဖမ်းခံရန် ဘားအံခရိုင်၊ မှုခင်းရှုထောင့်ရုံးသို့ ဦးစွာဝင်ရောက် အကူအညီတောင်းခဲ့ရာသတင်းထောက်များမှ ဘားအံမြို့မရဲစခန်းသို့ သွားရောက် အပ်နှံပေးခဲ့စဉ်ပြစ်မှုကျုးလွန်ခဲ့ရသည့် ဖြစ်စဉ်ကို ကျုးလွန်သူကိုယ်တိုင် သတင်းထောက်များအား ရင်ဖွင့်ပြောကြားသွားခဲ့သည်။''အခင်းဖြစ်တဲ့နေ့က ကျွန်တော်နှင့် ကျွန်တော့်အဖော်သူတို့ဆီကိုသွားတယ်။ ကြိုတင်ရည်ရွယ်ပြီးသတ်ဖို့ သွားတာ မဟုတ်ဘူး။ ကျွန်တော့်အမျိုးသမီး ရင်သား ကင်ဆာဖြစ်နေတယ်။ဆေးကုဖို့ငွေမရှိတော့ ကျွန်တော့်ဆီက သူတို့ယူထားတဲ့ ငွေ ၁၁၅ သိန်း၊ ဂျပန်ကိုပို့ပေးမယ်ဆိုပြီး ၂၀၁၄ သင်္ကြန်မတိုင်မီကသူတို့ယူထားတာ။ ကျွန်တော် အိမ်ကိုပေါင်ပြီးပေးခဲ့ရတာ။ တမိသားစုလုံး ရှိသမျှစုပေးလိုက်ရတဲ့ ငွေပေါ့ဗျာ။ အမေက ဒီငွေအလိမ်ခံရလို့ဆိုပြီး စိတ်ဖိစီးမှုတွေနဲ့ ၂၀၁၄၊ ၉ လ ပိုင်းမှာ သေခဲ့ရတယ်။ အဖေလည်း နောက် တလမှာ သေရပြန်တယ်။ ကျွန်တော်သတ် လိုက်တဲ့သူက မန်နေဂျင်းဒါရိုက်တာလို့ ပြောတယ်။ ကုမ္ပဏီနှစ်ခုရဲ့ဒါရိုက်တာလို့ ပြောတယ်။ ကျွန်တော်နှင့်ပါလာတဲ့အဖော်က သိန်း ၁၁၀၊ ကျွန်တော်က ၁၁၅ သိန်း၊ ကျွန်တော်အပါ လူ ၆ ယောက်ဆီက ငွေတွေကို သူတို့ယူထားတာပါ။ ကျန်တဲ့လူတွေက တရားစွဲတယ်လို့ သိရတယ်။ ကျွန်တော်က မစွဲဘူး။ ကျွန်တော် မိန်းမ ဆေးကုဖို့ ၅ သိန်းဖြစ်ဖြစ်၊ ၁၀ သိန်းဖြစ် ဖြစ်ပေးဖို့ ပြန်တောင်းတာ။ မကူညီနိုင်ဘူးဆိုပြီး ငြင်းတယ်။ ပိုင်ရာဆိုင်ရာလူတွေ ငါတို့မှာရှိတယ်လို့လည်း ပြောတယ်။ အဲဒီမှာ ကျွန်တော် စိတ်မထိန်းနိုင်တော့ဘူး။ ဒါကြောင့် ဒီပြစ်မှုမျိုးမဖြစ်သင့်ဘဲဖြစ်သွားရတာပါ။ ကျွန်တော် အပြစ်ကိုလည်း ၀န်ခံချင်တယ်။ လိမ်တဲ့ညာတဲ့လူတွေကိုလည်း ဖော်ထုတ်ဖမ်းဆီးစေချင်ပါတယ်။ ဒါမှ အများပြည်သူတွေ ဆင်ခြင်နိုင်ကြမှာပါ။ မဖြစ်သင့်တာမဖြစ်အောင် ကျွန်တော်ပြောတာပါ။ ကျွန်တော့်ဘ၀တလျှောက်လုံး ဘာပြစ်မှုမှ မကျုးလွန်ခဲ့ဖူးပါဘူး။ တရားဥပဒေနှင့် ရဲတပ်ဖွဲ့အပေါ် ယုံကြည်လို့ ကိုယ်တိုင်လာရောက် အဖမ်းခံတာပါ''ဟုကျော်သူရ (ခ) ပြည်ကျော်က ပြောကြားသည်။မေ ၁၄ ရက်နေ့ နံနက်တွင် ဘားအံမြို့မရဲစခန်းမှ အင်းတကော်နယ်မြေရဲစခန်းသို့ ပြစ်မှုကျုးလွန်သူအား လွှဲပြောင်းပေးအပ်လိုက်ကြောင်း၊ ကျော်သူရ(ခ)ပြည်ကျော်သည် အောင်ကျော်စွာ(ခ) စောကျော်စွာအောင်နှင့်အတူ မေလ၅ရက်နေ့က ပဲခူးမြို့၊ အင်းတကော်နယ်မြေစခန်းအပိုင်းတွင် လူသတ် မှုကျုးလွန်ခဲ့ကြရာ ကျန်တဦးမှာ ပြစ်မှုကျုးလွန်ပြီး ၂ ရက်မြောက်နေ့တွင် အဖမ်းခံခဲ့ရကြောင်း၊ ကျော်သူရ(ခ)ပြည်ကျော် အသက် ၃၂ နှစ် (ဘ) ဦးအုန်းပန်း၊ ကရင်ဥတိုကျေးရွာ၊ သာယာဝတီမြို့နယ်နေသူနှင့် စောကျော်စွာ(ခ) စောကျော်စွာအောင် အသက် ၄၆ နှစ်၊ နီလာ ၆ လမ်း (ဂ)ရပ်ကွက်၊ မြောက် ဥက္ကလာနေသူတို့အား အင်းတကော်နယ်မြေရဲစခန်းမှ (ပ)၅၈/ ၂၀၁၅ ပုဒ်မ ၃၀၂/၂၀၁ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်ထား ကြောင်း သတင်းရရှိသည်။သေဆုံးသူအမျိုးသားမှာ သေဆုံးစဉ်တွင် ပက်လက်အနေအထား၊ အရှည် ၈ ပေရှိ Tdili Deans တံဆိပ် ခါးပတ်ခေါင်းနဲ့ချည်နှောင်လျက်၊နောက်တဦးမှာ မှောက်လျက်အနေအထားဖြင့် အရှည်တပေခွဲရှိ အနက်ရောင် နိုင်လွန်ကြိုးများဖြင့် လက်နှစ်ဖက်အား ချည်နှောင်ထားသည်ကိုတွေ့ရပြီး ပက်လက်အနေအထားနေသူမှာ နို့အုံ ထိုးသွင်းဒဏ်ရာတချက်၊ ၀ဲပေါင်ထိုးသွင်းဒဏ်ရာ ခြောက်ချက်၊ လက်ပြင် ထိုးသွင်းဒဏ်ရာ တချက်၊ မှောက်လျက်အနေအထားနှင့် အမျိုးသားမှာ ခါးအထက် ထိုးသွင်းဒဏ်ရာ တချက်၊ ၀ဲလည်ပင်းထိုး သွင်းဒဏ်ရာ တချက်၊ ကုပ်ပိုးတွင် ထိုးသွင်းဒဏ်ရာ တချက်တို့ဖြင့် သေဆုံးလျက်တွေ့ရှိခဲ့ကြောင်း အင်းတကော်ရဲစခန်းမှ သိရ သည်။ သေဆုံးခဲ့ရသူများမှာ တောင်ဥက္ကလာမြို့နယ်တွင်နေထိုင်သူ အသက် ၅၂ နှစ်အရွယ် ကိုညွန့်ဝေနှင့်စမ်းချောင်းမြို့နယ်တွင်နေထိုင်သူ အသက် ၅၅ နှစ်အရွယ် ဦးညွန့်ဆွေတို့ဖြစ်ပြီး ၎င်းတို့မှာ ညီအစ်ကိုနှစ်ဦးဖြစ်ကြောင်း သိရသည်။ပွင့်ဆန်း

No comments: