Thursday, May 21, 2015

အစိုးရတပ် မှ နမ့်လင်းပါ တစ်ဝိုက်မှာ ဖိုက်တာဂျက်ဖြင့် ၀င်ရောက်တိုက်ခိုက်နေ

အစိုးရတပ် မှ နမ့်လင်းပါ တစ်ဝိုက်မှာ ဖိုက်တာဂျက်ဖြင့် ၀င်ရောက်တိုက်ခိုက်နေ

21.5.2015KIA တပ်မဟာ(၃) ရင်း (၁၂ ) နမ့်လင်းပါ အထက်ဘက်က ကေအိုင်အေ တပ်စခန်းဖြစ်တဲ့ဘွမ်မိုင်ဘွမ် တပ်စခန်း အနီးတစ်ဝိုက်ကိုအစိုးရတပ်ဘက်မှ လေကြောင်း နဲ့  ဒီနေ့ နေ့ လည်ပိုင်းက ၀င်ရောက်တိုက်ခိုက် ပါတယ် ။ထိခိုက်မှုကိုတော့ မသိရသေးပါ ။တစ်ချိန်ထဲမှာဘဲနမ့်လင်းပါ အနီးက မဂါးယန် ပို့ စ် ကို အင်အားအလုံးအရင်း နဲ့ ဝင်ရောက်တိုက်ခိုက်နေတယ်လို့  သိရပါတယ် ။ဒီရက်ပိုင်း နမ့်လင်းပါ တစ်ဝိုက်မှာ ဆက်တိုက်ဆိုသလိုတိုက်ပွဲပြင်းထန်နေတာပါ ။အစိုးရတပ်ဘက်က အဆိုပါဒေသဘက်ကိုအင်အား အလုံးအရင်း ပို့ ပြီး တိုက်ခိုက်နေသလို ၂၀၅.၂၀၁၅- နေ့ လည်ပိုင်းကနေစပြီး လေကြောင်း ပစ်ကူ နဲ့ ပါထပ်မံ တိုက်ခိုက်လာတာဖြစ်ပါတယ် ။

No comments: