Saturday, May 16, 2015

***ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်၌ ဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးအရိုက်ခံရ ***


မြန်မာပြည်မြောက်ပိုင်း ဖားကန့်မြို့ မှော်ဝမ်းရပ်ကွက်ရှိ မြို့ဦးကျောင်းတိုက်မှ မြို့ဦးဆရာတော်သည် မေလ ၁၄ရက် ၂၀၁၅ ည ၉ နာရီခန့်အချိန်တွင် မူးယစ်တိုက်ဖျက်ရေးအမည်ခံ ကချင်လူငယ်အဖွဲ့၂၀ ကျော်ခန့်က ခဲများဖြင့် ထုနက် ရိုက်ခတ်မှုဖြစ်ပွဲခဲ့သည်။

ဖြစ်စဉ်မှာ မှော်ဝမ်းရပ်ကွက်ရှိ ရှမ်းမိတ်လက်ဖက်ရည်ဆိုင်အား အကြမ်းဖက်လူငယ်အဖွဲ့မှ ရန်ရှာကာ အင်အား ၂၀ ကျော်ခန့် ဝိုင်းဝန်းပြသနာရှားခဲ့ကြောင်း ထိုသို့ ပြသနားဖြစ်ရာနေရာသို့မြို့ဦးဆရာတော်မှ ဖြေးရှင်းပေးရန်ရောက်လာစဉ် သောင်းကြမ်းသူလူငယ်အဖွဲ့က ခဲများဖြင့် ဝိုင်းဝန်းရိုက်နက်ခဲ့သည်။

အဆိုပါရိုက်နက်မှုကြောင့် မြို့ဦးဆရာတော်၏ ဦးခေါင်းသည် ဒဏ်ယာပြင်းထန်စွာရရှိသွားပြီး ၃ ချက်ချုပ်လိုက်ရကြောင်း ချိုင်းအောက်နံရိုးတွင်လည်း ဒဏ်ရာပြန်းထန်ကြောင်း နှင့် ဆရာတော် ဖုန်းဟန်းဆက်တစ်လုံးလည်း ခဲထိမှန်ကွဲသွားကြောင်း သိရှိရသည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာမှ ပြစ်မှုကျူးလွန်ခဲ့သည့် မူးယစ်အမည်ခံ ကချင်လူငယ်အဖွဲ့ဝင်တစ်ဦးအား ဖမ်းမိထားပြီး ဆက်လက်ဖမ်းဆီးရန်ကျန်ရှိနေသေးသည့် သောင်းကြမ်းလူငယ်အဖွဲ့များ ထွက်ပေးတိမ်းရှောင်းနေကြောင်းသိရှိရသည်။

ယခုကဲ့သို့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတစ်ပါး အကြောင်းမဲ့ ရိုက်နက်ခံရမှုသည် မိမိတို့ဗုဒ္ဓဘာသာအား စော်ကားရာဖြစ်ကြောင်း ဒေသခံများကပြောကြားသည်။

No comments: