Friday, May 1, 2015

ရွှေမှော်လုပ်သား ၂ ဦးအား KIAအဖွဲ့မှ လက်နက်ဖြင့် ခြိမ်းခြောက်ကာ လူသစ်စုဆောင်း

ရွှေမှော်လုပ်သား ၂ ဦးအား KIAအဖွဲ့မှ လက်နက်ဖြင့် ခြိမ်းခြောက်ကာ လူသစ်စုဆောင်း

Thursday, April 30, 2015

ကချင်ပြည်နယ်၊ ဆဒုံးမြို့နယ်၊ မာကြားကျေးရွာအတွင်းရှိ ရွှေမှော်တွင် လုပ်ကိုင်နေကြသော ရွှေမှော်လုပ်သား ၂ ဦးအား KIAအဖွဲ့မှ လူသစ်စုဆောင်း ရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ယင်းရွှေမှော် အနီးရှိ ကျေးရွာများထံမှ သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဆဒုံးမြို့နယ်ခွဲ၊ မာကြားကျေးရွာအရှေ့မြောက်ဘက် ၂ မိုင်ခန့်အကွာတွင်ရှိသော မလိချောင်းဖျားရှိ ရွှေမှော်လုပ်ကိုင်နေသူများထံ သို့ ဧပြီလ ၂၇ ရက်၊ ည ၉ နာရီအချိန် ခန့်တွင် KIAအဖွဲ့ရောက်ရှိလာပြီး လက်နက်ဖြင့်ခြိမ်းခြောက်ကာ ရွှေမှော်လုပ်သား ၂ ဦးအား လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ရွှေမှော်လုပ်ငန်းရှင်တစ်ဦးထံမှ သိရသည်။

“ ကျွန်မက ဒီနယ်မြေကမဟုတ်ပါဘူး၊ ဇာတိက စစ်ကိုင်းကပါ၊ နယ်မှာ အလုပ်အကိုင်မကောင်းလို့ မိသားစု အလိုက် ပြောင်းနေကြတာ မကြာသေးပါဘူး၊ အခုယောင်္ကျားကို KIA အဖွဲ့ကဖမ်းသွားတော့ ကျွန်မတို့မိသားစု ဘယ်သူ့ကိုသွားအားကိုးရမှာလဲ၊ ကလေးတွေရဲ့ စားဝတ်နေရေးကလည်းရှိသေးတယ်၊ ယောင်္ကျားကိုလည်း စိတ်ပူတယ် ” ဟု ဖမ်းဆီးခံရသော မှော်လုပ်သားတစ်ဦး၏ဇနီးမှ ပြောသည်။
KIAအဖွဲ့သည် ကချင်ပြည်နယ်အတွင်းရှိ ရွှေမှော်လုပ်ငန်းများအား အမြဲလိုလို ဆက်ကြေးကောက်လူသစ်စု ဆောင်းခြင်းများပြုလုပ်ကြသဖြင့် ရွှေမှော်များတွင် မှော်လုပ်သားများရှားပါးလျက်ရှိကြပြီး လုပ်ငန်းများဖျက်သိမ်း ကြရတော့မည်ဖြစ်ကြောင်း ရွှေမှော်လုပ်ငန်းရှင်တစ်ဦးမှ ပြောသည်။

ကချင်ပြည်နယ်အတွင်း ဖားကန့်နှင့် တနိုင်းမြို့နယ်ပတ်ဝန်းကျင်များတွင် တိုက်ပွဲများဖြစ်ပွားနေ၍ ဒေသခံ တိုင်းရင်းသားတို့မှာ စိုးရိမ်ထိတ်လန့် မှုများနှင့် ရင်ဆိုင်နေကြကြောင်း၊ တိုက်ပွဲဖြစ်ပွားသည့်နေရာများမှာ စစ်ဘေးဒုက္ခသည်များ ပိုမိုများပြားလာကြောင်းနှင့် ယင်းတိုက်ပွဲ များ ရပ်တန့်စေရေးအတွက် အစိုးရနှင့်KIA တို့နှစ်ဘက် ကိုယ်စား လှယ်တွေပါဝင်တဲ့ ပဋိပက္ခညှိနှိုင်းရေးအဖွဲတို့ အရေးပေါ်တွေ့ ဆုံဆွေးနွေး မှုများ ပြုလုပ် ခဲ့ပြီးတိုက်ပွဲဖြစ်ပွားသည့် နေရာများကို သွားရောက်ကြည့် ရှုကြမည်ဖြစ်ကြောင်း တနိုင်းမြို့နယ် ဥပဒေအရာရှိ ကြီးတစ်ဦးမှ ပြောသည်။

ဝင်းထွန်းဦး

Credit to Kachin Daily News


No comments: