Sunday, May 3, 2015

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာတွင် မေ ၂ ရက် ၂၀၁၅ စနေနေ့ ညပိုင်း ၁ နာရီခန့်တွင်

ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ဆန်ခါကျေးရွာတွင် မေ ၂ ရက် ၂၀၁၅ စနေနေ့ ညပိုင်း ၁ နာရီခန့်တွင် ဆန်ခါကျေးရွာရှိ မသင်ခါဖွယ်ရွာ အိမ်များကို စကခ( ၇ ) လက်အောက်ခံတပ်ရင်း ၄၂၁ တပ်ရင်းမူး ဗိုလ်ကြီး နေလင်းအောင်အဖွဲ့ နှင့် ကျေးရွာ ရပ်မိ ရပ်ဖ များပူးပေါင်းပြီး ၀င်ရောက်စစ်ဆေးခဲ့ရာ ည ၂ နာရီခန့်တွင် ဒေါ်သန္တအိမ်အားရှာဖွေစစ်ဆေးရာတွင် ဦးစွာ ရာမ အပြား ၁၃၀ ကို သူမ၏ ခန္ဓာကိုယ်အတွင်းမှ တွေ့ရှိခဲ့သည်။ ထို့နောက်သူမအား လုံးခင်းရဲစခန်းသို့ ပို့ပြီး ထပ်မံစစ်ဆေးခဲ့ရာ သူမ၏ ခန္ဓာကိုယ်အတွင်းမှ အထုတ်သေး ၆ ထုတ်တွေ့ရှိခဲ့ရာ စုစုပေါင်း ရာမဆေးပြား အပြား ၁၃၃၀ ကိုရှာဖွေတွေ့ရှိခဲ့သည်။ ယခုအခါ လုံးခင်းရဲစခန်းမှ မူးယစ်ပုဒ်မ ၁၅ ၊ ၁၉ တို့ဖြင့် အရေးယူထားကြောင်းသိရှိရသည်။ Pt > Pluth Pluth 

No comments: