Thursday, May 28, 2015

လူမျိုတူ နှိပ်စက်မှု kia ဆက်တိုက်ကျူးလွန်ထင်ရာစိုင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ(KIA)တို့၏ တရားလက်လွတ်လုပ်ရပ်များ

လူမျိုတူ နှိပ်စက်မှု kia ဆက်တိုက်ကျူးလွန်ထင်ရာစိုင်းနေသည့် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ(KIA)တို့၏ တရားလက်လွတ်လုပ်ရပ်များ

၂၇-၅-၂၀၁၅ ရက်မြန်ပြည်မြောက်ပိုင်း(ကချင်ပြည်နယ်)၊ ၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာတွင် နေထိုင်သည့် ဒေသခံ (၄)ဦးအား KIA-အဖွဲ့မှ လက်နက်ဖြင့် ခြိမ်းခြောက် အနိုင်ကျင့် အဓမ္မ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်…ဖြစ်စဉ်မှာ ၀ိုင်းမော်မြို့နယ်၊ ရွှေညောင်ပင်ကျေးရွာ၊ ရပ်ကွက်(၄)-ကချင်စုရပ်ကွက်သို့ မေလ (၂၂)ရက် ည-၁၁း၀၀ နာရီအချိန်ခန့်တွင် KIA-အဖွဲ့ဝင်များ လက်နက်ကိုယ်စီ ၀တ်စုံပြည့်ဖြင့် ၀င်ရောက်လာကြပြီး မောင်နော်မိုင်၊အသက်(၂၃)နှစ်၊ ကချင်/ခရစ်ယာန်။ မောင်ယော်ထု၊ အသက်(၂၀)နှစ်၊ ကချင်/ခရစ်ယာန်။ မောင်ဇော်ဘောက်၊အသက်(၂၃)နှစ်၊ ကချင်/ခရစ်ယာန်။ မောင်ဆတ်ဒွပ်အောင်၊ အသက်(၂၁)နှစ်၊ ကချင်/ခရစ်ယာန်။ တို့(၄)ဦးအား တစ်အိမ်တက်ဆင်း ၀င်ရောက်ရှာဖွေ ဖမ်းဆီးခေါ်ဆောင်သွားကြကြောင်း၊ ဖမ်းဆီးခံ ကလေးတွေကို ငွေနဲ့ ရွေးခိုင်းမလား?စစ်သင်တန်းတက်ခိုင်းပြီး တိုက်ပွဲဖြစ်သည့်နေရာသို့ ပိုလေမလား? ကချင်လူမျိုးအချင်းချင်း အနိုင်ကျင့်မှုတွေ များနေပြီဟု- ဒေသခံ တစ်ဦးမှ ပြောကြားခဲ့သည်…မည်သို့ပင်ဖြစ်စေကာမူ- တရားဥပဒေစိုးမိုးသော ကျေးရွာ/ရပ်ကွက်အတွင်းသို့ လက်နက်အားကိုး အနိုင်ကျင့် ခြိမ်းခြောက် ဖမ်းဆီးခေါ်ဆောင်မှုခံရခြင်းသည်-(က) ယင်းကျေးရွာအနီးတွင် KIA-တပ်ဖွဲ့ဝင်များ(KIA-တပ်စခန်းများ) ရှိနေခြင်းကြောင့်လည်းကောင်း၊(ခ) ယင်းကျေးရွာအနီးရှိ KIA-တပ်စခန်းများကို နိုင်ငံတော်အစိုးရ တပ်မတော်မှ ဖယ်ရှား မပေးနိုင်ခြင်းကြောင့်လည်းကောင်း၊(ဂ) ယင်းကျေးရွာအတွင်း KIA-၏ ဘက်တော်သားများ ရှိနေခြင်းကြောင့်လည်းကောင်း၊(ဃ) ယင်းကျေးရွာအနီးရှိ တပ်မတော်သားများလှုပ်ရှားမှု ညံ့ဖြင်းခြင်းကြောင့် လည်းကောင်း၊(သို့မဟုတ်) တပ်မတော်မှ အကာအကွယ် မပြုပေးခြင်းကြောင့် လည်းကောင်း၊(င) ယင်းကျေးရွာ စည်းလုံးညီညွတ်မှု မရှိခြင်းကြောင့်လည်းကောင်း၊(စ) ယင်းကျေးရွာတွင်KIA-အဖွဲ့ကိုအားပေးထောက်ခံသော သူများ ရှိနေခြင်းကြောင့်လည်းကောင်း စသည် စသည် အကြောင်းအမျိုးမျိုးကြောင့် လက်နက်အားကိုး အနိုင်ကျင့်သည့်အဖွဲ့အစည်းများ၏စော်ကားမှုကို ခံရခြင်း ဖြစ်နိုင်သည်ဟု ယူဆမိပါသည်…Sai Thar Zone

No comments: