Tuesday, May 19, 2015

ဖားကန့်မြို့မှာ' ရှမ်းမိတ် ' ဆိုတဲ့ တည်းခိုခန်းနဲ့ စားသောက်ဆိုင် တွဲဖွင့်ထားတဲ့ ဆိုင် ရှိပါတယ်။

ဖြစ်စဉ်အကျဉ်းလေး တင်ပြပေးပါ့မယ်။တစ်ခါမှ မပြောစဖူး Share ပေးဖို့ပါ တောင်းဆိုပါတယ်။•ဖားကန့်မြို့မှာ' ရှမ်းမိတ် ' ဆိုတဲ့ တည်းခိုခန်းနဲ့ စားသောက်ဆိုင် တွဲဖွင့်ထားတဲ့ ဆိုင် ရှိပါတယ်။ သူတို့ဆိုင်က သားကြီးဖြစ်သူနဲ့ရပ်ကွက်က ချာတိတ်တချို့ စကား အခြေအတင် ဖြစ်ခဲ့ပါတယ်။ အဲ့ဒါနဲ့ပဲ ၁၆.၅.၂၀၁၅ နေ့ ညဦးပိုင်း ဆိုင်ပိတ်ချိန်မှာ စကားအခြေအတင် ဖြစ်ခဲ့တဲ့ လူငယ် အပါအဝင် လူဆယ့်ငါးယောက်လောက် ရှမ်းမိတ် စားသောက်ဆိုင်ကို လာဝိုင်းပါတယ်။ ပြဿနာ ဖြစ်မှာစိုးလို့ဆိုင်တံခါး အိမ်တံခါးတွေကိုအကုန်ပိတ်ပြီး အပေါ်ထပ်ကနေ ပြေလည်ရာ ပြေလည်ကြောင်း လှမ်းပြောပေမယ့်မရခဲ့ပါဘူး။ ရဲစခန်းကို ဖုန်းခေါ်ခဲ့ပေမယ့်လဲ ဖုန်းမကိုင်ခဲ့ပါဘူး။ဒါနဲ့ပဲ ဆိုင်က ကောင်မလေး နှစ်ယောက်ကို နောက်ပေါက်က ထွက်စေပြီး ရဲကင်းကို အကြောင်းကြားခဲ့ပါတယ်။ ရဲကင်းကို အကြောင်းကြား နေစဉ်မှာပဲ ဗုဒ္ဓဘာသာတွေရဲ့ အားကိုးရာဟာ သံဃာတော်တွေမို့အိမ်ကနေ မြို့ဦးစေတီကျောင်း ဆရာတော်ထံ ဖုန်းဆက်ပြီးလဲ အကူအညီ တောင်းခံပါသေးတယ်။ ဆရာတော်ဟာလဲ မျက်စိ ဝေဒနာ ခံစားနေရလို့ မန္တလေးမှာ ဆေးကုသမှု ခံယူနေရချိန်မို့ ဥုးဇင်းမုနိန္ဒက ဖုန်းလက်ခံ ဖြေကြားပြီး စားသောက်ဆိုင်ဆီဖြန်ဖြေရန် ထွက်လာခဲ့ပါတယ်။ရောက်ပြီးနောက်လဲ ဖြန်ဖြေပေးပေမယ့် လူစုမခွဲပဲ ဆက်ဝိုင်းထားလို့ ဥုးဇင်းဟာ အဲ့ဒီ့ ရှမ်းမိတ်ဆိုင်ရဲ့ အိမ်ထဲမှာ ဝင်ထိုင်ပြီး စကားပြော နေခဲ့ပါတယ်။ဆိုင်က ကောင်မလေးတွေ ရဲကင်းကို သွားခဲ့ပေမယ့် ရဲကင်းက ' သူတို့ ကိုင်တွယ်လို့ မရပါဘူး။ ရဲစခန်းကို သွားပြောပြီး ခေါ်ပါ ' ဆိုလို့ ရဲစခန်းကို သွားပြီး တိုင်ကြားခဲ့ပါတယ်။ တိုင်ကြားပြီး ပြန်လာတဲ့ အထိလဲ အာဏာပိုင်တွေ ရောက်မလာခဲ့ပါဘူး။ ကောင်မလေးတွေ တိုင်တန်းပြီး ပြန်လာလို့ နာရီဝက်လောက်မှာအိမ်ရှေ့က ဝိုင်းထားတဲ့ လူငယ်တွေဆီ နောက်ထပ် လူအချို့ ရောက်လာပြီး ဆူဆူညံညံ ဖြစ်လာခဲ့ပါတယ်။ဒါနဲ့ မဖြစ်ချေဘူး ဆိုပြီး ဥုးဇင်းဟာ အိမ်တံခါးကိုဖွင့်ပြီး ' သားတို့ မင်းတို့ဖြစ်တဲ့ပြဿနာဟာ ဒီလိုရှင်းလို့ မပြေလည်ဘူး။ အဲ့ဒါကြောင့် ခေါင်းအေးအေးထားပါ။ မနက်လင်းမှ ဥပဒေနဲ့ ဖြစ်ဖြစ်၊ လူကြီးတွေနဲ့ ဖြစ်ဖြစ် ခေါ်ရှင်းကြပါ ' လို့ ထွက်ပြီး မေတ္တာရပ်ခံ ခဲ့ပါတယ်။ ဥုးဇင်းက မေတ္တာရပ်ခံ နေစဉ်မှာပဲ လူအုပ်ထဲက တစ်ယောက်က လေးခွနဲ့ စ'ပစ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ဥုးဇင်းဟာ လက်တွေနဲ့ ကာရင်း ' မပစ်ပါနဲ့။ မနက်မှ ရှင်းပါ ' လို့ အော်ဟစ်နေခဲ့ပေမယ့် လေးခွတွေနဲ့ တရစပ် ပစ်ခတ်ခဲ့လို့ အိမ်ထဲကိုပဲ ဝင်ပြေးခဲ့ရပါတယ်။ သွေးအလူးလူးနဲ့ ဒဏ်ရာများကို ရေဆေးပြီး သုတ်သင်နေစဉ်မှာမှ ရဲတွေ ရောက်လာခဲ့ပါတယ်။ အဲ့ဒီ့အချိန်မှာတော့ အိမ်ကို လာဝိုင်းတဲ့ လူတွေဟာ လူစု ခွဲပြီးနေပါပြီ။ရဲစခန်းကို ရောက်ရှိပြီး စစ်ဆေးခဲ့ပေမယ့်ဥုးဇင်းရဲ့ ထွက်ချက်တွေကို စစ်ချက်ယူ မှတ်တမ်းတင်ခြင်း မရှိခဲ့သလို အမှုကိုလဲ ရှမ်းမိတ် စားသောက်ဆိုင် အနေနဲ့ပဲ ဖွင့်ခွင့် ပေးခဲ့ပါတယ်။ ဘုန်းကြီး ရဟန်းတွေနဲ့ အမှုဖွင့်ခြင်းဟာမသင့်တော်လို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ခံရတဲ့ ဥုးဇင်းကိုတော့ အမှုဖွင့်ပေးခဲ့ခြင်း မရှိပါဘူး။•ဒါဟာ ဖြစ်စဉ်အကျဉ်းပါ။ အဲ့ဒီ့ ဖြစ်စဉ်မှာ ဖုန်းဆက်စ ကတည်းက ဒါမှမဟုတ် ရဲစခန်းထိ သွားခေါ် ကတည်းက အာဏာပိုင်တွေ ရောက်လာမယ်ဆို ဒီလို ပြဿနာတွေ ပေါ်လာစရာ မရှိပါဘူး။ အဲ့ဒီ့လို မလိုက်လာခြင်းဟာဘယ်သူ့ရဲ့ တာဝန်ပျက်ကွက်မှုပါလဲ ခင်ဗျာ…ဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ ရဟန်းနဲ့ ရဲစခန်း၊ ရဟန်းနဲ့ တရားရုံးဟာ တွဲလို့မရတာလဲ သိသင့်သလောက် သိပါတယ်။ ဒါပေမယ့်ဗျာ ရဟန်းတော်တွေကိုဒီလို ပြုမူသွားတဲ့ အပြုအမူအတွက် အမှုလုပ်လို့ မရဘူး ဆိုလေတော့ ဘာသာခြားတွေက မူးလာတိုင်း ပျင်းလာတိုင်း ဘုန်းကြီးတွေပဲ လိုက်ရှာပြီးခေါင်းရိုက်ခွဲ နေကြတော့မပေါ့ဗျာ… ကြည့်ကျက်လဲ လုပ်ကြပါဦး။ ရဟန်းတစ်ပါး ဒီလိုမျိုး ခံရတာကို အာဏာပိုင်တွေ လျစ်လျူရှု မနေသင့်သလို သံဃာထု အနေနဲ့လဲ မမြင်ယောင် ဆောင်မနေကြပါနဲ့အရှင်ဘုရားတို့…နောက်ဆုံး ပြောချင်တာက ရှမ်းမိတ် စားသောက်ဆိုင်ဟာရှမ်းတိုင်းရင်းသား ဗုဒ္ဓဘာသာဝင်တွေ ဖြစ်နေပြီး လာဝိုင်းတဲ့ လူတွေကတော့ ကချင်တိုင်ရင်းသား ခရစ်ယာန် ဘာသာတွေပါတဲ့…အသေးစိတ် သိရှိချင်ရင်တော့ဥုးမုနိန္ဒ - 0947128683 ကို ဆက်သွယ် မေးမြန်းနိုင်ပါတယ် ခင်ဗျား…

No comments: