Monday, May 4, 2015

KIA အဖွဲ့မှ ဒေသခံတောင်သူလယ်သမားများနှင့် စပါးချွေလှေ့စက်ပိုင်ရှင် များအား ဆက်ကြေးငွေ ကောက်ခံ

KIA အဖွဲ့မှ ဒေသခံတောင်သူလယ်သမားများနှင့် စပါးချွေလှေ့စက်ပိုင်ရှင် များအား ဆက်ကြေးငွေ ကောက်ခံ

Monday, May 4, 2015 ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာများမှ လယ်သမားများနှင့် စပါးချွေလှေ့စက် ပိုင်ရှင်များအား KIA အဖွဲ့မှ ဆက်ကြေးငွေနှင့် ရိက္ခာများဆက်တိုက် ကောက်ခံလျက် ရှိကြောင်း ဒေသခံရွာသားများထံမှ သိရသည်။ ဖားကန့်မြို့နယ်၊ ကထန်ယန်ကျေးရွာသို့ မေလ ၁ ရက်နေ့တွင် KIA အဖွဲ့ရောက်ရှိလာပြီး စပါးချွေလှေ့စက် အသုံးပြုသူများအား တစ်ဦးလျှင် ၂၀၀၀၀ ကျပ်နှုန်းဖြင့် ကောက်ခံထားကြောင်း စပါးချွေလှေ့စက် ပိုင်ရှင်တစ်ဦးမှ ပြောသည်။ ထို့အပြင် ဒေသခံကျေးရွာများမှ လယ် ၁ ဧက ပိုင်ရှင် ၁ ဦးလျှင် ၇၀၀၀ ကျပ်၊ လယ်၁ ဧက အငှားလုပ်ကိုင်သူ ၁ ဦးလျှင် ၅၀၀၀ကျပ်၊ လယ် ၅ ဧက ပိုင်ရှင် ၁ ဦးလျှင် ဆန် ၁ အိတ်နှင့် ၂၀၀၀၀ ကျပ်၊ လယ် ၁၀ ဧက ပိုင်ရှင် ၁ ဦးလျှင် ဆန် ၂ အိတ်နှင့် ၃၀၀၀၀ ကျပ်၊ စပါးတိုက်သည့် လှည်း ၁ စီးလျှင် ၁ ရာသီစာ အတွက် ၅၀၀၀ ကျပ်နှုန်းဖြင့် ပေးသွင်းရန် ကောက်ခံ ခဲ့ကြောင့် ဒေသ ခံရွာသား တစ်ဦးကပြောသည်။ KIA အဖွဲ့အနေဖြင့် ယခုလို နွေစပါးပေါ်ချိန်တွင် ဒေသခံတောင်သူ လယ်သမားများနှင့် စပါးချွေလှေ့စက် အသုံးပြုသူတွေကို ဆက်ကြေးကောက်၊ ရိက္ခာစုဆောင်းမှုများပြုလုပ်နေခြင်းမှာ ဒေသခံ တိုင်းရင်းသားများအား စားဝတ်နေရေးကြပ်တည်းမှုများ ဖြစ်ပေါ်စေကြောင်းနှင့် ငြိမ်းချမ်းရေး မလိုလားသော အရိပ်အယောင်များကို တွေ့ရှိနေ ရကြောင်း မြစ်ကြီးနားမြို့ခံပြည်သူတစ်ဦးက ပြောကြားခဲ့ပါသည်။ ဆက်ကြေးကောက်ခံခြင်းများအပြင် ကျေးရွာများအနီးတွင် မိုင်းထောင်ဖောက်ခွဲခြင်းများ ပြုလုပ်လျက် ရှိခြင်း ကြောင့် ဒေသခံ များအနေဖြင့် ရွာအပြင် မထွက်ရဲသောကြောင့် စီးပွားရေးမလုပ်နိုင်တော့ပဲ စားဝတ်နေရေး ဒုက္ခရောက်နေကြကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးမှလည်း ပြောပြပါသည်။ စိုင်းခွန်စစ် Kachin Daily News 

No comments: