Monday, May 4, 2015

ဖားကန့်တွင် ပေ ၃၀၀ပတ်လည်ရှိ ရေကန်ပြိုကျရာ တစ်ဦးသေဆုံး

ဖားကန့်တွင် ပေ ၃၀၀ပတ်လည်ရှိ ရေကန်ပြိုကျရာ တစ်ဦးသေဆုံး


Monday, May 4, 2015 ဖားကန့်ရှိကျောက်စိမ်း တူးဖော်ရေးလုပ်ကွက်တစ်ခုအ တွင်း ပေ ၃၀၀ပတ်လည် ခန့်ရှိရေ လှောင်ကန်တစ်ခုပြိုကျကာ လူ တစ်ဦးသေဆုံး၍ ယာဉ်လေးစီး ပျက်စီးခဲ့ကြောင်း သတင်းရရှိ သည်။ ဖားကန့်မြို့ ဆိတ်မူအုပ်စု နမ့်မှော်ကျေးရွာရှိ ကျောက်စိမ်း ကုမ္ပဏီတစ်ခုပိုင် လုပ်ကွက်အတွင်း မေလ၂ရက် နေ့လယ်က ရေလှောင်ကန်ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း ဖားကန့်မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။ ‘‘ကုန်းမြင့်ပေါ်က ချောက်က ရေလှောင်ကန်လိုဖြစ်နေတာ။ပေ ၃၀၀ ပတ်လည်လောက်ရှိတယ်။ အထဲမှာတော့ ရေမဟုတ်ဘဲ နွံတွေချည်းပဲ။ နံရံပွင့်ပြီး နွံတွေကျတာ။ ထုက ၁၅ပေလောက်နဲ့ အကျယ်က ပေ ၅၀လောက်နွံတွေ ဖုံးသွားတယ်’’ဟု အဆိုပါရဲအရာရှိကပြောသည်။ နွံများလိမ့်ဆင်းလာ၍ ကုမ္ပ ဏီဝန်ထမ်းအမျိုးသားတစ်ဦး က မြေတူးယာဉ်တစ်စီးအနီး အကာ အကွယ်ယူနေစဉ်လူရော ကားပါ နွံများဖုံးလွှမ်းသွားကြောင်း ဖား ကန့်မြို့နယ်ဒေသခံတစ်ဦး က ပြောသည်။ ရေလောင်ကန် ပြိုကျပြီး နောက် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ဆောင်ခဲ့ ကာ မေ ၃ရက်တွင် သေဆုံးသူ၏ ရုပ်အလောင်းနှင့် မြေတူးယာဉ်နှ စ်စီးပြန်လည်ဆယ်ယူနိုင်ကြောင်း ဖားကန့်မြို့မရဲစခန်းမှ သတင်းရရှိသည်။ Kachin Daily News 

No comments: