Friday, May 1, 2015

ရှမ်းအမျိုးသားတစ်ဦး KIA ထောင်ထားသောမိုင်း နင်းမိသော် လည်း ကေအိုင်အေ မှခြိမ်းခြောက်ထား သောကြောင့် ရှမ်းရေးရာ အဖွဲ့များမှ ဆေးဝါးကုသပေးနေရ

ရှမ်းအမျိုးသားတစ်ဦး KIA ထောင်ထားသောမိုင်း နင်းမိသော် လည်း ကေအိုင်အေ မှခြိမ်းခြောက်ထား သောကြောင့် ရှမ်းရေးရာ အဖွဲ့များမှ ဆေးဝါးကုသပေးနေရ

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့၊ တောပင်လုံကျေးရွာနေ ဦးမိုးသိန်း(၃၃)နှစ်နှင့် ဦးအောင်မြိုင် တို့သည် ၎င်းတို့ရွာ၏ အနောက်တောင်ဘက် (၂)မိုင်ခန့်အကွာ နန့်မတောင်ချောင်းတွင် တောင် ယာလုပ်ကိုင်နေစဉ် ဦးမိုးသိန်းသည်KIA ထောင်ထားသော မိုင်းနင်းမိသောကြောင့် အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဦးအောင်မြိုင်မှာ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း အဆိုပါရွာသားများထံမှ သိရှိရပါ သည်။ဖြစ်စဉ်မှာ ၂၀၁၅ ခုနှစ် အေပြီလ (၂၂) ရက်နေ့ နံနက်(၇)နာရီခန့်က ဆင်ဘိုမြို့၊ တောပင် လုံကျေးရွာနေ ဦးမိုးသိန်း(၃၃)နှစ်(ဘ)ဦးဆက်ဖေ၊ ၁/မကန(နိုင်)၁၁၁၄၉၈၊ ရှမ်း၊ တောင်ယာ လုပ်ကိုင်သူ နှင့် ဦးမောင်မြိုင်(ဘ)ဦးတင်လှ မှတ်ပုံတင်မမှတ်မိ၊ ရှမ်း၊ တောင်ယာ လုပ်ကိုင်သူ နှစ်ဦးတို့သည် တောပင်လုံကျေးရွာ၏ အနောက်တောင်ဘက် (၂)မိုင်ခန့်အကွာ နန့်မတောင် ချောင်းတွင် တောင်ယာလုပ်ကိုင်နေစဉ် ဦးမိုးသိန်းမှာKIA ထောင်ထားသောမိုင်းတစ်လုံး နင်းမိ ပေါက်ကွဲ ခဲ့ပြီး ခြေဖ၀ါးပြတ်ဒဏ်ရာ၊ ၀ဲလက်မောင်းပြတ်ရှဒဏ်ရာများရရှိခဲ့ကာ ဦးအောင်မြိုင်မှာ ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း သိရှိရပြီး၊ အခင်းဖြစ်ပွား ရာနေ့က ကချင်သောင်းကျန်းသူ (KIA) အားကြောက်လန့်သဖြင့်မိုင်းနင်းခဲ့ခြင်းမဟုတ်ကြောင်း၊ သစ်ပင်ပိမိသဖြင့် ဒဏ်ရာရရှိခဲ့ခြင်း သာဖြစ် ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးအား ပြောဆိုခဲ့ပြီး KIA ကသိလျှင် မိုင်းဖိုးလာရောက် တောင်းရမ်း မည်ဆိုသောကြောင့် ၎င်းဒဏ်ရာအား ဆင်ဘိုမြို့မန်ကင်းကျေးရွာရှိ တိုင်းရင်းဆေးဆရာဖြင့် တိတ်တိတ်ပုန်း ဆေး ကုသမှု ခံယူခဲ့ရကြောင်းသိရှိရပါသည်။၎င်းနှင့် တောင်ယာအတူတူလုပ်ကိုင်သူတစ်ဦးက“ ကိုမိုးသိန်းတို့တော ထဲသွားပြီး ပြန်လာ တော့ မိုင်းထိလာတာလေ…သူကပြောတယ် “ မိုင်းထိတယ်လို့ပြောရင် ကေအိုင်အေက မိုင်းခွဲလို့ ဆိုပြီး မိုင်းကြေးလာတောင်းမှာစိုးတာရယ်… ရွာကသူတွေသိသွားရင် ကေအိုင်အေကို အကြည်အညိုပျက်အောင် လုပ်တယ်ပြောပြီးသတ်မှာစိုးတာရယ်” ကြောင့် ရွာကလူကြီးကို သစ်ပင်ပိတယ် ဆိုပြီး ပထမကပြောထားတာ… သူတို့အမျိုးတွေလည်း သိသွားရော မကျေနပ်ကြဘူးလေ…ဒါကြောင့် ရွာကိုရှမ်းရေးရာအဖွဲ့တွေလာပြီးကူညီနေကြတာ” ဟုပြောသည်။သိုသော် ၎င်းကိစ္စအား ရှမ်းရေးရာအဖွဲ့မှ သိရှိသွားပြီး ၎င်းတို့ရှမ်းလူမျိုးများ အား KIA တို့မှ အနိုင်ကျင့်ခံရမှုများ ခံစားနေရသောကြောင့် ၂၀၁၅ ခုနှစ် အေပြီလ (၂၈)ရက်နေ့ နံနက်(၁၁)နာရီ မိနစ် (၃၀)ခန့်တွင် ဆင်ဘိုမြို့ မြို့မိမြို့ဖများ၊ ရှမ်းရေးရာအဖွဲ့များ စုစုပေါင်းအင်အား(၃၀)ဦးခန့်မှ မိုင်းနင်းမိသူဦးဖိုးစိန်အား ထောက်ပံ့ရန်အတွက် အစည်းအဝေးပြုပြုလုပ်ခဲ့ပြီး ၂၀၁၅ ခုနှစ် အေပြီလ (၃၀)ရက် နေ့တွင် စုပေါင်းထောက်ပံ့ပေးသွား မည်ဖြစ်ကြောင်းနှင့် ရှမ်းရေးရာအဖွဲ့မှ လည်း မြစ်ကြီးနားမြို့ KIA (TAT)ရုံးရှိ ပဋိပက္ခဖြေရှင်းရေး အဖွဲ့များထံ ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

No comments: