Friday, February 26, 2016

ဆက်သွယ်ရေးအော်ပရေတာများ Broadband Wireless စနစ် ဝင်ရောက်လုပ်ကိုင်မည်ကို ပြည်တွင်းနည်းပညာကုမ္ပဏီများ စုပေါင်းကန့်ကွက်

ဆက်သွယ်ရေးအော်ပရေတာများ Broadband Wireless စနစ် ဝင်ရောက်လုပ်ကိုင်မည်ကို ပြည်တွင်းနည်းပညာကုမ္ပဏီများ စုပေါင်းကန့်ကွက်

ဆက်သွယ်ရေး ညွှန်ကြားမှုဦး စီးဌာနမှ လေလံစနစ်ဖြင့် ရောင်းချမည့် 2600 MHz Spectrum ကို ဆက်သွယ်ရေးအော်ပရေတာများ ဝင်ရောက်၍ ရယူသွားမည်ကို မလိုလားကြောင်း ပြည်တွင်းရှိ လိုင်စင်ရ ISP ကုမ္ပဏီများက စုပေါင်း ပြောကြားလိုက်သည်။

“သူတို့တွေက 2.1 ကိုလည်းရ ထားတယ်။ 1.8 Spectrum ကို လည်း ထပ်ရဖို့ရှိနေတယ်။ 2.6 ဆိုတဲ့ Spectrum ဆိုတာက အော် ပရေတာတွေအတွက် တန်ဖိုးမရှိ ဆုံး Spectrum တစ်ခုပါ။ သူတို့ တွေအနေနဲ့ နောက်ငါးနှစ်မှာ ISP တွေက Data သာမကဘဲ Voice ကိုပါ ၀င်ရောက်လုပ်ကိုင်လာမယ် လို့ စိုးရိမ်နေပုံရတယ်။ ကျွန်တော် တို့က Voice ကိုမလုပ်နိုင်ပါဘူး။ လုပ်ဖို့လည်း စိတ်ကူးမရှိကြပါ ဘူး” ဟု ISP ကုမဏီတစ်ခုမှ တာ ၀န်ရှိသူကပြောသည်။

ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာနသည် ၂၀၁၅ ခုနှစ်မှ စတင်၍ ဆက်သွယ်ရေးလိုင်စင်များကို ချထားပေးပြီး ယခုအခါ လိုင်စင် အရေအတွက် ၇၀ ကျော်ရှိသည့် အနက် လိုင်စင်အရေအတွက် ၂၀ ဝန်းကျင်သည် Wireless Broadband လုပ်ကိုင်နိုင်သည့် Spectrum ကို လေလံဝင်ရောက် ယှဉ်ပြိုင်နိုင်မည်ဟု သိရသည်။
“အော်ပရေတာတွေ ပါလာ ရင် Local အတွက် နေရာကျင်းသွားလိမ့်မယ်။ သူတို့ ဝင်ပြီးလေလံဆွဲမယ်ဆိုရင် ကျွန်တော်တို့က ဘေးဖယ်ပေးရုံပဲရှိတော့တယ်။ အခုဆိုရင် သတင်းတွေ ထွက်နေ တယ်။ သူတို့လည်းပါချင်တယ်။ နောက်ပြီး တစ်နှစ်လောက်နောက် ဆုတ်ပေးဖို့။ ပြီးတော့ MIC ကို တိုင်ထားတယ်ဆိုတာတွေကော ကြားနေရတယ်”ဟု ISP လိုင်စင် ရရှိထားသူတစ်ဦးပြောသည်။

Broadband Wireless အင်တာနက်စနစ်သည် မိုဘိုင်းအင် တာနက်စနစ်ထက် ကုန်ကျစရိတ် သက်သာသည့် အပြင် အမြန်နှုန်း အနေ ဖြင့်လည်း ပိုမိုကောင်းမွန် လာမည် ဖြစ်ကြောင်း၊ မှုလ ရည်ရွယ်ထားသည့် အတိုင်း Broadband Wireless စနစ်လုပ်ကိုင်နိုင်သည့် Spectrum ကို ပြည်တွင်း ISP များ အတွက် အနှောက်အယှက် ကင်းစွာ ရယူလိုကြောင်း ပြည်တွင်းရှိ ISP များက စုပေါင်းပြော ကြားခဲ့သည်။

Broadband Wireless ဝန်ဆောင်မှုပေးနိုင်သည့် Spectrum ကို အော်ပရေတာများဝင်ရောက် လုပ်ကိုင်ခြင်းမပြုရန် ပြည်တွင်း ISP ကုမဏီများဖြစ်ကြသည့် RedLink, Myanmar Network, Fortune, Sky IT နှင့် Elite ကုမဏီတို့က စုပေါင်းကန့်ကွက်ခဲ့ ခြင်းဖြစ်သည်။

No comments: