Tuesday, June 30, 2015

KIA မိုင်းကြောင့် ဒဏ်ရာရရှိသူ ခရီးသည်(၃)ဦး အနက်(၁)ဦးမှာ ဆေးရုံမရောက်ခင်သေဆုံး====================================

KIA မိုင်းကြောင့် ဒဏ်ရာရရှိသူ ခရီးသည်(၃)ဦး အနက်(၁)ဦးမှာ ဆေးရုံမရောက်ခင်သေဆုံး====================================

29, June, 2015 By Voice Of Kachin

ဇွန်လ ၂၉ ရက်နေ့ နေ့လည် ၂ နာရီခန့်မှာ KIA မိုင်းကြောင်း ဗင်ကားပေါ်မှ ဒဏ်ရာရရှိခဲ့သူ (၃)ဦးအနက် လည်မျိုအား မိုင်းစများ ဖောက်ဝင်သွားသူ ခရီးသည်(၁)ဦးသည် မိုးကောင်းဆေးရုံသို့ မရောက်မီ သေဆုံးသွားခဲ့ကြောင်း သတင်းရရှိပါသည်။ထိုသို့ KIA မိုင်းထောင်ခြင်းကြောင့် ယခုလို အဖြစ်ဆိုးမျိုးကို ခရီးသည်များ ခံစားခဲ့ကြရသည်မှာ အကြိမ်ပေါင်းများစွာ ရှိနေပြီဖြစ်ကြောင်း ယခုကဲ့သို့လုပ်ဆောင်ခြင်းသည် ပြည်သူလူထုအား ပစ်မှတ်ထားကာ ဓါးစာခံအဖြစ် အသုံးချနေရကြောင်း တင်ပြလိုက်ရပါသည်။

လူသားတံတိုင်းဖြင့် ကာရံထားသော KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့=====================================

လူသားတံတိုင်းဖြင့် ကာရံထားသော KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့=====================================29, June, 2015 By Voice Of Kachin

လိုင်ဇာမြို့တွင် စာသင်ကျောင်းများ၊ ဘော်ဒါဆောင်များ၊ ဆရာ/ဆရာမ နေအိမ်များ၊ ဆေးရုံ/ဆေးခန်းများ၊ ဈေးများ၊ ဒုက္ခသည်စခန်းများဖြင့် လူသားတံတိုင်းပမာ ကာရံလျှက် KIA ဌာနချုပ်ကို အလည်ဗဟိုတွင် ထားရှိပါသည်။အကြောင်းမှာ တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားပါက တပ်မတော်မှ လက်နက်ကြီးများ ပစ်ခွင့်မရအောင်နှင့် တပ်မတော်မှ လက်နက်ကြီးများပစ်ပါက ပြည်သူလူထုနှင့်ကာရံထား သောကြောင့် ထိမှန်ပါက တပ်မတော်အား အပုပ်ချရန် လူသားတံတိုင်းကို ရည်ရွယ်ချက် ကြီးမားစွာဖြင့်ကာရံထားကြောင်း သိရှိရပါသည်။ထိုသို့ကာရံထားခြင်း ခံရသော ပြည်သူလုထုအနေဖြင့် KIA မှ ကမ္ဘာမီးလောင်ပါက သားကောင်ချနင်းဆိုသည့် ပုံစံမျိုးဖြင့်ထားရှိခြင်းဖြစ်ကြောင်း မည်သူသေသေ မိမိတို့ KIA ဌာနချုပ် မကျစေရေးသဘောဖြင့် ထားရှိခြင်းဖြစ်ကြောင်းကို လူသားတံတိုင်းသဖွယ် ကာရံထားခြင်း ခံရသည့် လိုင်ဇာမြို့ရှိပြည်သူလူထုအားလုံး သိစေရန်အတွက် တင်ပြလိုက်ပါသည

KIA မှ အိမ်သုံးပစ္စည်းဆိုင်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေး ======================================

KIA မှ အိမ်သုံးပစ္စည်းဆိုင်အား လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေး
======================================
29, June, 2015 By Voice Of Kachin

၂၀၁၅ ဇွန် ၂၈ ရက်နေ့ နေ့လည် ၁၂ နာရီချိန်ခန့်တွင် ဖားကန့်မြို့ မော်ဝမ်းရပ်ကွက်၊ အုပ်စု (၆) ရှိ ဒေါ်ခင်မာရေး အိမ်သုံးပစ္စည်းဆိုင်အား KIA မှ အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးနင်းလာကာ ဆိုင်အတွင်းသို့ ဒေသန္တရလက်လုပ်မိုင်းတစ်လုံး ပစ်ပေါက်ထွက်ပြေးသွားကြောင်း သတင်းရရှိ ပါသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဆိုင်ရှေ့ရေမြောင်းအဖုံး ကွန်ကရစ်အခင်းပေါ်သို့ ကျရောက်ပေါက်ကွဲသွားပြီး ပလပ်စတစ်ထိုင်ခုံ(၁၁)လုံးနှင့် အခြားပစ္စည်းအနည်းငယ် ပျက်ဆီးသွားကြောင်း သိရှိရပါသည်။ KIA မှ ကုမ္ပဏီများ မီးရှို့သည်ကို ဒေသခံများလည်း ဖြစ်နိုင်သည်ဟု ပြောဆိုခဲ့ သော်လည်း ယခုလို အပြစ်မဲ့ပြည်သူများ၏ ဈေးဆိုင်များ၊ ဘောလုံးကွင်းများ၊ ကျောင်းများအား မိုင်းထောင်ဖောက်ခွဲခြင်းမှာ KIA တစ်ဖွဲ့တည်းသာရှိကြောင်း သိရှိရပါသည်။

ဖားကန့်ရွာသားများကို တိမ်းရှောင်ရန် အစိုးရတပ်မှ ခေါ်ယူသတိပေး

ဖားကန့်ရွာသားများကို တိမ်းရှောင်ရန် အစိုးရတပ်မှ ခေါ်ယူသတိပေး

29.6.2015

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ထဲမှာ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ အစိုးရတပ်ကြား ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီးတဲ့နောက် နှစ်ဘက်တပ်ကြားမှာရှိတဲ့ ရွာသားတွေကို ဒီကနေ့နောက်ဆုံးထား တိမ်းရှောင်သွားဖို့ အစိုးရတပ်က ခေါ်ယူသတိပေး ခဲ့ပါတယ်။

ဖားကန့်နဲ့ ကာမိုင်း ကြားက တံတားညီနောင်၊ ဂေါ်လူယန်၊ ခွန်ဇိုင်ဇွပ်၊ ဆိုင်းခါနဲ့ ကပ်မော် စတဲ့ ရွာ ၅ ရွာက ရွာသားတွေကို ရှောင်တိမ်းဖို့ နဲ့ ကေအိုင်အေ အဖွဲ့ဝင်တွေကိုလည်း ရွာထဲမှာ လက်ခံမထားဖို့ အစိုးရတပ်က ဇွန်လ ၂၈ ရက်နေ့ညက ခေါ်ပြောခဲ့တယ်လို့ ဆိုင်းခါကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်မိုင်က ဒီဗွီဘီကို ပြောပါတယ်။

“မနေ့ညက ခလရ ၄၂၁ တပ်ရင်းမှူးက ကျနော်တို့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေရော၊ သင်းအုပ်ဆရာတွေရော ပျားအုံရွာမှာ ခေါ်ပြောတယ်။ အဲဒီရွာမှာ အစိုးရတပ်က လက်နက်ကြီးတွေနဲ့လည်း ချိန်ထားတယ်။ ဒီနေ့နောက်ဆုံးထားပြီး ရှောင်သွားဖို့ပေါ့၊ တိုက်ပွဲဖြစ်နိုင်တယ်ပေါ့။ အဲဒါ ဒီနေ့မှာ တချို့က ကားလမ်းအတွင်းပိုင်းဘက်ကို ထွက်သွားပြီ၊ တချို့က ပစ္စည်းတွေ သိမ်းနေကြတယ်။ ကျနော်လည်း ကျနော့်မိသားစုဝင်တွေရော ကျနော့်ရွာသားတွေရော ဘယ်ကိုခေါ်ထုတ်မလဲလို့ သင်းအုပ်ဆရာတွေနဲ့ တိုင်ပင်နေတယ်။ ဒီမှာ တောင်ယာလုပ်ချိန်၊ လယ်လုပ်ချိန်ဆိုတော့ အလုပ်တွေပစ်ထားရမှာ တအားဒုက္ခရောက်တယ်။ ကလေးတွေ ဘာတွေနဲ့။”

ဖားကန့်နဲ့ ၁၇ မိုင်လောက်ဝေးတဲ့ အဲဒီရွာတွေမှာ တောင်ဘက်မှာ အစိုးရတပ် နဲ့ မြောက်ဘက်က ကေအိုင်အေတပ်တွေ နေရာယူထားတာကြောင့် တိုက်ပွဲဖြစ်ရင် စစ်မြေပြင်လို ဖြစ်သွားမှာဖြစ်ပြီး ရွာ ၅ ရွာက လူတွေ ရာနဲ့ချီ ထွက်ပြေးရမယ်လို့ သူကဆက်ပြောပါတယ်။

ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၆ က တပ်ရင်းမှူး ဗိုလ်မှူးလဖိုင်တန်ဆန်းကလည်း နယ်မြေထဲမှာ အစိုးရတပ်က ဗျူဟာမှူးကိုယ်တိုင် ကြပ်မတ်ကွပ်ကဲပြီး အင်အားဖြည့်လာတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ဖားကန့် ကာမိုင်းကြား လ၀ါးလမ်းခွဲနားမှာ အစိုးရတပ် လာချထားတယ်။ ဗျူဟာမှူးကိုယ်တိုင် ကွပ်ကဲတယ်လို့ ကြားတယ်။ ပြီးတော့ ပျားအုံရွာထဲမှာလည်း အစိုးရတပ်ရင်းတခု ရောက်လာတယ်။ အကုန်လုံး ၃၀၀ လောက်ရှိမယ်။ ကျနော်တို့ဘက်လည်း သတိအနေအထားပေါ့။ ဒီ စနေ၊ တနင်္ဂနွေ ၂ ရက်တော့ တိုက်ပွဲမရှိပါဘူး။ သောကြာနေ့ကတော့ မြစ်ကြီးနား နမ္မတီးဘက် ကေအိုင်အေ တပ်ရင်း ၁၁ ဘက်မှာရော၊ တပ်ရင်း ၁ တပ်မဟာ ၇ ဆွမ်ပရာဘွမ်ဘက်မှာ ပစ်ကြတယ်လို့ ကြားတယ်။ အသေးစိတ်တော့ မသိရသေးဘူး။”

ဖားကန့်ဒေသမှာ ကေအိုင်အေ တပ်မဟာ ၂ တပ်ရင်း ၆ နဲ့ အစိုးရတပ်ကြား ဒီလ ၁၅ ရက်နေ့ကစ ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားနေပြီး လက်နက်ကြီးတွေပါ အသုံးပြုတဲ့အတွက် ဆွတ်ငိုင်၊ ဆိုင်းဂျာ၊ အောင်လန်း စတဲ့ရွာက ရွာသားပေါင်း ၁၀၀ ကျော် ကေအိုင်အေတပ်ရင်း ၆ ဘက် ထွက်ပြေးလာခဲ့ပါသေးတယ်။

တပ်မတော်ထုတ် မြ၀တီသတင်းမှာတော့ ရှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ဇွန်လ ၂၈ ရက်နေ့ မနက်က ကေအိုင်အေတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ အကြောင်းမဲ့ပစ်ခတ်ခဲ့တဲ့အတွက် ထမင်းဆိုင်က မိန်းကလေးတဦး လက်နက်ထိမှန် ဒဏ်ရာရပြီး မော်တော်ကားနဲ့ အုတ်တံတိုင်းတွေ ပျက်စီးသွားတယ်လို့ ဖော်ပြပါတယ်။

ကေအိုင်အေဘက်ကတော့ အဲဒီဘက်မှာ တခြားလက်နက်ကိုင်အဖွဲ့တွေပါ ရှိနေပြီး အထောက်အထားမရှိဘဲ သူတို့အဖွဲ့ကို မစွပ်စွဲသင့်ဘူးလို့ ဒီဗွီဘီကို ပြောသွားပါတယ်။

လတ်တလော ထိတွေ့ပစ်ခတ်မှုတွေ ပြန်ဖြစ်နေတာနဲ့ ပတ်သက်ပြီး ကေအိုင်အို ပဋိပက္ခညှိနှိုင်းရေး ကော်မတီက အစိုးရဘက်က ပဋိပက္ခညှိနှိုင်းရေး ကော်မတီဘက်ကို ပြီးခဲ့တဲ့အပတ်ကအကြောင်းကြားထားပေမယ့် အကြောင်းပြန်ကြားချက် မရသေးကြောင်း၊ လွန်ခဲ့တဲ့ ၂ လကလည်း ဖားကန့်ဒေသ တိုက်ပွဲဖြစ်ရာနေရာကို ကွင်းဆင်းစစ်ဆေးဖို့ ကိစ္စမှာ အစိုးရဘက်က အဆင်မသင့်သေးတဲ့အတွက် နှစ်ဘက် ပူးတွဲပဋိပက္ခညှိနှိုင်းဖြေရှင်းရေး ကော်မတီဖွဲ့ထားပြီး အရာမရောက်ဘူးလို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန့်အောင်က ဒီဗွီဘီကို ပြောပါတယ်။

DVB

ဖားကန့်တွင် စစ်ရေးတင်းမာ

ဖားကန့်ဒေသတွင် မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတို့ ကြား စစ်ရေးတင်းမာနေပြီး ကျေးရွာအချို့ရှိ ဒေသခံများအား ကြိုတင် တိမ်းရှောင်ရန် ပြောကြားထားကြောင်း သတင်းရရှိသည်။ တိုက်ပွဲ ပြန်လည်ဖြစ်ပွား လာနိုင်သည့်အတွက် ဖားကန့်နှင့် ကာမိုင်းကြားရှိ ကပ်မှော်၊ ဆိုင်းခါ အပါအ၀င် ကျေးရွာအချို့မှ ဒေသခံများ တိမ်းရှောင်ကြရန် တပ်မတော်ဘက်က ဇွန်လ ၂၈ ရက် တွင် ခေါ်ယူပြောဆိုခဲ့သည်ဟု ရွှေ့ ပြောင်းရန် ပြောဆိုခြင်းခံခဲ့ရသည့်ကျေးရွာတစ်ရွာမှ သင်းအုပ်ဆရာ တစ်ဦးက ပြောသည်။ မြစ်ကြီးနားအခြေစိုက် ငြိမ်း ချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG) မှ ဦးလမိုင်ဂွန်ဂျာက ‘‘ဗျူ ဟာမှူးက ခေါ်ပြောခဲ့တယ်လို့ ကျွန်တော်တို့လည်း ကြားနေပါ တယ်’’ဟု 7Day Daily အား ပြောသည်။ အဆိုပါ ကျေးရွာများသည် အသင့်နေရာယူထားသော မြန်မာ့တပ်မတော်နှင့် ကေအိုင်အေတပ် ရင်း (၆) တို့ကြား တည်ရှိနေကြောင်း ဒေသတွင်း သတင်းရင်း မြစ်များက ဆိုသည်။ ဖားကန့်နှင့် ကာမိုင်းဒေသကြားတွင် ယခုရက်ပိုင်းအတွင်း အစိုးရဘက်မှ စစ်အင်အားတိုးချဲ့လာကြောင်း ကေအိုင်အေအရာရှိတစ်ဦးက ပြောသည်။ မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်နှင့် နီးစပ်သည့် ကချင်ပြည် နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကမူ ယင်းသတင်းများနှင့် ပတ်သက်၍ ငြင်းဆိုသည်။ ‘‘တပ်က ရှေ့တန်းနဲ့ နောက် တန်းပြန်ချိန်းတာမျိုးပါ။ လှုပ်ရှား မှုတွေရှိတော့ နားလည်မှုလွဲပြီး ထိတွေ့တာတွေတော့ ရှိပါတယ်’’ ဟု ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူက ပြောသည်။ ရွှေ့ပြောင်းရန် စေခိုင်းခြင်း ခံခဲ့ရမှုနှင့် ပတ်သက်၍ ၎င်းက ‘‘ဟိုလိုထွက်ပြေးတာတော့ မဟုတ်ပါ ဘူး။ ကြောက်လန့်နေကြတဲ့ သ ဘောပါပဲ’’ဟု 7Day Daily ၏ မေးမြန်းမှုကို ဖြေကြားသည်။ ထို့အပြင် ကေအိုင်အေဘက်မှ ဆက်ကြေးကောက်ယူမှုများကြောင့်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တိုက်ပွဲအချို့ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၎င်းက ဆိုသည်။ ပြီးခဲ့သည့် ဇွန်လလယ်က ဖားကန့်ဒေသတွင် မြန်မာ့ တပ်မတော်နှင့် ကေအိုင်အေ တပ်မဟာ (၂) လက်အောက်ခံတပ်ရင်း (၆) တို့ကြား တိုက်ပွဲများ ဖြစ်ပွားခဲ့မှုကြောင့် ပြည်သူရာဂဏန်း တိမ်းရှောင်ခဲ့ရသည်။

Monday, June 29, 2015

ဖားကန့် နယ်မြေKIA သောင်းကျန်းသူတပ်မဟာ ၂ ရင်း ၆ အားတပ်မတော် မှ အပြုတ်တိုက်တော့မည်ဟုယူဆရ


ဖားကန့် နယ်မြေKIA သောင်းကျန်းသူတပ်မဟာ ၂ ရင်း ၆ အားတပ်မတော် မှ အပြုတ်တိုက်တော့မည်ဟုယူဆရ

ဇူလိုင် ၂၉

KIA ရဲ့အဖျက်လုပ်ရပ် များ များပြားလာပြီး ပြည်သူ
လူထုထိခိုက်မှု လည်း နေ့စဉ်နှင့်အမျှ များပြား
လာတဲ့ KIA သောင်းကျန်းသူတပ်မဟာ ၂ ရင်း ၆ 
ကို အပြုတ်တိုက် တော့မှာ ဖြစ်တဲ့ အတွက် 
kIA အဖွဲ့ခိုလှုံ အကာအကွယ်ယူထား တဲ့
တံတားညီနောင် ဂေါ်လူယန် ခွန်ဇိုင်းဇွပ် ကပ်မော်
ရွာ ၅ ရွာ မှ ရွာ သား များကို ဘေးလွတ်ရာသို့
ရွှေ့ပြောင်း ရန် တပ်မတော် မှ ပြောကြားကြောင်း
ကပ်မော် ရွာသား တစ်ဦး ထံမှ သိရပါတယ်။

"ရွာသားတွေကို တိုက်ပွဲများအေးချမ်ချိန်မှပြန်
လာ ဖို့ ပြောတာ ပါ"ကျနော်တို့ ဒီနေ့ပဲ ရှောင်ပါ
တယ် Kia က တော့ မသွားနဲ့လို့တားဆီးတာ
တွေရှိပါတယ်"

၂၈ရက်နေ့KIA က ရှမ်းမြောက် ၁၀၅ မိုင်ပစ်ခတ်မှု လုပ်ရပ်ကို အခြားအဖွဲ့တွေ အပေါ် လွှဲ ချ လိုက်ပါတယ်။ ဒါပေမဲ့ KIA လုပ်ရပ် ဆိုတာ
ဒေသခံတွေ နဲ့ တပ်မတော်က သိပါတယ်။
အဲ့ဒေသ မှာ ရှမ်းလက်နက်ကိုင် တွေ ရှိပေမဲ့
ရှမ်း လူမျိုးတွေကို ဘယ်တော့ မှ ပြန်မသတ်ဘူး
လို့ဆိုပါတယ် ။KIA ကချင်မို့လို့ ရှမ်းလူမျိုးတွေနေ
တဲ့နေရာကို ပစ်ခတ် သတ်ဖြတ်တာ ဖြစ်တယ်
လို့ ဒေ သခံ ရှမ်း လူမျိုး မျာက ပြောဆိုပါတယ်။

KIA ရဲ့လုပ်ရပ် တွေကြောင့် ငြိမ်းချမ်းရေးလည်း
ဘယ်တော့မှရ မှာ မဟုတ်တဲ့ အကြောင်း
ဒေသခံ တွေက ပြော ဆိုပါတယ် ။

ဖားကန့်ဒေသ ရွာမြောက်ဘက်မှာ တပ်မတော် ရောက်နေပေမဲ့KIA က ရွာထဲကထွက်ပြီး မိုးကောင်း ဖားကန့်လမ်းပေါ်ထွက်ပြီး ကားတွေကိုဆပ်ကြေးကောက်
ပါတယ် ။ တပ်မတော်က မြင်နေ ပေမဲ့ ရွာသား
တွေ ကို ထောက်ထား ပြီး ပစ်ခတ်တားစီးတာ
မလုပ်ဘူးလို့ဆိုပါတယ်။

ကားသမား အချို့က တော့ စစ်တပ်ရှိရဲ့နဲ့ဆပ်ကြေး
ကောက်ခံရ တာ မကျေနပ် ဘူးလို့ ဆိုပါတယ်။
သောကြာ စနေနေ့ တနင်္ဂနွေ ပစ်ခတ်မှုတွေမလုပ်
ပဲ ရွာလူကြီးတွေကို ခေါ်ယူ သတိပေးတာလို့
သိရပါတယ်။

KIA မိုင်းထောင်မှုကြောင့် ဖားကန့်-မြစ်ကြီးနားသွား ခရီးသည်တင်ယာဉ်နှင့် ယာဉ်ပေါ်ပါ ခရီးသည် (၃)ဦး ဒဏ်ရာအပြင်းအထန်ရရှိ=======================================

KIA မိုင်းထောင်မှုကြောင့် ဖားကန့်-မြစ်ကြီးနားသွား ခရီးသည်တင်ယာဉ်နှင့် ယာဉ်ပေါ်ပါ ခရီးသည် (၃)ဦး ဒဏ်ရာအပြင်းအထန်ရရှိ=======================================

၂၀၁၅ ဇွန်လ ၂၉ ရက်နေ့ နေ့လည် ၂ နာရီခန့်တွင် ခွန်ဆိုင်ဇွပ်ကျေးရွာရှိ ကွန်ကရစ် တံတားနေရာအနီး KIA ထောင်ထားသော မိုင်းတစ်လုံး ပေါက်ကွဲခဲ့သဖြင့် ဖားကန့်-မြစ်ကြီးနားသွား ခရီးသည်တင်ယာဉ် ဗင်ကားတစ်စီး ထိမှန်ကာ ဗင်ကားပေါ်ရှိ ခရီးသည်(၃)ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။ထိုပေါက်ကွဲအားပြင်းမှုကြောင့် ဗင်ကားမှာ မိုင်းစများနေရာအနှံ့ထိမှန်ကာ ကားအတွင်းရှိ ခရီးသည်(၃)ဦးကို မိုင်းစများစွာထိမှန်ခဲ့ကြောင်းသိရှိရသည်။ ၎င်း ခရီးသည်များကို တပ်မတော်မှ မိုးကောင်း ဆေးရုံသို့ ပို့ဆောင်ပေးလျှက်ရှိကြောင်း ခရီးသည်(၁)ဦးမှာ လည်မျိုအား ဖောက်ဝင် သွားသောကြောင့် အသက်အန္တရယ်စိုးရိမ်ရကြောင်း သိရှိရပါသည်။

KIA ရင်း(၂၆)မှ အကြွေးမပေးဟုဆိုကာ အသက်(၂၀)ကျော်အရွယ် မောင်နှမ(၂)ယောက်အား ဖမ်းဆီးခေါ်ဆောင်===

KIA ရင်း(၂၆)မှ အကြွေးမပေးဟုဆိုကာ အသက်(၂၀)ကျော်အရွယ် မောင်နှမ(၂)ယောက်အား ဖမ်းဆီးခေါ်ဆောင်=====================================

28, June, 2015 By Voice Of Kachinမိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာ၊နမ္မချီမှော်၌ ကျောက်လုပ်ငန်းလုပ်ကိုင်နေသော လုပ်ငန်းရှင် ဦးကျော်ဝင်းထံမှ KIA နှင့် ပက်သက်သူတစ်ဦးကအကြွေးရစရာရှိသည်ဟုဆိုကာ တိုင်ကြားသဖြင့်ဦးကျော်ဝင်း၏ သားဖြစ်သူ(၂၁)နှစ် နောနော်၊ သမီးဖြစ်သူ(၂၃)နှစ် မခေါန်စိန် တို့အား KIA ရင်း(၂၆)မှ လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရှိရပါသည်။ထို့နောက်ဦးကျော်ဝင်းမှာ ကျပ်သိန်း(၅၀၀)နှင့် ၎င်းပိုင်ဆိုင်သော ကားတစ်စီးကိုပါ ပေးဆောင်ကာ ပြန်လည်ရွေးယူခဲ့ရကြောင်း သိရှိရပါသည်။ နမ္မချီမှော်၏ အနောက်ဘက်တွင် ရင်း(၂၆)ရှိပြီးမကြာခဏ မှော်အတွင်းသို့လာရောက်ကာ ဆက်ကြေးကောက်ခြင်း မရပါက ဖမ်းဆီးခေါ်ဆောင်သွားကာ ငွေဖြင့် လာရွေးခိုင်းခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံများမှ တစ်ဆင့် သိရှိရပါသည်။

ကေအိုင်အေမှ နည်းပညာသစ်ဖြင့်မိုင်းများစတင်အသုံးပြုလာ=======================================

ကေအိုင်အေမှ နည်းပညာသစ်ဖြင့်မိုင်းများစတင်အသုံးပြုလာ=======================================

ဖားကန့်မြို့နယ်၊ မြို့မရပ်ကွက်ရှိ ဒေသအခေါ် ကြက်တစ်ကောင် တောင်ကုန်းသို့ တတ် ရောက်သည့် ကားလမ်းဘေးအနီး အထုပ်တစ်ထုပ်အတွင်း ၀ါယာကြိုးစများ ထွက်ပေါ်နေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးချက်အရ နယ်မြေခံတပ်ရင်းမှ သွားရောက်ရှင်းလင်းရာ ၄င်းမိုင်း သည် နည်းပညာသစ်ဖြင့်ပြုလုပ်ထားသည့်အတွက် ဖေါက်ခွဲဖျက်ဆီးလိုက်ကြောင်း သိရှိရပါသည်။အဆိုပါမိုင်းသည်ယခင်ကေအိုင်အေအဖွဲ့များ မိုင်းထောင်ရာတွင် အသုံးပြုသည့် ရီမုစနစ် မဟုတ်ဘဲ၊ လျှပ်စီးပတ်လမ်းစနစ်ကို အသုံးပြုကာ ထောင်ထားသည့်အတွက် ၄င်းမိုင်းကို တွေ့ရှိသည့်အခါ ၀ါးလုံးဖြင့် ထိုးခြင်း၊ ချိတ်ဖြင့် ချိတ်ဆွဲ၍ ဖျက်ဆီးခြင်းနှင့် ၀ါယာကြိုးများအား ဖြတ်တောက်ခြင်း ပြုလုပ်ပါက ပေါက်ကွဲစေတတ်သော မိုင်းမျိုးဖြစ်ကြောင်း တပ်မတော်သား များနှင့် ဒေသခံပြည်သူပြည်သားများ သိရှိအောင် တင်ပြလိုက်ရပါသည်။ပုံ။ KIA စစ်မြေပြင်မိုင်းသင်တန်းနည်းပြမ

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အား KIA'မှ ပစ်ခတ်ကြောင်း ထပ်မံအတည်ပြုသတင်းရရှိ

၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အား KIA'မှ
ပစ်ခတ်ကြောင်း ထပ်မံအတည်ပြုသတင်းရရှိ

ဇွန် ၂၉

မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို
KIA'မှ ၇၅မမ နောက်ပွင့် လက်နက်ကြီး ဖြင့်
ပစ်ခတ်ခဲ့တဲ့ အတည်ပြုသတင်း ထပ်မံရရှိပါ
တယ်။

စစ်ဘက်နဲ့မဆိုင်တဲ့ ပစ်မှတ်တွေကို တိုက်ခိုက်
ခြင်း မပြုရန် ရှမ်းလူမျိုးများမှ အကြိမ်ကြိမ်တောင်း
ဆို ထားခဲ့သော်လည်း ပြည်သူလူထုအား
ထပ်မံ တိုက်ခိုက် ခဲ့တာဖြစ်ပါတယ်။

ယခုလအတွင်း စစ်ဘက်ပစ်မှတ်မဟုတ်သော ဖားကန့်ဒေသ ရဲကင်း များနဲ့ ကုမဏ္ဍီ များကို
ဖောက်ခွဲဖျက်စီးခြင်း ပြည်သူလူထု လမ်းပန်း
ဆက်သွယ် ရေး ခတ်ခဲစေရန် ဖောင်းဆိုင်တံတား
အား ဖောက်ခွဲဖျက်စီးခြင်းများပြု လုပ်ခဲ့ပြီး
ယခု ထပ်မံ ၍ ပြည်သူလူထုအား တိုက်ခိုက်ခြင်း
ဖြစ် ပါတယ်။ လက်နက်ကြီး ထိမှန်သည့်နေရာ
များကို ရေး သား တင်ပြခြင်း မပြုတော့ပါဘူး။
ပုံ ဖြင့် တင် ပြ ပေးပါမည်။

ဖားကန့်တွင် မြေစာပုံပြိုကျ၍ရေမဆေးကျောက် ရှာဖွေသူ လေးဦးသေဆုံ

ဖားကန့်တွင် မြေစာပုံပြိုကျ၍ရေမဆေးကျောက် ရှာဖွေသူ လေးဦးသေဆုံး

27.6.2015ဖားကန့်မြို့နယ်အတွင်း ရှိ ရတနာရောင်ခြည်ကုမ္ပဏီလုပ် ကွက်မှ စွန့်ပစ်မြေစာပုံ ဇွန်လ ၂၆ ရက်နံနက်ကပြိုကျ၍ ရေမဆေး ကျောက်ရှာဖွေသူလေးဦးသေဆုံး ကာ ခြောက်ဦး ဒဏ်ရာရရှိခဲ့သည်။ငိုးပင်းကျေးရွာရှိ ရတနာ ရောင်ခြည် ကုမ္ပဏီလုပ်ကွက် အတွင်း စွန့်ပစ်မြေစာပုံ ပြိုကျခဲ့ ခြင်းဖြစ်ကာအမျိုးသားလေးဦးသေ ဆုံးသည်ဟု အတည်ပြုထားနိုင်ကြောင်းလုံးခင်းနယ်မြေရဲစခန်မှူး ရဲအုပ်တင်ကိုကိုက ပြောသည်။‘‘လူလေးယောက်သေပြီး ခြောက်ယောက် ဒဏ်ရာရတာ တော့ အတည်ပြုထားနိုင်ပါတယ်။ ပျောက်နေတဲ့သူတွေ အတိအကျ မသိသေးဘူး။ ပြန်ရှာဖို့စီစဉ်နေ တယ်’’ဟု ရဲအုပ်တင်ကိုကိုကပြော သည်။ဒေသခံအချို့ကမူ မြေပြိုကျ မှုအတွင်းပျောက်ဆုံးနေသူ ၂၀ ဦး ခန့်ရှိနိုင်ကြောင်း ပြောသည်။‘‘လူပဲဝင်ပြီးသွားရှာရင်လည်း ကျင်းကပြန်ပြိုလာတော့ ရှာဖို့ ခက်နေကြတယ်။ ဘက်ဟိုးတွေ လည်းဝင်လို့မရဘူး’’ဟု ကလော မှော်ဒေသခံတစ်ဦးကဆိုသည်။ရဲအုပ်တင်ကိုကိုကမူပျောက် ဆုံးနေသူရှိ၊မရှိ လောလောဆယ် အတည်မပြုနိုင်ကြောင်း ပြော သည်။ဖားကန့်ဒေသတွင် ကျောက် ရှာဖွေရေးကုမ္ပဏီလုပ်ကွက်များ ၌ ကျင်းပြိုကျသဖြင့်လူသေဆုံးမှု များ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။ဖားကန့်မြို့နယ်ပတ်ဝန်းကျင် တွင် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီနှစ်ရာခန့်မှ လုပ်ကွက် ပေါင်း ထောင်ချီရှိနေပြီး စွန့်ပစ် မြေစာပုံပြိုကျမှုကြောင့် လူသေ ဆုံးမှုလည်း မကြာခဏ ဖြစ်ပွားပြီး ယခုနှစ် ဇန်နဝါရီမှ ဇွန်လအထိ လစဉ် နှစ်ကြိမ်မှ သုံးကြိမ်အထိ စွန့်ပစ်မြေစာပုံပြိုကျကာ သေဆုံး သူ ၆၀ ခန့်နှင့် ဒဏ်ရာရသူ ၃၀ ခန့် ရှိကြောင်း ကချင်ပြည်နယ်ရဲ တပ်ဖွဲ့မှ သတင်းရရှိသည်။7Day Daily

ဆွမ်ပရာဘွမ် ဒေသ တိုက်ပွဲ၌ မြန်မာတပ် မှ ဒုရင်းမှူး (၁)ဦးကျ===

ဆွမ်ပရာဘွမ် ဒေသ တိုက်ပွဲ၌ မြန်မာတပ် မှ ဒုရင်းမှူး (၁)ဦးကျ=======================================

ကချင် ပြည်နယ် အနောက်ဘက်ခြမ်းရှိ ကေအိုင်အေ တပ်မဟာ(၁)ဒေသ ဆွမ်ပရာဘွမ် နှင့် (၁၂) မိုင်အကွာ ရှိ ကေအိုင်အေ ထိန်းချုပ်နယ်မြေ Mali yang ကျေးရွာ အနီးရှိ ကေအိုင်အေ ရှေ့တန်း လုံခြုံ ရေးတပ်စခန်း တခုအား (၂၆.၆.၂၀၁၅) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန် ခန့် ၌ မြန်မာ စစ်တပ် (ခ.မ.ရ-၁၃၈)တပ် မှ လာရောက်ထိုးစစ်ဆင် ကျူးကျော်တိုက် ခိုက်ခြင်း ကြောင့် ကေအိုင်အေ တပ်မဟာ(၁) လက်အောက်ခံ တပ် များ နှင့် မြန်မာ စစ်တပ်တို့ အကြား တိုက်ပွဲအပြင်း အထန် ဖြစ်ပွား ခဲ့ ကြကြောင်း သတင်းရရှိပါသည်။ဤ တိုက်ပွဲ တွင် မြန်မာ စစ်တပ်ဘက်မှ အရာရှိ ဒုတပ်ရင်းမူး (၁)နှင့် အတူ အခြားသော စစ်သား (၄)ဦး ကျဆုံးခဲ့ ကြောင်း သတင်းရရှိပါသည်။

Sunday, June 28, 2015

ရိက္ခာပျက်လက်မှုကြောင့် ဝေးလံခေါင်ပါးသော KIA စခန်းများသို့ ရိက္ခာအစား မူးယစ်ဆေးဝါး များသာ ပေးပို့ဟုဆို ===========================


ရိက္ခာပျက်လက်မှုကြောင့် ဝေးလံခေါင်ပါးသော KIA စခန်းများသို့ ရိက္ခာအစား မူးယစ်ဆေးဝါး များသာ ပေးပို့ဟုဆို
===================================

ကချင်လက်နက်ကိုင် သောင်းကျန်းသူ KIA သည် ယခုနှစ်စပိုင်းမှစတင်ကာ ရိက္ခာပျက်လက်မှုများကြောင့် ဝေးလံခေါင်ပါးသော စခန်းများအား ထောက်ပံ့ပေးပို့နိုင်ခြင်း မရှိတော့ပဲ မူးယစ်ဆေးဝါးများကိုသာ ပေးပို့ကြောင်း သိရှိရပါသည်။

ထိုဝေးလံခေါင်းပါးသော စခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ အများဆုံးထားရှိပြီး ရိက္ခာအစား မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် အသက်ဆက်ရှင်စေကြောင်း သိရှိရသည်။ “ နယ်ခြားမှတ်တိုင်နားတွေဆီက စခန်းတွေဆိုတော်တော်ကို အခြေအနေဆိုးပါတယ်.. လမ်းခရီး ကလည်း မကောင်းဘူး နောက်ပြီး အဆက်အသွယ်ကလဲ ရတစ်ချက် မရတစ်ချက်ပဲ သူတို့ ရိက္ခာက မပို့နိုင်တော့ ဖြစ်သလိုရှာစားကြတယ် ထွက်မပြေးအောင်ဆိုပြီးတော့ မရှိမဖြစ် မူးယစ်ဆေးဝါးကို ပုံမှန်ပို့ပေးရတယ်” ဟု အလင်းဝင်လာသူ တစ်ဦးထံမှ သိရှိရပါသည်။

ရိက္ခာပျက်လက်မှုကြောင့် ဝေးလံခေါင်ပါးသော KIA စခန်းများသို့ ရိက္ခာအစား မူးယစ်ဆေးဝါး များသာ ပေးပို့ဟုဆို ===========================


ရိက္ခာပျက်လက်မှုကြောင့် ဝေးလံခေါင်ပါးသော KIA စခန်းများသို့ ရိက္ခာအစား မူးယစ်ဆေးဝါး များသာ ပေးပို့ဟုဆို
===================================

ကချင်လက်နက်ကိုင် သောင်းကျန်းသူ KIA သည် ယခုနှစ်စပိုင်းမှစတင်ကာ ရိက္ခာပျက်လက်မှုများကြောင့် ဝေးလံခေါင်ပါးသော စခန်းများအား ထောက်ပံ့ပေးပို့နိုင်ခြင်း မရှိတော့ပဲ မူးယစ်ဆေးဝါးများကိုသာ ပေးပို့ကြောင်း သိရှိရပါသည်။

ထိုဝေးလံခေါင်းပါးသော စခန်းများတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ အများဆုံးထားရှိပြီး ရိက္ခာအစား မူးယစ်ဆေးဝါးသုံးစွဲခြင်းဖြင့် အသက်ဆက်ရှင်စေကြောင်း သိရှိရသည်။ “ နယ်ခြားမှတ်တိုင်နားတွေဆီက စခန်းတွေဆိုတော်တော်ကို အခြေအနေဆိုးပါတယ်.. လမ်းခရီး ကလည်း မကောင်းဘူး နောက်ပြီး အဆက်အသွယ်ကလဲ ရတစ်ချက် မရတစ်ချက်ပဲ သူတို့ ရိက္ခာက မပို့နိုင်တော့ ဖြစ်သလိုရှာစားကြတယ် ထွက်မပြေးအောင်ဆိုပြီးတော့ မရှိမဖြစ် မူးယစ်ဆေးဝါးကို ပုံမှန်ပို့ပေးရတယ်” ဟု အလင်းဝင်လာသူ တစ်ဦးထံမှ သိရှိရပါသည်။

KIA မှ ဒေသခံများကို ဖမ်းဆီးကာ ငွေဖြင့် ပြန်လာရွေးခိုင်း=========================

KIA မှ ဒေသခံများကို ဖမ်းဆီးကာ ငွေဖြင့် ပြန်လာရွေးခိုင်း=========================

ကချင်ပြည်နယ်တွင်း နေထိုင်စားသောက်နေကြသော ဒေသခံများအား KIA မှ ဆက်ကြေး ကောက်ခြင်း လူသစ်ဆွဲခြင်း အပြစ်ရှာ၍ ဖမ်းဆီးခြင်း ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းခြင်းများ ပြုလုပ်လျှက် ရှိကြောင်း ဒေသခံများမှတစ်ဆင့် သိရှိရပါသည်။ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မော်ဟန်ကျေးရွာနေ ဒေသခံ(၂)ဦးအား KIA အဖွဲ့မှ ဇွန် ၁၃ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားပြီး ငွေဖြင့်ပြန်လည်ရွေးခိုင်းခဲ့ကြောင်း ယင်းဒေသခံ များထံမှ သိရသည်။အဆိုပါဖြစ်စဉ်မှာ ယင်းကျေးရွာနေ ဦးကျော်ဝင်း ရေမဆေးကျောက်လုပ်ငန်းလုပ်ကိုင်သူ၏ သားနှင့်သမီး(၂)ဦးအား ဇွန် ၁၃ ရက် ည ၉ နာရီခွဲ ချိန်ခန့်တွင် KIA အဖွဲ့မှ ၎င်းတို့အခြေပြုရာ ပွန်ချောင်ဘွမ်သို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ရာ ဖခင်ဖြစ်သူ ဦးကျော်ဝင်းမှ ငွေကျပ် ၁၀ သိန်းဖြင့် သွားရောက်ခေါ်ယူခဲ့ရကြောင်း သိရသည်။၎င်းအပြင် ဇွန် ၂၂ ရက် ည ၈ နာရီအချိန်ခန့်ကလည်း ဦးကျော်ဝင်း၏သားအား KIA အဖွဲ့မှ ထပ်မံဖမ်းဆီး ခေါ်ဆောင်သွားပြီး ငွေကျပ် ၁၀ သိန်းဖြင့်ပြန်လာခေါ်ရန် အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်းသတင်းရှိပါသည်

ဆက်ကြေးကောက်ရန်အတွက် ကေအိုင်အေအဖွဲ့များ အင်အားစုဖွဲ့နေ===============================

ဆက်ကြေးကောက်ရန်အတွက် ကေအိုင်အေအဖွဲ့များ အင်အားစုဖွဲ့နေ===============================

ဇွန်လ ၂၆ ရက်နေ့တွင် ဖားကန့်မြို့နယ်၊ ကာမိုင်း၏ အနောက်မြောက်ဘက်(၁၆) မိုင်ခန့်အကွာရှိ ကပ်မှော်ဇွပ်ကျေးရွာအုပ်စု၊ ခွန်ဆိုင်ဇွပ်ကျေးရွာရှိ ဖားကန့်-ကာမိုင်းသွား ကားလမ်းမပေါ်နှင့် လမ်းဘေးဝဲ/ယာတွင် ကေအိုင်အေအင်အား(၂၀၀)ကျော်သည် လက်နက်ငယ် ကိုယ်စီကိုင်ဆောင်ကာ အင်အားစုဖွဲ့နေကြောင်း ဒေသခံများထံမှ သိရှိရပါသည်။၎င်းကေအိုင်အေအဖွဲ့များသည် ဖားကန့်-ကာမိုင်းသွား ခရီးသွားကားများနှင့် ပြည်သူများ အား ဆက်ကြေးကောက်ခြင်း၊ လူသစ်စုဆောင်းခြင်း၊ တပ်မတော်ကားများအား မိုင်းဆွဲ/မိုင်းထောင်ခြင်းနှင့် ကျေးရွာရှိ ရွာသူ/ရွာသားများအား ဆက်ကြေးကောက်၊ လူသစ်စုရန်နှင့်တောင်ယာသွားလမ်းများတွင် မိုင်းထောင်ရန်အတွက် စီစဉ်ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရပါသည်။