Friday, November 29, 2013

U Ponena Daza was tagged in မာ လု's photo.
ကိုယ်တော်မူဆာသည် ဂေါဏာဂုံ မြတ်စွာဘုရားလော

သူငယ်ချင်းတို့ရေ ဒီတစ်ခါတော့ မွတ်စလင် ဌေးလွင်ဦးရေးတဲ့ဂျူးတွေရဲ့ ဘုရား ကိုယ်တော်မူဆာသည် ဂေါဏာဂုံ မြတ်စွာဘုရားလော ဆိုတဲ့ပိုစ့်လေးကို ရှင်းထားတာလေး တင်ပေးလိုက်ပါတယ်...။( အရင်ကနုတ်စ်နဲ့ရေးထားလို့ ရိုးရိုးပြန်တင်ပေးတာပါ)

http://islamsasana.blogspot.com/2008/05/blog-post_9505.html

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

((((((ကိုယ်တော်မူဆာကို သမ္မွာကျမ်းစာတွင် မောရှေဟု ရေးသားပြီး၊ ကိုယ်တော်သည် အစ္စရေးလ် လူမျိုးများအတွက် ပွင့်ပေါ်သော ဉာဏ်စဉ်တော်ဆောင် (ရစူလ်) တစ်ပါး ဖြစ်ပေသည်။ ဂျူးလူမျိုးများသည် ထိုစဉ်က ပါဠိဘာသာစကားဖြင့် “ဂေါဏ” ဟုခေါ်သည့် နွားကို “သရဏဂုံ” တင်ကိုးကွယ်နေခဲ့ပေသည်၊ ထိုသို့သော ကိုးကွယ်မှား ထဲမှ ကျွတ်လွတ်စေရန်နှင့် ပရမတ်ဘုရားရှင်အားသာ သဏရဂုံတည် ကိုးကွယ်ကြရန် ကိုယ်တော်က ဆောင်ကြည်းပေးခဲ့သည်))))))

* ဂေါဏ ဆိုတဲ့နွား တွေကိုးကွယ်မှုကို ကျွတ်လွတ်စေတဲ့ အတွက် မူဆာသည် ဂေါဏဂုံဖြစ်သည် လို့ဆိုရင်တော့ ... သူကိုဂေါဏဂုံလို့ပဲထားလိုက်ပါ.... ကျမတို့ဘုရားရှင် နာမည်က ကောဏာဂုံ ပါ ရှင်... ဂေါဏ ဆိုတဲ့ နွားနဲ့ပတ်သက်တာတစ်ခုမှမပါ ဖူးရှင်။

* ပြီးတော့သရဏဂုံဆိုတဲ့အဓိပါယ်လဲသိအောင်လုပ်သင့်ပါတယ်...။

ကောဏာဂုံ

ဗုဒ္ဓစာပေကျမ်းစာလာ ဘုရားရှင်၏ အမည်မှာ ကောဏာဂုံ မူရင်းအမည်မှာ ကောဏာဂမန ဖြစ်သည်။ ဂေါဏဂုဏ် မဟုတ်ပါ။

သရဏဂုံ

ဆိုသည်မှာ (သရဏဂမန) ဟူသော ပါဠိမှ မြန်မာမှု ပြုထားခြင်း ဖြစ်သည်။ ( သရဏ ) ပုဒ် နှင့် ( ဂမန ) ပုဒ် နှစ်ခုကို ပေါင်းစပ် ထားခြင်း ဖြစ်သည်။ ( သရဏ ) - ကိုးကွယ်ရာ အားထားရာအဖြစ်ဖြင့်( ဂမန ) - ဆည်းကပ်ခြင်းကို (သရဏ+ဂမန) သရဏဂုံ ဟု ဆိုခြင်း ဖြစ်သည်။ဒါကြောင့် ကျမတို့ သာသနာတော်ဝင်တွေက ရတနာသုံးပါးသည် ကြောက်ရွံခြင်း နှင့် ထိတ်လန့်ခြင်းကို ပယ်ဖျောက်ပေးနိုင်သောကြောင့် သရဏ (ကိုးကွယ်အားထားရာ) လို့သတ်မှတ်ပြီး .... စိတ်၏ကြောက်ရွံခြင်းကိုလည်းကောင်း၊ ထိတ်လန့်ခြင်းကို လည်းကောင်း၊ ကာယိကဒုက္ခကိုလည်းကောင်း၊ ဒုဂ္ဂတိဘဝ၌ ဖြစ် စေတတ်သော ဆင်းရဲခြင်း ပူပန်ခြင်းကိုလည်းကောင်း ဖျက်ဆီး ဖယ်ရှားပေးနိုင်သောကြောင့် ထိုရတနာသုံးပါးကို သရဏ (ကိုး ကွယ်အားထားရာ)ဟု ဆိုလိုတာပါ။ သရဏ (ကိုးကွယ်အားထား ရာ)ဟူသော အမည်ကို ဗုဒ္ဓ ဓမ္မ သံဃာ ဟူသော ရတနာသုံးပါးအတွက် အသုံးပြုကြတာပါ။

.........................................................

(((((ကိုယ်တော်မူဆာကို ဖာရိုးမင်းဆက်က မြစ်ထဲမှ ကောက်ယူမွေးစားသောကြောင့် ထီးနန်းတွင်းတွင် ကြီးပြင်းလာခဲ့သည်၊ (၂၈း ၈။ ၉)၊ ကိုယ်တော်မူဆာအား မြစ်ထဲရှိ သဖန်းပင်အနီးမှ ရရှိသဖြင့် ကိုယ်တော်၏ အမည်မှာ ဟီးဘရူး ဘာသာစကားဖြင့် မူ “ရေ” ဆာ “သဖန်းပင်” ဟုဖြစ်၍ ရေသဖန်းပင် ဟုအနက် ရပေသည်၊ (ဆရာတော် ဃာဇီဟာရှင်၏ ကုရ်အံအလင်းပြကျမ်း အတွဲ ၁)။ ဗုဒ္ဓဘာသာ တရားတော်တွင် ဖေါ်ပြသော ဘဒ္ဒကမ္ဘာ၌ ပွင့်ပေါ်ခဲ့သည် ဘုရားရှင်များတွင် ဂေါဏာဂုံ (ဂေါဏာဂုဏ်) ဘုရားရှင်သည်လည်း ရေသဖန်းပင်ကို ကိုယ်စားပြုသောကြောင့် စိတ်ဝင်စားဘွယ် တိုက်ဆိုင် နေပါသည်၊ ကျွန်ုပ်အနေဖြင့် စေ့စုံလုံလောက်စွာ သုတေသန မပြုနိုင်သေးသောကြောင့် ကိုယ်တော်မူဆာအား ဂေါဏာဂုဏ် ဘုရားရှင်ဖြစ်သည်ဟု တိုက်ရိုက်ပြောဆိုနိုင်သော အင်အားမရှိပါ၊ ဒဏ္ဍာရီ ဆန်ဆန်ဖြစ်နေသော ဇတ်လမ်းများကို အမှန်တရား စင်မြင့်ပေါ်သို့ ပို့ဆောင်လိုသော နောင်လာ နောက်သား ပညာရှင်များအတွက် သုတေသန ပြုလိုက ပြုနိုင်စေရန် ကျွန်ုပ်လေ့လာ ဖတ်ရှု သမျှမှ လမ်းစရနိုင်မည့် အချက်အလက်များကို ဖေါ်ပြပေးခြင်းသာ ဖြစ်ပါသည်၊ )))))

ပထမဆုံး ဟီးဘရူးဘာသာစကား ဖြစ်တဲ့ မူဆာ ( Musar ) ဆိုတဲ့ နာမည်ရဲ့ တစ်ကမ္ဘာလုံးက လက်ခံထားတဲ့ အဓိပါယ်ကိုပြောပါရစေ...။

A Study of the Hebrew Word Musarby Kyle PopeThe book of Proverbs begins with the stated objective - “To know wisdom and instruction, to perceive the words of understanding” (1:2, NKJV). The word translated “instruction” in this text is the Hebrew word musar. This word holds a special significance which is valuable for us to understand.

Derived from the verb yasar meaning to “discipline, chasten, instruct,” which is also represented in Ugaritic by the cognate ysr of the same meaning (TWOT, I, 386-387), musar can refer to punishment, training or education.

ဒါကြောင့် မူဆာ ဆိုတဲ့ အဓိပါယ်ဟာ.... လမ်းပြခြင်း ... လေ့ကျင့်စေခြင်း.... အပြစ်ပေးခြင်းလို့ အဓိပါယ်ရပါတယ်တဲ့ .... ကဲရှင် ... ဘယ်မှာလဲ ရေသဖန်းပင်...။(((musar can refer to punishment, training or education.)))))

ပြီးတော့ ကျမတို့ဘုရားရှင်က ရေသဖန်းပင်ကိုကိုယ်စားပြုတာမဟုတ်ပါဖူးရှင်.... ဂေါတမ ဘုရားရှင်ဟာ မဟာဗောဓိ ပင်ရင်းမှာတရားကျင့်ကြံရင်း သဗ္ဗညုတဥါဏ်တော် ရခဲ့သလိုပါ... ကောဏာဂုံ ဘုရားရှင်ဟာလဲရေသဖန်းပင်ရင်းမှာ တရားကျင့်ကြံတာ ကိုပြော တာပါ .... ရေထဲမျောလာတဲ့ မူဆာမဟုတ်ပါဘူး...

ဒီတော့ ကျမအနူးအညွတ်တောင်းပန်ချင်တာကတော့ .... မှတ်တမ်းပြုစုချင်ရင် .... ဇစ်မြစ်ပျောက်နေတဲ့ ... ရှင်တို့တမန် မိုဟာမက် အကြောင်းကိုပဲ သေသေချာချာလေ့လာသုတေ သနပြု ပြီး... နာမည်ဆိုးကင်းစင်တဲ့ ဘာသာဖြစ်အောင်ကြိုးစားပါလို့ ပြောပါရစေရှင်

.........................................................................................................................

(((((တခြားအချက်အလက်များမှာ
(၁) ဗုဒ္ဓဘာသာတရားတော်တွင် ဖေါ်ပြသော ဘဒ္ဒကမ္ဘာ ဆိုသည်မှာ ဤလက်ရှိ ကမ္ဘာကိုသာ ခေါ်ပေသည် ရာဇ၀င်လာ ပျက်သွားပြီးသော ကမ္ဘာများ မဟုတ်ချေ။)))))


* ဒါမှန်တယ်ရှင်...။


(((((.... (၂) ဘုရားရှင် ဆိုသည်မှာ နိုင်ငံရေးခေါင်းဆောင် ဆိုသည်ထက် သာသနာတစ်ခု၏ ခေါင်းဆောင်နာယက ဆိုသည်မှာ ထင်ခြားပေသည်။ )))))


* ဟုတ်ပါတယ် ဘုရားရှင်ဆိုတာ အနှိုင်းမဲ့ ဂရုဏာရှင်ပါ လမ်းပြကောင်းပါ ... နယ်ပယ်လု သွေးချောင်းစီစေတာဟာ ဘုရားရှင်မဟုတ်ပါရှင်...။


((((..... (၃) ဗုဒ္ဓဘာသာတရားတော် အရ ဤကမ္ဘာ၌ ဘုရားရှင်ပေါင်း မရေမတွက်နိုင်အောင် ပွင့်ပေါ်ခဲ့သော်လည်း ထင်ခြားသော ပင်မဘုရားကြီး ငါးဆူကိုသာ အဓိက ရည်ညွှန်းထားသည်။ ထို အချင်းအရာအား စီစစ်ကြည့်လျှင် ဤကမ္ဘာ တွင် ဘာသာတရားပေါင်း ဂိုဏ်းပေါင်း မြောက်မြားစွာ ပေါ်ထွန်းခဲ့သော်လည်း ထင်ခြားသော ဘာသာတရားကြီးများမှာ (ဟိန္ဒူ။ ဂျူး။ ဗုဒ္ဓ။ ခရစ်ယံနှင့် အစ္စလာမ်) ငါးခုသာရှိပေသည်၊ )))))


* အင်း ...သူရောချဖို့ကြံနေပြီ ..... ဟုတ်ပါတယ် ဒီကမ္ဘာမှာပွင့်တော်မူတာ ဘုရားရှင်စုစုပေါင်း( ၅ )ဆူဖြစ်ပြီး... တစ်ခြားဘာသာတွေလဲမရေတွက်နိုင်အောင် အများအပြားရှိနေ ပါတယ်လို့..ဟောခဲတာပါရှင်... ဘာသာ( ၅ ) ခုရှိပါမယ်လို့ဟောတာမဟုတ်ပါရှင်..။


(((((.... (၄) ဓမ္မဟောင်း ကျမ်းစာများကို မှတ်တမ်းတင်သော ကာလ (ဗုဒ္ဓမပွင့်မှီ သို့မဟုတ် ပွင့်ပေါ်ဆဲနှင့် ခေတ်ပြိုင်) ကတည်းက အရှေ့အလယ်ပိုင်းနှင့် အိန္ဒိယမှာ ဆက်စပ်မှု ရှိနေပေသည် (ဓမ္မဟောင်းကျမ်း၏ ဧသတာဝတ္ထု ၁း၁)။ တနည်းအားဖြင့် ဆက်သွယ်ရေး ပြတ်တောက်နေသော သီးခြား ကမ္ဘာ မဟုတ်တော့ပေ။တဖန် ကိုယ်တော်ဂေါဓမ ဟောကြားသော တရားဒေသနာများသည် ပုံပြင်ဆန်ဆန် ဒဏ္ဍာရီဆန်ဆန်ဖြစ် နေသော်လည်း- စာပေယဉ်ကျေးမှုကို ပြန်ကြည့်လျှင် ထိုခေတ်ထိုချိန်မှ ကိုယ်တော်ပွင့်ပေါ်ရာ ဒေသမှ လူသားများနားလည် သဘောပေါက်စေရန် ထိုခေတ်သုံး စာပေဟန်ဖြင့် ဥပမာ ဥပမေယျစုံသည့် ဇတ်လမ်း အဖြစ် စီကာပတ်ကုံး ပြောဆိုခြင်းသာ ဖြစ်၍ မဟုတ်မမှန်သော ဒဏ္ဍာရီများကို တင်ပြခဲ့ခြင်း မဟုတ်ဆိုသည်ကို စာပေအဌာရသ ခေါ် စာပေသုခုမ၌ လိမ္မာသူတိုင်းက နားလည်ကြပေသည်။ )))))))


* (ဓမ္မဟောင်းကျမ်း၏ ဧသတာဝတ္ထု ၁း၁) မှာရေးထား တာကတော့ ထာဝရဘုရား ကမ္ဘာတည်ခြင်းပဲရေးထားတာပါ.. ရှင်ပြောသလိုဆက်စပ်မှုတွေရေးမထားပါဘူးရှင်... ။


.........................................................


(((((ထို့ကြောင့် ဤ ဘဒ္ဒကမ္ဘာ၌ ပွင့်ပေါ် သည့် ဘုရားရှင် ငါးပါးဖြစ်သည့် “ကကုဿန်၊ ဂေါဏဂုဏ်၊ ကဿဖ၊ ဂေါဓမ၊ မေတ္တယျ” ဆိုသည်တို့မှာ ဒဏ္ဍာရီလာ ဇတ်လိုက်များ မဟုတ်ပေ။မည်သို့ပင်ဖြစ်စေ ကျမ်းမြတ်ကုရ်အံက ဤဘဒ္ဒကမ္ဘာ၌ ပွင့်ပေါ်ခဲ့ကြသော ကိုယ်တော် မူဆာ၊ ကိုယ်တော် ဂေါဓမ၊ ကိုယ်တော်ယေရှုနှင့် ကိုယ်တော် မိုဟမ္မဒ်တို့အား သဗ္ဗညုတ ဉာဏ်စဉ်များ ရရှိသည့် ဉာဏ်စဉ်တော် ဆောင်များအဖြစ်လည်းကောင်း မိရိုးဖလာ အမိုက်မှောင်တွင် နွံနစ်နေသော လူသားအပေါင်းအား တရားအလင်းရောင် ဆီသို့ ဦးဆောင်ခဲ့သူများအဖြစ်လည်းကောင်း ဖေါ်ပြသည့်အပြင် အစ္စလာမ်သာသနာ၌ သက်ဝင်ယုံကြည်သူများအနေဖြင့် ထိုအရှင်သူမြတ်များကို အဆင့်အတန်း ခွဲခြားခွင့် မပြုပေ။ (ဒဏ္ဍာရီ ဇတ်ကောင်မဟုတ်သည့် ကိုယ်တော်မူဆာ- ကို ဖတ်ရှုပါ))))))


* ဒုက္ခပါပဲရှင် .... ကျမတို့သာသနာတော်မှာ ... ဘုရားရှင်တစ်ဆူချင်းစီရဲ့ သမိုင်း...ဘယ်လိုပွင့်တယ်.... ဘာလုပ်တယ် .... တစ်ဆူနှင့်တစ်ဆူ ဘယ်လောက်နှစ်အတိုင်းအတာခြားနားတယ်..... အားလုံးတိတိကျကျ အထောက်အထားတွေနဲ့ ပွင့်ပါတယ် .... ကျမတို့သာသနာတော်မှာ ... ဘုရားရှင်ဆိုတာ မဟာဂရုဏာရှင်ပါ .... ဘယ့်နှာဒီလောက်လောဘဒေါသမော ဟ တဏှာ ကြီးကြတဲ့ ...မူဆာ ယေရှုနဲ့ မိုဟာမက်က ဘယ်လိုဖြစ်လို့ သဗ္ဗညုတ ဉာဏ်စဉ် ရရတာလဲရှင် ..... သဗ္ဗညုတဥါဏ်ဆိုတာရော သိရဲ့လားရှင် .....

အရှင်ဇနကာဘိဝံသ ရဲ့ လင်္ကာလေးမှာတော့ဒီလို ဖေါ်ပြထားပါတယ်။

၁။ သိရန်မှန်က,မကျန်ရအောင်,လုံးဝစုံလင်,အကုန်မြင်,သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်။
၂။ သိသည့်တရား ၊ များအပြား၌ ၊ ဟောထားစဖွယ် ၊ နည်းသွယ်သွယ်ကို ၊ ခြယ်လှယ်စုံ လင် ၊ အကုန်မြင် ၊ သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
၃။ ကျွတ်ထိုက်ကြပေ ၊ များဝေနေ၏ ၊ ဣနြေ္ဒစရိုက် ၊ သူ့အကြိုက်ကို ၊ နှိုက်ချွတ်စုံလင် ၊ အ ကုန်မြင် ၊ သဗ္ဗဉ်ဥာဏ်တော် အစွမ်းတည်း။
၎။ ဥာဏ်တော်စွမ်းပကား ၊ ဤသုံးပါးကြောင့် ၊ အများဝေနေ ၊ ကျွတ်လွတ်စေဖို့ ၊ မနေမနား ၊ သက်တော်အားဖြင့် ၊ ကြီးမားလေဘိ ၊ ရှစ်ဆယ်ပြည့်၍ ၊ ပရိနိဗ္ဗာန် ၊ စံသည့်တိုင် အောင် ၊ သယ်ယူဆောင် ၊ ဘုန်းခေါင် ငါတို့ဘုရားတည်း ။ ။

အရှင်ဇနကာဘိဝံသ ဆိုလိုချင်တာကတော့

သဗ္ဗညုတဥာဏ်တော် ဆိုတာ သိစရာ ရှိတဲ့ အကြောင်းအရာမှန် သမျှကို အကြွင်းမရှိ အကုန်အစင် သိတယ်။ သိစရာ ရှိတဲ့ အကြောင်းအရာတစ်ခုချင်းစီမှာ ရှိရှိ သမျှကို အကြွင်းမရှိ အကုန်အစင် သိတယ်။ ဝေနေယျတွေ ကို ချေချွတ်ဖို့ ဝေနေယျတွေရဲ့ စရိုက်တွေ ပါရမီ အနုအရင့် ဣနြေ္ဒစရိုက် တွေ ကို လဲ အကြွင်းမရှိ အကုန်အစင် သိတယ်။ ကာလ-အာကာသ-ပယောဂ အားဖြင့် အတားအဆီးအပိတ်အပင်မရှိ အကြွင်းမရှိ အကုန်အစင် သိတယ်။- လို့ ဆိုလိုချင်ပုံပါပဲ။ ကိလေသာ အားလုံးအကြွင်းမရှိကင်းစင်သူပါ ... ဒါကြောင့် မြတ်ဗုဒ္ဓ ရဲ့ ဂုဏ်တော်တွေကိုဖွင့်ရာမှာ အလုံးစုံသိ(သဗ္ဗညူ) အလုံးစုံမြင် (သဗ္ဗဒဿဝီ) လောကကိုသိသူ(လောက၀ိဒူ) လူနတ်ဗြဟ္မာတို့ရဲ့ ဆရာ (သတ္ထာဒေ၀မနုဿာနံ) စသဖြင့်ဖေါ်ပြကြတာဖြစ်ပါတယ်။



ပြီးတော့ .... ဘုရားတစ်ဆူချင်းစီရဲ့ ပွင့်တဲ့အချိန်အတိုင်းအတာက နှစ်သန်းချီ ( အတိအကျပြောရရင် သန်း၂၀) ကြာတယ်ရှင်...

http://moenatvilla.blogspot.com/2013/10/blog-post_6.html


နောက်တစ်ခုက ...လက်ရှိ ကမ္ဘာနဲ့ သိပ္ပံပညာရှင်တွေလက်ခံထား တဲ့ ကမ္ဘာကြီးရဲ့သက်တမ်းဟာ ( ၁၄ ) ဘီလီယံ နီးပါး

posted from Bloggeroid

No comments: