>ဒေါ်စု ဘာစားပြီး ကြီးလေသလဲ.. "တရားဥပဒေ စိုးမိုးမှုမရှိသောကြောင့်
>ပြည်တွင်း ငြိမ်းချမ်းရေးမရရှိနိုင်ခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်
>ပြောကြား" စိုးမိုးမှုမရှိသောကြောင့် ပြည်တွင်း
>ငြိမ်းချမ်းရေးမရရှိနိုင်ဘူးဆိုရင် .... တပ်မတော် အုပ်ချုပ်စဉ်ကို
>ပြန်တွေးပါ ။ လွတ်လပ်ရေး ရပြီး ကာစ အချိန်အခါကိုပြန်တွေးပါ ။
>လက်နက်ကိုင်တို့ တိုက်ခိုက်နေတာ တရား ဥပဒေကြောင့် မဟုတ်ဘူး ၊ ယုံကြည်ချက်
>၁ ခုကြောင့် ။ လူမျိုးစွဲ အတ္တတွေနဲ့ တိုက်ပွဲဝင်နေကြတာ ။ တရား ဥပဒေ
>စိုးမိုးဖို့ ပြောင်းပေးရမယ်လို့ ဆိုချင်ရင် ။ ၅၉ ( စ ) ကို တော့
>လက်ခံနိုင်ရမယ် ။ ကိုယ်သမ္မတ ဖြစ်ချင်တိုင်း ငြိမ်းချမ်းရေး ဆိုတဲ့ စကားကို
>လက်လွတ်စပယ်သုံးပြီး ဖအေ ရေးထားတဲ့ ဥပဒေ ကို စော်ကားထားတောင်
>မကောင်းဘူးထင်တယ်ဗျာ ။ ဥပဒေ ဘောင်အတွင်းနဲ့ အပြင်ကို အလင်းနဲ့ အမှောင်လို့
>သတ်မှတ်ကြတယ် ။ ဥပဒေ ဘောင်အတွင်းကို အလင်းလို့ သတ်မှတ်ပြီး အပြင်ကိုတော့
>အမှောင်လို့ သတ်မှတ်တယ် ။ အလင်းထဲမှာ ကိုယ်လုပ်ချင်တာ လုပ်လို့ မရဘူး ၊
>အမှောင်ထဲမှာတော့ ကိုယ်လုပ်ချင်တာ လုပ်လို့ရသလို ကိုယ့်အတွက်လည်း
>အန္တရယ်များတယ် ။ ဒီတော့ ဥပဒေ အတွင်းမှာနေရင် အလင်းထဲမှာနေလို့
>ကိုယ်လုပ်ချင်တာ လုပ်လို့မရဘူး ။ ဒီတော့ အမှောင်ထဲကို တိုးပြီး လုပ်ချင်တာ
>လုပ်ကြတယ် ။ ဒါဟာ ဥပဒေ စိုးမိုးမှုမရှိဘူးလို့ ပြောဆိုမယ်ဆိုလျှင် .....
>ဦးဏှောက်ကို လက်ထိုးပြီး အတိမ်အနက်ကို ပြန်တိုင်းလိုက်ပါ ။ ဥပဒေ
>အတွင်းနေထိုင်သူတို့ အတွက် လုံခြုံမှုရှိပြီး အပြင်ဘက်ထွက်သွားသူတို့
>အတွက် ဆွဲခေါ်တာ စိုးမိုးမှုမရှိဘူး လို့ သုံးသပ် ဆုံးဖြတ်လေသလား ။ ဥပဒေ
>စိုးမိုးမှုဆိုတာ ဥပဒေ အတွင်း ရောက်နေသူတို့အပေါ် သုံးသပ်ပြီး
>ဆုံးဖြတ်ရတယ်ဆိုတာ ထမင်းစားပြီး ကြီးသူတိုင်း နားလည်သလို ၊
>ခေါင်းဆောင်တို့လည်း သိ ပါတယ်ဗျာ ။ ကိုယ် သမ္မတ ဖြစ်ချင်တိုင်း ရမ်း
>မတုတ်နဲ့ အရှက်ကွဲမယ်နော် မယ်စ

posted from Bloggeroid
No comments:
Post a Comment