Thursday, November 28, 2013

ဗိုက်ချပ်စေမည့် 10 မိနစ်စာ လေ့ကျင့်ခန်း
=======================

အားကစားအတွက် အချိန် မပေးနိုင်တဲ့ ပျိုမေများ အတွက် တစ်နေ့ ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ် လှပစေမှာပါ။

ဒီလေ့ကျင့်ခန်း လေးကို Good Housekeeping (Digital Edition) မှ ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာ ဖြစ်ပါတယ်။ ခေါင်းအုံး တစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ် တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ ကပ်တဲ့အထိ လေကို တဝကြီး ရှူထုတ်လိုက်တဲ့ အခါမှာ စာအုပ် နစ်ဝင်သွားတဲ့ နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြ ရအောင်နော်။

လေ့ကျင့်ခန်း (၁)

ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။ ကိုယ်ရဲ့ အလေးချိန်သည် တံတောင်နှင့် ခြေဖျားပေါ်တွင် ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

(A) လူကို ဘေးဆောင်း အနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်း ပေါ်သို့ ချိတ်ပါ။ ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်း အနောက်တွင် ထားပါ။

(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့် မျင်းပြိုင် အနေအထားသို့ ရောက်အောင် ဆွဲယူပါ။

တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)

(A) ပထမဆုံး ကြမ်းပြင်ပေါ်သို့ ခြေဖဝါးချ၍ ထိုင်ပါ။ ထို့နောက် ဗိုက်ကြွက်သားကို သုံး၍ ခြေကိုကြမ်းပြင်နဲ့ လွတ်တဲ့ အနေအထားသို့ မတင်လိုက်ပါ။ ခါးဆန့်နေပါစေ။

(B) ကိုယ်အပေါ်ပိုင်းကို တစ်ဖက်သို့လှည့်ယူပြီး လက်နှစ်ဘက်ကို ကြမ်းပြင်နှင့် ထိပါ။ ဘက်မပြောင်းခင် ၈ ကြိမ်မှ၁၀ ကြိမ်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

(A) ကိုယ်ကို ကြမ်းပြင်ပေါ်သို့ လှဲလျက်၊ ဒူးကို ရင်ဘတ်နှင့် ထိအောင် ကွေးပြီး ခြေထောက်မပြေ စေရန် လက်ဖြင့် ထိန်းထားပါ။

(B) အသက်ရှူ၊ ဗိုက်ကိုရှပ်၍ ထိုင်ရက်အနေအထားသို့ ရောက်အောင် ဆွဲထူပါ။ ကိုယ်အလေးချိန်ဟာ၊ မြီးညောင်ရိုး နေရာမှာ ရှိပါစေ။

ဒီအတိုင်း ၅ ကြိမ်မှ ၁၀ ကြိမ်ပြုလုပ်ပေးပါ ။

လေ့ကျင့်ခန်း (၅)

(A) ပက်လက် အနေအထားနှင့် ဒူးကိုကွေးပြီး လက်နှစ်ဘက်ကို ခေါင်းအောက်တွင် ထားပါ။

(B) ညာခြေကို ဆန့်ရင်း ကိုယ်အပေါ်ပိုင်းကို ဘယ်ဘက် ဒူးဆီသို့လှည့်ပါ။ ဘက့်ပြောင်း၍ ဘယ်ခြေကိုဆန့် ညာဒူးဆီသို့လှည့်ပါ။

တစ်ဖက် ကို ၁၀ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

** အထက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်း (၁) မှ (၅) ကို ဆယ်မိနစ် အတွင်း (၂) ခေါက်ပြည့်အောင် ဆက်တိုက် ပြုလုပ် ပေးရမှာပါ။ တစ်ပတ်ကို ၃ကြိမ်ပဲ ပြုလုပ်ပေးရမှာမို့၊ နေ့တိုင်းလုပ်ဖို့ အဆင်မပြေတဲ့ ပျိုမေတွေ အတွက်လည်း အသုံးဝင် လိမ့်မယ် ထင်ပါတယ်။

ပျိုမေတွေ ကျန်းကျန်းမာမာနှင့် သာယာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင် နိုင်ကြပါစေရှင်။

မြတ်ကြည် (သနပ်ခါးမေ)

credit to Shwe Beauty

http://www.myawady.net.mm/preventing/item/15315-2013-05-30-09-51-23

posted from Bloggeroid

No comments: