Monday, November 25, 2013

မြန်မာပြည်

* မြန်မာပြည် နဲ့ လမ်းဘေးအစားအစာ *
============================
မြန်မာပြည်လမ်းဘေး က အစားအသောက်တွေ အများစုက မသန့်ပေမယ့် ဈေးပေါတယ် ။
ဈေးပေါတော့လူများများစားနိုင်တယ်။လူများများစားကြတော့ ရောဂါဆိုးတွေ များများပိုရပြီး အသက်တိုကြရပြီပေါ့။

မြန်မာပြည် က FDA ကလည်း ဒီလိုလမ်းဘေးကအစားအသောက်တွေကိုလိုက်လံစစ်ဆေးပြီးထိန်းချုပ်ပေးနိုင်ဖို့နေနေသာသာ နိုင်ငံ့အနာဂါတ်ဖြစ်တဲ့ စာသင်ကျောင်းတွေမှာ တောင် ကလေးတွေမစားသင့်တာတွေကိုရောင်းချနေတာတွေကိုထိထိရောက်ရောက်မကိုင်တွယ်နိုင်သေးဘူး။

Consumer Right ဆိုတဲ့ စားသုံးသူ အခွင့်အရေးဆိုတာ ဒီနိုင်ငံမှာ လုံးဝ မရှိဘူး ။
ဟိုတလောက စားသုံးသူ အခွင့်အရေးဦးဆောင်လှုပ်ရှားသူ
တစ်ဦးနဲ့ FDA ကတာဝန်ရှိသူ ညွှန်မှုး တစ်ဦးတို့ အွန်လိုင်းပေါ်မှာ တစ်ဦး နဲ့ တစ်ဦးအပြန်အလှန် ပါစင်နယ် တွယ်နေကြတာကို တွေ့လိုက်မိတယ် ။

ဘယ်သူမှားတယ်ဘယ်သူမှန်တယ်ဆိုတာထက် ကြွက်မိဖို့ကို ဘေးချိတ်ပြီး ကြောင်ဖြူကြောင်မဲ ငြင်းနေကြတယ်လို့ပဲ မြင်မိပါတယ် ။ တကယ်ဆို ရင် သက်ဆိုင်ရာတာဝန်ရှိသူတွေနဲ့ တာဝန်သိပြည်သူတွေက ပါ တက်ညီလက်ညီနဲ့ အတူတကွ ပူးပေါင်း ပါဝင် လုပ်ဆောင်ကြရင် ဖြင့် အခုထက်ပိုပြီး ထိရောက် အောင်မြင်နိုင်မှာပါ ။

အခုအချိန်မှာအိမ်နီးချင်းတရုတ်နိုင်ငံကနေ ဒလစပ် အတားအဆီးမရှိဘဲ (မင်းကြီးတာ မလုံလို့ ) ဝင်ချင်တိုင်း ဝင်လာ နေကြတဲ့အရမ်းအန္တရာယ်များတဲ့ တရုတ်အစားအစာ ပစ္စည်းမျိုးစုံတို့ကို
သာမက ပြည်တွင်းမှာ တားမြစ် ဆိုးဆေးတွေ Chemical တွေသုံးပြီးထုတ်လုပ်ဖြန့်ဖြူးရောင်းချနေကြတဲ့ ဝိသမလောဘသားတွေရဲ့ အစားအသောက်အသုံးအဆောင်ပစ္စည်း တွေအားလုံးကို စနစ်တကျ အမျိုးသားအဆင့်စီမံချက် တွေ စနစ်တကျ ရေးဆွဲပြီး ထိထိရောက်ရောက် လုပ်ဆောင်ထိန်းသိမ်း သင့်နေပါပြီ ။

ပြောရမယ်ဆိုရင်နောက်တောင်အတော်ကျနေပါပြီ။အခုတော့ ဒါလောက်တောင်အရေးကြီးတဲ့ ကိစ္စကို ဘယ်ပါတီ ဘယ်လွှတ်တော်အမတ်ကမှ အရေးကြီး အဆိုအဖြစ် တင်သွင်းတာလဲ မကြားမိ။ အရေးလုပ်ဆွေးနွေးပြောဆိုကြတယ်လို့လဲ မကြားမိ။

FDA အနေနဲ့လည်း ဒီလိုမျိုး ဆန်စဉ်တိုင်း ကျည်ပွေ့မလိုက်နိုင် ဆိုသလို ထိရောက်စွာ
မကာကွယ်ပေးနိုင်သေးသရွေ့ လုပ်ဆောင်နိုင်စွမ်းမရှိသေးသ၍
အသက်ကို ဥာဏ်စောင့် ဆိုတဲ့စကားကို လက်ကိုင်ထားတဲ့ သူတွေ နဲနဲပါးပါး လောက်ပဲ လူ့ သက်တန်းစေ့နေနိုင် လောက်ကြမယ်ထင်ပါရဲ့ ။

ခက်တာကလူများစုကလည်း တနေ့လုပ်မှ တစ်နေ့စားရပြီး နက်ဖြန်တွေကိုခက်ခက်ခဲခဲကျော်လွှားနေရသူတွေက ခပ်များများရယ် ။

ဟိုတစ်လောက ကိုသူရိန်လှိုင်ဝင်း ရေးထားတဲ့ စတေးတပ်လေးတစ်ခု သွားသတိရမိတယ် ။ ပြည်သူတွေ ရောဂါကင်းဝေးအောင် ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ပညာပေးနိုင်အောင် အစိုးရကသန်းခြောက်ဆယ်ရှိတဲ့မြန်မာပြည်သူတွေအတွက် ဆယ်ယောက်ကို ငွေငါးပြားနှုန်းနဲ့ တစ်နှစ်ကို ဘတ်ဂျက် ၃သိန်း တိတိချပေးတယ်ဆိုပဲ :D ။

ပြောလိုက်ရင်တော့ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင် ပြီး ပညာရည်မြင့်မားရေး ဘာအရေး ညာအရေး ဟိုအရေး ဒီအရေး ။်

နိုင်ငံသားတွေ ကျန်းမာကြံ့ခိုင် သန်စွမ်းကြပါမှ တိုင်းပြည်လဲ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာပါ ။
နို့မဟုတ်ရင်တော့ တနိုင်ငံလုံး လဒူတွေ ပဲရှိပြီး ဘယ်တော့မှ နလံမထူနိုင်ဘဲ ဆန့်ငင် ဆန့်ငင်နဲ့ အမြဲ သွက်ချာပါဒလိုက်နေတဲ့ ဖွတ်နိုင်ငံ ပဲဖြစ်နေမှာ မလွဲဧကန်ဘဲ ပါ ပဲ ခင်ဗျာ ။

အက်ဒမင်
(MyanmarDaily.net)

Photo Credit > ဧရာဝတီ
http://burma.irrawaddy.org/news/2013/11/25/51347.html

posted from Bloggeroid

No comments: