Thursday, November 21, 2013

" ခရီးများအဆုံးထိ လျှောက်မယ့် အဆိုတော်လင်းလင်း နဲ့
ပြင်ဦးလွင်ပွဲမတိုင်မီ တွေ့ဆုံခြင်း"

ယခင်အပတ်မှအဆက် ►

မေး- မန္တလေးမြို့သေဆုံခြင်း သီချင်းအပြီးမှာ မန္တလေးနဲ့ပတ်သက်ပြီး သီချင်းထပ်ရေးထားတာရှိလား။

မန္တလေးနဲ့ ပတ်သက်ပြီးသီချင်း ရေးချင်တာ။ အမှန်အတိုင်း ဝန်ခံရရင် မန္တလေးမြို့ သေဆုံခြင်း သီချင်းရေး တုန်းကလည်း ကိုယ့်ကိုမွေးတဲ့ မြို့၊ ကိုယ်ရှင်သန် ကြီးထွား တဲ့ မြို့ ဆိုပြီး အမွှမ်းတင်ပြီး အကောင်းတွေရေး မယ်ဆိုပြီး ရေးတာပဲ။ ဒါပေမဲ့ အဲဒီ လိုမျိုး ကြီးထွက်လာတာ။ ကျွန်တော့် မြို့ရဲ့ သဘာဝ အလှ၊ ရာဇဝင်တွေ နဲ့ ပတ်သက်ပြီး ရေးဖို့ရှိတယ်။ ဒါပေမဲ့ ထွက် မလာဘူး ဖြစ်နေတယ်။ ကျွန်တော် ထင်တယ်၊ အဲဒီလို စာသားတွေ ထွက်လာဖို့ မြို့သစ်ဘက် မှာ သွားနေရမယ် ထင်တယ် (ရယ်လျက်)။ မန္တလေးမြို့ သေဆုံးခြင်း သီချင်း အကြောင်းအရာတွေက စိတ်ထဲမှာ နှစ်များစွာ တည်ပြီး အောင်းနေခဲ့တာပါ။ ရေးတော့ တစ်ထိုင် တည်း ရေးဖြစ် သွားတာပါ။

မေး- ကိုလင်းလင်း အခု နောက်ပိုင်း ရှိုးပွဲတွေမှာ “ခရီးများ အဆုံးထိ” သီချင်းကို ဆို လာတာတွေ့ ရတယ်။ အဲဒီ သီချင်း ဆိုဖြစ်တာ နဲ့ ပတ်သက်ပြီး ကိုလင်းလင်း မှာ ပြော စရာ တစ်ခုခု များရှိမလား။

အဲဒီ သီချင်းက ဘဝနဲ့ပတ်သက် ပြီး အားပေးချင်တဲ့ သီချင်းတစ်ပုဒ်ပါ။ ရှိုးပွဲတွေမှာ နောက်ဆုံးပိတ် ဆိုရင် ပရိသတ် တွေကို ဝန်ပိနေတဲ့ အကြောင်းအရာ တွေ နဲ့ ပွဲပိတ်ပြီး ပရိသတ် ကို မပြန်စေ ချင်ဘူး ။အဲဒါက အဓိက ရည်ရွယ်ချက်။ ပရိသတ်တွေ မှာလည်း ဖိအားမျိုး စုံရှိတယ်။ ပွဲလာကြည့်တဲ့ အခါမှာခဏလေးဖြစ်ဖြစ် ..........

ဆက်ဖတ်ရန် > http://www.popularmyanmar.com/mpaper/?p=79653

posted from Bloggeroid

No comments: